• Follow Us on

Home ရန္ကုန္တိုင္းေဒသႀကီးအတြင္း ညမထြက္ရအမိန္႔အား ေဖာက္ဖ်က္က်ဴးလြန္သူမ်ားအား ေထာင္ဒဏ္တစ္လ ခ်မွတ္၊ ႏွစ္ရက္အတြင္း စုစုေပါင္း ၉၇၁ ဦးရွိ

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ညမထြက္ရအမိန္႔အား ေဖာက္ဖ်က္က်ဴးလြန္သူမ်ားအား ေထာင္ဒဏ္တစ္လ ခ်မွတ္၊ ႏွစ္ရက္အတြင္း စုစုေပါင္း ၉၇၁ ဦးရွိ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၄

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ညမထြက္ရအမိန္႔အား ေဖာက္ဖ်က္က်ဴးလြန္သူမ်ားအား ေထာင္ဒဏ္ တစ္လ ခ်မွတ္ခဲ့ၿပီး ႏွစ္ရက္အတြင္း ဖမ္းဆီးခံရသူ စုစုေပါင္း ၉၇၁ ဦးရွိၿပီျဖစ္သည္။

စက္တင္ဘာ ၃ ရက္ေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း က်ား (၃၀၈)ဦး၊ မ(၁၆)ဦး၊ စုစုေပါင္း (၃၂၄) ဦး၊ ေမာ္ေတာ္ယာဥ္ (၇၃) စီး၊ ဆိုင္ကယ္ (၂၄) စီးတို႔အား ရာဇာသတ္ႀကီးပုဒ္မ ၁၈၈ ျဖင့္အေရးယူခဲ့ၿပီး ႏွစ္ရက္အ တြင္းစုစုေပါင္း အေရးယူထားသူ ၉၇၁ ဦးရွိၿပီျဖစ္သည္။

အဆိုပါ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ညမထြက္ရအမိန္႔အား ေဖာက္ဖ်က္က်ဴးလြန္သူ စက္တင္ဘာ ၂ ရက္ေန႔တြင္ က်ား(၆၁၈)ဦး၊ မ(၂၉)ဦး၊ စုစုေပါင္း (၆၄၇)ဦးႏွင့္ ေမာ္ေတာ္ယာဥ္ ၁၁၁ စီး၊ ဆိုင္ကယ္ (၁၈) စီးတို႔အား ၎ပုဒ္မျဖင့္ အေရးယူထားေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Photo – YangonPolice

#PeopleMedia #YangonPolice

(unicode)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူများအား ထောင်ဒဏ်တစ်လ ချမှတ်၊ နှစ်ရက်အတွင်း စုစုပေါင်း ၉၇၁ ဦးရှိ
………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူများအား ထောင်ဒဏ် တစ်လ ချမှတ်ခဲ့ပြီး နှစ်ရက်အတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၉၇၁ ဦးရှိပြီဖြစ်သည်။

စက်တင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျား (၃၀၈)ဦး၊ မ(၁၆)ဦး၊ စုစုပေါင်း (၃၂၄) ဦး၊ မော်တော်ယာဉ် (၇၃) စီး၊ ဆိုင်ကယ် (၂၄) စီးတို့အား ရာဇာသတ်ကြီးပုဒ်မ ၁၈၈ ဖြင့်အရေးယူခဲ့ပြီး နှစ်ရက်အ တွင်းစုစုပေါင်း အရေးယူထားသူ ၉၇၁ ဦးရှိပြီဖြစ်သည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူ စက်တင်ဘာ ၂ ရက်နေ့တွင် ကျား(၆၁၈)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း (၆၄၇)ဦးနှင့် မော်တော်ယာဉ် ၁၁၁ စီး၊ ဆိုင်ကယ် (၁၈) စီးတို့အား ၎င်းပုဒ်မဖြင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Photo – YangonPolice

#PeopleMedia #YangonPolice


Share this post