• Follow Us on

Home ရန္ကုန္တြင္ေနထိုင္သည့္ ႏိုင္ငံျခားသားစာရင္း အတိက်ရရွိေရး လုပ္ေဆာင္

ရန္ကုန္တြင္ေနထိုင္သည့္ ႏိုင္ငံျခားသားစာရင္း အတိက်ရရွိေရး လုပ္ေဆာင္

Share this post

ရန္ကုန္၊ ေဖေဖာ္ဝါရီ – ၂၁

ရန္ကုန္တိုင္းေဒသႀကီးတြင္ ေနထိုင္ေနသည့္ ႏိုင္ငံျခားသားမ်ားစာရင္း အတိအက်ရရွိေရး ဌာနဆိုင္ရာခ်င္း ခ်ိတ္ဆက္လုပ္ေဆာင္ေနေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာနမွသိရသည္။

ကုမၸဏီႏွင့္ စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ အလုပ္လုပ္ကိုင္ေနထိုင္ေသာ ႏိုင္ငံျခားသားေနထိုင္မႈစာရင္းမ်ားရရွိေရး အတြက္ သက္ဆိုင္ရာ ကုမၸဏီ၊ စက္႐ုံအလုပ္႐ုံမ်ားမွ တာဝန္ခံ၊ မန္ေနဂ်ာမ်ားႏွင့္ ခ်ိတ္ဆက္ကာ Form-C တိုင္ၾကားမႈမ်ားမွလည္းေကာင္း၊ ေနအိမ္မ်ားတြင္ ငွားရမ္းေနထိုင္သည့္ ႏိုင္ငံျခားသားမ်ား စာရင္းရရွိေရး ရပ္ ကြက္/ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးမ်ားမွတဆင့္ ဆယ္အိမ္မွဴးအပိုင္းအလိုက္ ရပ္ကြက္/ေက်းရြာအတြင္း ေရာက္ရွိေနထိုင္မႈကို မွတ္တမ္းတင္ၿပီး အမည္စာရင္း ရယူေနျခင္းျဖစ္သည္။

ထို႔ျပင္ ဟိုတယ္၊ မိုတယ္၊ အင္းႏွင့္ တည္းခိုခန္းမ်ားသို႔ ေရာက္ရွိတည္းခိုေနထိုင္ေသာ ႏိုင္ငံျခားသားမ်ား စာရင္း ရရွိေရးအတြက္လည္း တည္းခိုခန္းပိုင္ရွင္၊ တာဝန္ခံ ၊မန္ေနဂ်ာမွ ႏိုင္ငံျခားသားဧည့္စာရင္းအား ေပးပို႔ေစျခင္း ျဖင့္လည္းေကာင္း စာရင္းရယူေဆာင္ရြက္ေနေၾကာင္းသိရသည္။

“ႏိုင္ငံျခားသားေတြ ျမန္မာႏိုင္ငံအတြင္း ကာလၾကာရွည္စြာ ေနထိုင္အလုပ္လုပ္ကိုင္ႏိုင္ရန္အတြက္ ႏိုင္ငံျခား သားမ်ား အၿမဲေနထိုင္ခြင့္ကို (PR) ဆိုင္ရာ နည္းဥပေဒအရ ခြင့္ျပဳတယ္။ သူတို႔ကိုလူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္ သူ႔အင္အားဆိုင္ရာ၏ရဲ႕ ရည္မွန္းခ်က္တာဝန္(၉)ရပ္မွာ ပါဝင္တဲ့ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ သက္ဆိုင္တဲ့ ရည္မွန္း ခ်က္ တာဝန္(၃)ရပ္အရ ႏိုင္ငံျခားသားမ်ား၊ ႏိုင္ငံျခားသားမ်ား ျပည္တြင္း၊ ျပည္ပဝင္၊ ထြက္မႈကို ဥပေဒျပ႒ာန္း ခ်က္မ်ားႏွင့္အညီ အေရးယူေဆာင္ရြက္ျခင္း၊ ဥပေဒမဲ့ဝင္ေရာက္သူမ်ားအား ေဖာ္ထုတ္၍ ဥပေဒျပ႒ာန္းခ်က္မ်ား ႏွင့္အညီ အေရးယူေဆာင္ရြက္ျခင္း၊ ႏိုင္ငံျခားသားမ်ား ျပည္တြင္းမွာ ေနထိုင္၊ သြားလာလႈပ္ရွားမႈမ်ားကို ဥပေဒျပ ႒ာန္းခ်က္မ်ားႏွင့္အညီ ၾကပ္မတ္ထိန္းသိမ္းေနပါတယ္။

“လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ေျပာသည္။ လက္ရွိစာရင္းမ်ား အရ ရန္ကုန္တိုင္းေဒသႀကီး၌ ကာလၾကာရွည္စြာေနထိုင္လ်က္ရွိေသာ ႏိုင္ငံျခားသားအေနျဖင့္ စုစုေပါင္း ၃၇၆၅ ဦးရွိေၾကာင္းသိရသည္။

ႏိုင္ငံျခားသားမ်ားအား တည္ဆဲဥပေဒႏွင့္အညီ ေနထိုင္‌ေစေရးႏွင့္ အလုပ္လုပ္ကိုင္ေစေရးအတြက္ ဖြဲ႕စည္းထား ရွိသည့္ ၿမိဳ႕နယ္အဆင့္၊ ခ႐ိုင္အဆင့္ ႏိုင္ငံျခားသားႀကီးၾကပ္ထိန္းသိမ္းေရးေကာ္မတီမွ ႏိုင္ငံျခားသားတည္းခို အလုပ္လုပ္ကိုင္ေနသည့္ စက္႐ုံ၊ အလုပ္႐ုံမ်ား၊ တည္းခိုေနထိုင္ေသာ ေနအိမ္တိုက္ခန္းမ်ားတြင္ ဗီဇာစည္း ကမ္းခ်က္ႏွင့္အညီ အလုပ္လုပ္ကိုင္ျခင္းရွိ၊မရွိ ၾကပ္မတ္ေနေၾကာင္းသိရသည္။

ႏိုင္ငံျခားသားမ်ား ျမန္မာႏိုင္ငံအတြင္းကာလၾကာရွည္စြာ ေနထိုင္အလုပ္လုပ္ကိုင္ႏိုင္ရန္အတြက္ ႏိုင္ငံျခားသား မ်ားအၿမဲေနထိုင္ခြင့္(PR)ဆိုင္ရာနည္းဥပေဒအရႏိုင္ငံျခားသား အၿမဲေနထိုင္ခြင့္ျပဳျခင္းဆိုင္ရာ အေကာင္အထည္ ေဖာ္ေရးလုပ္ငန္းေကာ္မတီ၊ ဗဟိုေကာ္မတီအဆင့္ဆင့္သို႔ တင္ျပ၍ ႏိုင္ငံေတာ္သမၼတ႐ုံး၊ ျပည္ေထာင္စုအစိုးရ အဖြဲ႕႐ုံးတို႔၏ အတည္ျပဳခ်က္ျဖင့္ ႏိုင္ငံျခားသားအၿမဲေနထိုင္ခြင့္အား ခြင့္ျပဳေပးေနေၾကာင္းသိရသည္။

Jasmine

#PeopleMedia

(Unicode)
ရန်ကုန်တွင်နေထိုင်သည့် နိုင်ငံခြားသားစာရင်း အတိကျရရှိရေး လုပ်ဆောင်
…………………………………………………

ရန်ကုန်၊ ဖေဖော်ဝါရီ – ၂၁

ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်နေသည့် နိုင်ငံခြားသားများစာရင်း အတိအကျရရှိရေး ဌာနဆိုင်ရာချင်း ချိတ်ဆက်လုပ်ဆောင်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနမှသိရသည်။

