• Follow Us on

Home ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄) အား (၄) နာရီ အလှည့်ကြစနစ်ဖြင့် ဓာတ်အားပေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄) အား (၄) နာရီ အလှည့်ကြစနစ်ဖြင့် ဓာတ်အားပေးမည်

Share this post

ရန်ကုန်၊ မတ် ၁၉

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် (၄) အား (၄) နာရီ အလှည့်ကြစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။

 

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရာတွင် အများပြည်သူအတွက် A အုပ်စုနှင့် B အုပ်စုဟူ၍ အချိန်ခွဲခြားကာ (၄) နာရီ လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်သလို (၄) နာရီ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မည့်ပုံစံဖြင့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး၊ စက်မှုဇုံများကို နံနက် ၉ နာရီမှ ညနေ ၅ နာရီထိပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

အရှ့ပိုင်းခရိုင်တွင် ရန်ကင်း၊ သင်္ဃန်းကျွန်း၊ သာကေတ၊ တာမွေ၊ တောင်ဥက္ကလာ၊ ပုဇွန်တောင်၊ မြောက်ဥက္က လာပ၊ မင်္ဂလာတောင်ညွှန့်၊ ဒေါပုံ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့ သစ်အရှေ့ပိုင်း၊ ဗိုလ်တထောင်မြို့နယ်တို့ ပါဝင်ပြီး၊ အနောက်ပိုင်းခရိုင်တွင် အလုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံ မြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကျောက်တံတား၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ ပန်းဘဲတန်း၊ စမ်းချောင်းတို့ပါဝင်ကြောင်း သိရသည်။

 

တောင်ပိုင်းခရိုင်တွင် ကိုကိုးကျွန်း၊ ဒလ၊ ကော့မှူး၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သန်လျင်၊ ဆိပ်ကြီး ခနောင်တို၊ သုံးခွ၊ တွံ့တေးမြို့နယ်များ ပါဝင်ပြီး မြောက်ပိုင်းခရိုင်တွင် လှိုင်သာယာ၊ လှည်းကူး၊ မှော်ဘီ၊ ထန်းတပင်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ တိုက်ကြီးမြို့နယ်များ ပါဝင်ကြောင်း သိရသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရာတွင် LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊ ဘီလူးချောင်းရေအား လျှပ်စစ်ဓာတ် အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)-ရွှေမြို့ ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)-တောင်ငူ ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ဘီလူး ချောင်း(၂)-တီကျစ် ဓာတ်အားလိုင်းများသည် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် လုံခြုံရေးရယူ၍ ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါ ဓာတ်အားလိုင်း (၃) လိုင်းမှ  နိုင်ငံတော် ဓာတ်အားစနစ်သို့ ပုံမှန်ပို့လွှတ်လျက်ရှိသည့် (၂၂၀) မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ် တောက်လျက်ရှိရာ စုစုပေါင်းဓာတ်အား ထုတ်လုပ်နိုင်မှု (၉၇၀) မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်းနေသဖြင့် ဝန်အားထိန်းညှိခြင်းများ ဆောင်ရွက်၍ အလှည့်ကျဓာတ်အား ဖြန့်ဖြူးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post