• Follow Us on
Latest News

Home ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္းရွိ တပ္မေတာ္သား ၄ ဦးတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိ

ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္းရွိ တပ္မေတာ္သား ၄ ဦးတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိ

Share this post

ေနျပည္ေတာ္၊ ဇြန္ ၁

ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္းရွိ အသြားအလာကန္႔သတ္ထားသည့္ တပ္မေတာ္သား ၄ ဦးတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ သတင္းထုတ္ျပန္လိုက္သည္။

ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္းရွိ တပ္မေတာ္သား ၁၈ ဦးသည္ အိႏၵိယႏိုင္ငံမွ သင္တန္းတက္ေရာက္ ၿပီး ေမ ၂၄ ရက္တြင္ ျမန္မာ့အမ်ိဳးသားေလေၾကာင္းျဖင့္ ျပန္လည္ေရာက္ရွိလာသည့္အတြက္ ၎တို႔ကို အသြား အလာကန္႔သတ္ သီးျခားေစာင့္ၾကည့္ထားလ်က္ရွိၿပီး အဆိုပါတပ္မေတာ္သားမ်ား၏ ႏွာေခါင္းတို႔ဖတ္၊ အာေခါင္ တို႔ဖတ္မ်ားရယူ၍ ၎ေန႔တြင္ပင္ ပထမအႀကိမ္ စစ္ေဆးခဲ့ရာ COVID-19 ေရာဂါပိုး မေတြ႕ရွိရေၾကာင္း သိရွိရ သည္။

သို႔ရာတြင္ ေမလ ၃၀ ရက္ေန႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ခ်က္အရ အဆိုပါတပ္မေတာ္ သားမ်ား စီးနင္းလိုက္ပါလာသည့္ ေလယာဥ္ျဖင့္ လိုက္ပါလာသူမ်ားအနက္ အရပ္သား အမ်ိဳးသား ၉ ဦး၊ အမ်ိဳး သမီး ၈ ဦးတို႔တြင္ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့သည့္အတြက္ ၎တပ္မေတာ္သားမ်ားအား ဒုတိယအႀကိမ္ ႏွာေခါင္းတို႔ဖတ္၊ အာေခါင္တို႔ဖတ္မ်ားရယူ၍အမ်ိဳးသားဓာတ္ခြဲဌာန(NHL)သို႔ ေပးပို႔စမ္းသပ္စစ္ေဆးရာ ဇြန္လ ၁ ရက္ေန႔ နံနက္ ၇ နာရီခြဲတြင္ ဓာတ္ခြဲအတည္ျပဳ ထုတ္ျပန္ခ်က္အရ အရာရွိ၊ စစ္သည္ ၁၈ ဦး အနက္ ၄ ဦးတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့ျခင္းလည္းျဖစ္သည္။

၎ အရာရွိ၊ စစ္သည္မ်ားအား တပ္မေတာ္မွ COVID-19 ေရာဂါ အထူးကုသရန္ႀကိဳတင္စီစဉ္ထားသည့္ တပ္မေတာ္အသည္းေရာဂါအထူးကုေဆး႐ုံႀကီး(မဂၤလာဒုံ)သို႔ ပို႔ေဆာင္၍ ကုသမႈခံယူလ်က္ရွိေၾကာင္းႏွင့္ ၎တို႔၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္ေကာင္းမြန္လ်က္ရွိ ေၾကာင္းသိရွိရသည္။

၎တို႔ႏွင့္ ဆက္စပ္ထိေတြ႕မႈရွိခဲ့သူမ်ားကိုလည္း လိုအပ္သည့္ေရာဂါရွာေဖြ ေဖာ္ထုတ္ျခင္း၊ အသြားအလာ ကန္႔သတ္ေစာင့္ၾကပ္ၾကည့္ရႈျခင္းမ်ား ဆက္လက္ေဆာင္ရြက္ လ်က္ရွိေၾကာင္းတပ္မေတာ္မွ သတင္းထုတ္ ျပန္ခဲ့သည္။

#PeopleMedia # တပ္မေတာ္သား #COVID-19

(unicode)
ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်မတော်သား ၄ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ
…………………………………………………….

နေပြည်တော်၊ ဇွန် ၁

ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ အသွားအလာကန့်သတ်ထားသည့် တပ်မတော်သား ၄ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်မတော်သား ၁၈ ဦးသည် အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက် ပြီး မေ ၂၄ ရက်တွင် မြန်မာ့အမျိုးသားလေကြောင်းဖြင့် ပြန်လည်ရောက်ရှိလာသည့်အတွက် ၎င်းတို့ကို အသွား အလာကန့်သတ် သီးခြားစောင့်ကြည့်ထားလျက်ရှိပြီး အဆိုပါတပ်မတော်သားများ၏ နှာခေါင်းတို့ဖတ်၊ အာခေါင် တို့ဖတ်များရယူ၍ ၎င်းနေ့တွင်ပင် ပထမအကြိမ် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်း သိရှိရ သည်။

သို့ရာတွင် မေလ ၃၀ ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ အဆိုပါတပ်မတော် သားများ စီးနင်းလိုက်ပါလာသည့် လေယာဉ်ဖြင့် လိုက်ပါလာသူများအနက် အရပ်သား အမျိုးသား ၉ ဦး၊ အမျိုး သမီး ၈ ဦးတို့တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့်အတွက် ၎င်းတပ်မတော်သားများအား ဒုတိယအကြိမ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များရယူ၍အမျိုးသားဓာတ်ခွဲဌာန(NHL)သို့ ပေးပို့စမ်းသပ်စစ်ဆေးရာ ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီခွဲတွင် ဓာတ်ခွဲအတည်ပြု ထုတ်ပြန်ချက်အရ အရာရှိ၊ စစ်သည် ၁၈ ဦး အနက် ၄ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။

၎င်း အရာရှိ၊ စစ်သည်များအား တပ်မတော်မှ COVID-19 ရောဂါ အထူးကုသရန်ကြိုတင်စီစဉ်ထားသည့် တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ကုသမှုခံယူလျက်ရှိကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိ ကြောင်းသိရှိရသည်။

၎င်းတို့နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းတပ်မတော်မှ သတင်းထုတ် ပြန်ခဲ့သည်။

#PeopleMedia # တပ်မတော်သား #COVID-19


Share this post