• Follow Us on

Home ယေန႔၊ မနက္ျဖန္ရွယ္ယာမ်ားျပန္မရလွ်င္္ YUPT ကုိ တရားစဲြဆို မည္ျဖစ္ေၾကာင္း ရွယ္ယာရွင္မ်ားေျပာဆုိ

ယေန႔၊ မနက္ျဖန္ရွယ္ယာမ်ားျပန္မရလွ်င္္ YUPT ကုိ တရားစဲြဆို မည္ျဖစ္ေၾကာင္း ရွယ္ယာရွင္မ်ားေျပာဆုိ

Share this post

ရန္ကုန္၊ မတ္ – ၁၃

YUPT ရွယ္ယာရွင္မ်ားအေနျဖင့္ မနက္ျဖန္ရွယ္ယာမ်ားျပန္မရပါက ဆႏၵျပတရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း ရွယ္ယာရွင္ ဦးထိန္၀င္းက ယေန႔ေျပာသည္။

တရားစြဲဆိုရာတြင္ကုမၸဏီတာ၀န္ရွိသူမ်ားကို စြဲဆိုသြားမည္ျဖစ္ကာ ရွယ္ယာမ်ားျပန္ရရွိရန္ ယေန႔ မတ္လ ၁၃ ရက္ႏွင့္ ၁၄ ရက္တို႔ ေစာင့္ဆိုင္းသြားမည္ျဖစ္ကာ အခ်ိန္ဆြဲေနပါက အထက္ပါအတိုင္း လုပ္ေဆာင္မည္ျဖစ္ေၾကာင္းလည္း ၎ကေျပာသည္။

“YRTA ႐ုံးကတာ၀န္ရွိသူေတြေပါ့ ေဒါက္တာေမာင္ေအာင္တို႔ကိုလည္းေျပာၿပီးသြားၿပီ ၀န္ၾကီးခ်ဳပ္ဆီကိုလည္း သူကိုစာေရးတယ္ ေဖေဖာ္၀ါရီလ(၈)ရက္ေန႔ထဲကေရးမယ္႔ထဲမွာ ၿငိမ္းစုစီလုပ္ၿပီးတရားစဲြသြားမယ္လို႔ေရးၿပီးေတာ့ ဦးၿဖိဳးမင္းသိန္းကိုလည္း အသိေပးခဲ့ၿပီးၿပီး အဲ့တိုင္းေဆာင္ရြက္သြားမယ္” ဟု YUPT ရွယ္ယာရွင္ဦးထိန္၀င္းကေျပာၾကားသည္။

ဒီေန႔နဲ႔ မနက္ျဖန္ႏွစ္ရက္ေစာင့္ၾကည့္လိုထူးျခားမႈမရွိခဲ့ရင္ ေနရာနွစ္ေနရာမွာ ဆႏၵျပမႈျပဳလုပ္မွာျဖစ္ၿပီး ပထမအႀကိမ္ ေက်ာက္တံတာၿမိဳ႕နယ္ ၿမိဳ႕ေတာ္ခန္းမ၊ မဟာဗႏၶဴလပန္းၿခံေရွ႕ႏွင္႔ ဒုတိယအႀကိမ္သကၤန္းကၽြန္းၿမိဳ႕နယ္ YRTA ႐ုံးေရွ႕မွာ ဆႏၵျပမႈျပဳလုပ္ဖို႔အစီအစဥ္လုပ္ထားေၾကာင္းလည္း၎ကေျပာၾကားခဲ့သည္။

#PeopleMedia

(Unicode)
ယနေ့၊ မနက်ဖြန်ရှယ်ယာများပြန်မရလျှင် YUPT ကို တရားစွဲဆို မည်ဖြစ်ကြောင်း ရှယ်ယာရှင်များပြောဆို
…………………………………………………

ရန်ကုန်၊ မတ် – ၁၃

YUPT ရှယ်ယာရှင်များအနေဖြင့် မနက်ဖြန်ရှယ်ယာများပြန်မရပါက ဆန္ဒပြတရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရှယ်ယာရှင် ဦးထိန်ဝင်းက ယနေ့ပြောသည်။

တရားစွဲဆိုရာတွင်ကုမ္ပဏီတာဝန်ရှိသူများကို စွဲဆိုသွားမည်ဖြစ်ကာ ရှယ်ယာများပြန်ရရှိရန် ယနေ့ မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တို့ စောင့်ဆိုင်းသွားမည်ဖြစ်ကာ အချိန်ဆွဲနေပါက အထက်ပါအတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

“YRTA ရုံးကတာဝန်ရှိသူတွေပေါ့ ဒေါက်တာမောင်အောင်တို့ကိုလည်းပြောပြီးသွားပြီ ဝန်ကြီးချုပ်ဆီကိုလည်း သူကိုစာရေးတယ် ဖေဖော်ဝါရီလ(၈)ရက်နေ့ထဲကရေးမယ့်ထဲမှာ ငြိမ်းစုစီလုပ်ပြီးတရားစွဲသွားမယ်လို့ရေးပြီးတော့ ဦးဖြိုးမင်းသိန်းကိုလည်း အသိပေးခဲ့ပြီးပြီး အဲ့တိုင်းဆောင်ရွက်သွားမယ်” ဟု YUPT ရှယ်ယာရှင်ဦးထိန်ဝင်းကပြောကြားသည်။

ဒီနေ့နဲ့ မနက်ဖြန်နှစ်ရက်စောင့်ကြည့်လိုထူးခြားမှုမရှိခဲ့ရင် နေရာနှစ်နေရာမှာ ဆန္ဒပြမှုပြုလုပ်မှာဖြစ်ပြီး ပထမအကြိမ် ကျောက်တံတာမြို့နယ် မြို့တော်ခန်းမ၊ မဟာဗန္ဓူလပန်းခြံရှေ့နှင့် ဒုတိယအကြိမ်သင်္ကန်းကျွန်းမြို့နယ် YRTA ရုံးရှေ့မှာ ဆန္ဒပြမှုပြုလုပ်ဖို့အစီအစဉ်လုပ်ထားကြောင်းလည်း၎င်းကပြောကြားခဲ့သည်။

#PeopleMedia


Share this post