• Follow Us on

Home ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ကယားပြည်နယ် ဝန်ကြီးချုပ်နေရာများကို တပ်မတော်အကြီးအကဲနှစ်ဦးအား တာဝန်ပေး

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ကယားပြည်နယ် ဝန်ကြီးချုပ်နေရာများကို တပ်မတော်အကြီးအကဲနှစ်ဦးအား တာဝန်ပေး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ (People Media)

 

တာဝန်မှ အနားပေးလိုက်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ကယားပြည်နယ်ဝန်ကြီးချုပ်တို့၏ နေရာကို တပ်မတော်အရာရှိတွေဖြစ်ကြတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးစိုးသိန်းနဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်တို့ ဖြစ်ပါတယ်။

 

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးစိုးသိန်းသည် DSA အပတ်စဉ် ၂၄ ကျောင်းဆင်း ဖြစ်ပြီး စီးပွားရေးဦးပိုင် ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်သည် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ် သလို DSA ၃၂ ကျောင်းဆင်းဖြစ်ပါတယ်။

 

ဇန်နဝါရီ ၃၁ ရက်နေ့က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးနှင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး(ခ) ဦးဘူးရယ်တို့ကို တာဝန်မှ အနားပေးလိုက်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့၌ လစ်လပ်သွားသည့် ဝန်ကြီးချုပ် နှစ် နေရာကို န-စ-ကမှ ပြန်လည် ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။

 

#PeopleMedia #နစက #တိုင်းဝန်ကြီးချုပ်

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post