• Follow Us on

Home သိမ်းဆည်းမိတဲ့ နေတိုးနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေကို လေ့လာပြီး ပိုမိုဖျက်အားပြင်းတဲ့ လက်နက်ခဲ ယမ်းတွေ ထုတ်နေပြီဖြစ်ကြောင်း ရုရှားပြော

သိမ်းဆည်းမိတဲ့ နေတိုးနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေကို လေ့လာပြီး ပိုမိုဖျက်အားပြင်းတဲ့ လက်နက်ခဲ ယမ်းတွေ ထုတ်နေပြီဖြစ်ကြောင်း ရုရှားပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၁၁

 

ယူကရိန်းစစ်မြေပြင်မှာ သိမ်းဆည်းရရှိတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေထုတ်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေ လေ့ လာမှုကို အခြေခံပြီး ရုရှားနိုင်ငံက အဖျက်စွမ်းအားပိုမိုပြင်းထန်တဲ့ လက်နက်ခဲယမ်းတွေကို ထုတ်လုပ်နေ ကြောင်း ရုရှားအစိုးရမီဒီယာ TASS သတင်းဌာနက ပြောကြားလိုက်ပါတယ်။

 

စစ်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ နေတိုးအဖွဲ့ရဲ့ စစ်လက်နက်ပစ္စည်းတွေကို reverse-engineering (ပစ္စည်းတွေ ကို တစ်စစီဖြုတ်လေ့လာပြီး နည်းပညာသစ်တွေအသုံးပြု ဆန်းသစ်တီထွင်ဖန်တီးတာ) ပြုလုပ်ပြီးနောက် ရုရှား စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး Rostec ကုမ္ပဏီဟာ ရုရှားနိုင်ငံရဲ့ တင့်အမြောက်ကျည်တွေကို စတင်အဆင့် မြှင့်တင်နေပြီဖြစ်ကြောင်း TASS က ပြောပါတယ်။

 

“ကျွန်တော်တို့အနေနဲ့ လက်ဦးမှုရယူပြီး ပိုမိုခေတ်မီတဲ့ လက်နက်ခဲယမ်းသစ်တွေကို ဖန်တီးထုတ်လုပ်နေပြီဖြစ် ပါတယ်။ ယူကရိန်းစစ်မြေပြင်မှာရှိတဲ့ ရုရှားစစ်သည်တွေဆီက အကြံပြုချက်တွေကိုလည်း ထည့်သွင်းစဉ်းစားနေ ပါတယ်။” လို့ Rostec ကုမ္ပဏီအရာရှိဘီခန်းအော့ဇ်ဒိုယက်ဗ်က ပြောပါတယ်။

 

Rostec ကုမ္ပဏီက ပိုမိုကောင်းမွန်တဲ့စစ်လက်နက်ပစ္စည်းနည်းပညာတွေကို ဆက်လက်ဒီဇိုင်းရေးဆွဲထုတ်လုပ် နေတဲ့အချိန်မှာ ယူကရိန်းအတွက် အဆင့်မြင့်တင့်ကားတွေထုတ်လုပ်ဖို့ အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေ ဟာ အချည်းနှီးဖြစ်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဇာပိုရီဇီယားဒေသမှာ ဂျာမန်ထုတ် လီယိုပတ်ဒ် (Leopard) တင့်ကားလေးငါးစီးနဲ့ အမေရိကန်ထုတ် Bradley သံချပ်ကာ ယာဉ်တချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း ရုရှားအစိုးရက ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက ကြေညာခဲ့ပါ တယ်။

 

ဂျာမန် Leopard တင့်ကားအများစုဟာ ဖျက်ဆီးခံရသလို သိမ်းပိုက်ခံလိုက်ရတဲ့အတွက် တိုက်ပွဲမဝင်နိုင်တော့ တာကြောင့် ယူကရိန်းစစ်တပ်အနေနဲ့ Leopard 2 ပင်မတိုက်ပွဲဝင်တင့်ကား အားလုံးနီးပါး ဆုံးရှုံးရတော့မယ့်အ ခြေအနေမှာ ရောက်ရှိနေကြောင်း ဂျာမန်လွှတ်တော်အမတ်တစ်ဦးက အခုနှစ်အစောပိုင်းက ပြောပါတယ်။

 

စစ်မြေပြင်ကသိမ်းဆည်းရရှိတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေက တန်ဖိုးရှိတဲ့နည်းပညာတွေ ကို ရရှိထားတယ်ဆိုတဲ့ သတင်းဟာ အနောက်နိုင်ငံထုတ် အထူးသဖြင့် အမေရိကန်ထုတ် Bradley သံချပ်ကာ ယာဉ်တွေကို ရုရှားအင်ဂျင်နီယာတွေက စိတ်မဝင်စားဘူးဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ဆန့်ကျင်ကွဲလွဲနေတယ်လို့ ဆို ပါတယ်။

 

အမေရိကန်ထုတ်သံချပ်ကာယာဉ်တွေဟာ ရုရှားထုတ်သံချပ်ကာယာဉ်တွေနဲ့ နှိုင်းယှဉ်ရင် ပစ်အား၊ ရွေ့လျားနိုင် မှု၊ ပြုပြင်ထိန်းသိမ်းမှုနဲ့ အသုံးပြုရလွယ်ကူမှုတို့မှာ သိသိသာသာ အဆင့်နိမ့်တယ်လို့ ရုရှားအင်ဂျင်နီယာတွေက ပြောပါတယ်။

 

Ref: Russia Developing ‘Deadlier’ Ammo After Studying ‘NATO Trophies’: Report

 

#PeopleMedia


Share this post