• Follow Us on

Home ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA တိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရသည့် လုံခြုံရေးအဖွဲ့ဝင် ၁၅ ဦးကို AA က ပြန် လည်လွှဲပြောင်းပေးခဲ့

ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA တိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရသည့် လုံခြုံရေးအဖွဲ့ဝင် ၁၅ ဦးကို AA က ပြန် လည်လွှဲပြောင်းပေးခဲ့

Share this post

ရခိုင်၊ နိုဝင်ဘာ ၁၆ (People Media)

 

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများ၌ တပ်မတော်နှင့် AA တိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရသည့် လုံခြုံရေးအဖွဲ့ဝင် ၁၅ ဦးကို AA က နိုဝင်ဘာ ၁၅ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

 

ပြန်လည်လွှဲပြောင်းပေးခြင်းကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ရွာနှင့် ဒီပါရုံကျေးရွာကြား၊ ကျောက်ကွင်းနေရာအနီး၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၊ ညနေ ၇ နာရီ ၃၀ မိနစ်အချိန်တွင် ဆေးဗိုလ်ကြီး ရဲလင်းစိုးအပါအဝင် စစ်သား၊ ရဲသား စုစုပေါင်း (၁၅) ဦးကို AA မှ မြန်မာ့တပ်မတော် ဗိုလ်မှူးဇေခိုင်ဟိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။

 

ထိုကဲ့သို့ ပြန်လည်လွှဲပြောင်းပေးခြင်းနှင့်ပတ်သက်၍ AA က နှစ်ရှည်လများ သုံ့ပန်းအဖြစ် ဖမ်းဆီးအထိန်းသိမ်း ခံနေရသောသူများ၊ ကျန်းမာရေးအခြေအနေ ဆိုးဝါးသော သုံ့ပန်းများထဲမှ ဆေးဝါးကုသရန် အရေးတကြီး လို အပ်သောနေသောသူများကို လူသားချင်း စာနာထောက်ထားမှုအရသော်လည်းကောင်း၊ သုံ့ပန်းများကို ထိန်း သိမ်းထားသောနေရာပတ်ဝန်းကျင်၌ ကိုရိုနာကူးစက်ရောဂါ ကူးစက်မှုဖြစ်ပွားလာပါက ရောဂါပြင်းထန်သော သုံ့ပန်းများအား ဆေးဝါးကုသရန် ခက်ခဲနေမည်ကို စိုးရိမ်မိသောကြောင့်လည်းကောင်း၊ မတရားဖမ်းဆီးခံ ထားရသော ရခိုင်ဒေသအတွင်းနေ ပြည်သူလူထုများအားလုံးနှင့် မြန်မာအစိုးရအကျဉ်းထောင်များထဲရှိ မိမိတို့ ULA/AA တပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရေးကို လိုလားသောကြောင့်လည်းကောင်း စသည်တို့ကြောင့် ပြန်လည်လွှဲပြောင်းပေးခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

အလားတူ လက်ရှိအချိန်၌ တပ်မတော်ကလည်း ဖမ်းဆီးထိန်းသိမ်းထားသည့် AA အဖွဲ့နှင့် ပတ်သက်သူများကို ပြန်လည်လွတ်ငြိမ်းခွင့်ပြုလျက်ရှိပါတယ်။

 

#PeopleMedia #Peace #ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး

(unicode)


………………………………………………….

 


 


 


 


 


 



Share this post