• Follow Us on

Home ရန်ကုန်တိုင်းအတွင်း ယမန်နေ့တစ်ရက်ထဲ မီးလောင်မှု (၈) ကြိမ် ဖြစ်ပွားခဲ့ပြီး၊ Level 3 ယာဉ်အုပ်စုများပါ မီး ငြိမ်းသတ်မှုများ ပြုလုပ်ခဲ့ရ

ရန်ကုန်တိုင်းအတွင်း ယမန်နေ့တစ်ရက်ထဲ မီးလောင်မှု (၈) ကြိမ် ဖြစ်ပွားခဲ့ပြီး၊ Level 3 ယာဉ်အုပ်စုများပါ မီး ငြိမ်းသတ်မှုများ ပြုလုပ်ခဲ့ရ

Share this post

ရန်ကုန်၊ မတ် ၁

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယမန်နေ့ တစ်ရက်ထဲ မီးလောင်မှု (၈) ကြိမ်ဖြစ်ပွားခဲ့ပြီး၊ Level 3 ယာဉ်အုပ်စု များပါ ထွက်ခွာပြီး မီးငြိမ်းသတ်မှုများ ပြုလုပ်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုများမှာ နံနက် ၉ နာရီဝန်းကျင်အချိန်မှ စတင်၍ ည ၂၀ နာရီကျော်အချိန်ထိ မြို့နယ် အသီးသီးတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၈ ရက်နေ့၏ ပထမဦးဆုံး မီးလောင်ကျွမ်းမှုမှာ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မင်္ဂလာဒုံ မြို့နယ်၊ ပျဉ်းမပင်ကျေးရွာအနီးတွင် တောမီးလောင်မှုဖြစ်ပြီး၊ ယင်းဖြစ်စဉ်နောက်တွင် တာမွေမြို့နယ်၊ မာန် အောင်ရပ်ကွက်၊ စက်ဝန်း (၃) လမ်း၊ Super One အနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 2 ယာဉ်အုပ်စုများ ထွက်ခွာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

 

ဆက်လက်ပြီး နံနက် ၉ နာရီ ၅၄ အချိန်ခန့်က လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အပိုင်း(၄)၊ မြဝတီမင်းကြီးလမ်း တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 3 ယာဉ်အုပ်စုများပါ ထွက်ခွာမီးငြိမ်းသတ်ခဲ့ရသလို မွန်းလဲ ၁၃ နာရီ  ၅၂ အချိန်ခန့်၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအနီး ကိုင်းတောမီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ပြီး၊ မွန်းလဲ ၁၅ နာရီ ၈မိနစ် အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာအနီး ကိုင်းတောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

 

ထို့နောက် မွန်းလဲ ၁၅ နာရီ ၄၆ အချိန်ခန့်၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာတွင် နေအိမ်မီးလောင်မှု၊ ညနေ ၁၈နာရီ ၁၉ အချိန်ခန့်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန်(၂)၊ သုစိတ္တာလမ်းတွင် မီးလောင်မှု၊ ညနေ ၂၀ နာရီ ၀၅ အချိန်ခန့်က အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မြို့ပတ်လမ်းတွင် မီးလောင်မှုတို့ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post