ကုမ္ပဏီနှင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေထိုင်သော နိုင်ငံခြားသားနေထိုင်မှုစာရင်းများရရှိရေး အတွက် သက်ဆိုင်ရာ ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံများမှ တာဝန်ခံ၊ မန်နေဂျာများနှင့် ချိတ်ဆက်ကာ Form-C တိုင်ကြားမှုများမှလည်းကောင်း၊ နေအိမ်များတွင် ငှားရမ်းနေထိုင်သည့် နိုင်ငံခြားသားများ စာရင်းရရှိရေး ရပ် ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် ဆယ်အိမ်မှူးအပိုင်းအလိုက် ရပ်ကွက်/ကျေးရွာအတွင်း ရောက်ရှိနေထိုင်မှုကို မှတ်တမ်းတင်ပြီး အမည်စာရင်း ရယူနေခြင်းဖြစ်သည်။

ထို့ပြင် ဟိုတယ်၊ မိုတယ်၊ အင်းနှင့် တည်းခိုခန်းများသို့ ရောက်ရှိတည်းခိုနေထိုင်သော နိုင်ငံခြားသားများ စာရင်း ရရှိရေးအတွက်လည်း တည်းခိုခန်းပိုင်ရှင်၊ တာဝန်ခံ ၊မန်နေဂျာမှ နိုင်ငံခြားသားဧည့်စာရင်းအား ပေးပို့စေခြင်း ဖြင့်လည်းကောင်း စာရင်းရယူဆောင်ရွက်နေကြောင်းသိရသည်။

“နိုင်ငံခြားသားတွေ မြန်မာနိုင်ငံအတွင်း ကာလကြာရှည်စွာ နေထိုင်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံခြား သားများ အမြဲနေထိုင်ခွင့်ကို (PR) ဆိုင်ရာ နည်းဥပဒေအရ ခွင့်ပြုတယ်။ သူတို့ကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဆိုင်ရာ၏ရဲ့ ရည်မှန်းချက်တာဝန်(၉)ရပ်မှာ ပါဝင်တဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် သက်ဆိုင်တဲ့ ရည်မှန်း ချက် တာဝန်(၃)ရပ်အရ နိုင်ငံခြားသားများ၊ နိုင်ငံခြားသားများ ပြည်တွင်း၊ ပြည်ပဝင်၊ ထွက်မှုကို ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ ဥပဒေမဲ့ဝင်ရောက်သူများအား ဖော်ထုတ်၍ ဥပဒေပြဋ္ဌာန်းချက်များ နှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံခြားသားများ ပြည်တွင်းမှာ နေထိုင်၊ သွားလာလှုပ်ရှားမှုများကို ဥပဒေပြ ဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်ထိန်းသိမ်းနေပါတယ်။

“လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။ လက်ရှိစာရင်းများ အရ ရန်ကုန်တိုင်းဒေသကြီး၌ ကာလကြာရှည်စွာနေထိုင်လျက်ရှိသော နိုင်ငံခြားသားအနေဖြင့် စုစုပေါင်း ၃၇၆၅ ဦးရှိကြောင်းသိရသည်။

နိုင်ငံခြားသားများအား တည်ဆဲဥပဒေနှင့်အညီ နေထိုင်စေရေးနှင့် အလုပ်လုပ်ကိုင်စေရေးအတွက် ဖွဲ့စည်းထား ရှိသည့် မြို့နယ်အဆင့်၊ ခရိုင်အဆင့် နိုင်ငံခြားသားကြီးကြပ်ထိန်းသိမ်းရေးကော်မတီမှ နိုင်ငံခြားသားတည်းခို အလုပ်လုပ်ကိုင်နေသည့် စက်ရုံ၊ အလုပ်ရုံများ၊ တည်းခိုနေထိုင်သော နေအိမ်တိုက်ခန်းများတွင် ဗီဇာစည်း ကမ်းချက်နှင့်အညီ အလုပ်လုပ်ကိုင်ခြင်းရှိ၊မရှိ ကြပ်မတ်နေကြောင်းသိရသည်။

နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်းကာလကြာရှည်စွာ နေထိုင်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံခြားသား များအမြဲနေထိုင်ခွင့်(PR)ဆိုင်ရာနည်းဥပဒေအရနိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီအဆင့်ဆင့်သို့ တင်ပြ၍ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးတို့၏ အတည်ပြုချက်ဖြင့် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်အား ခွင့်ပြုပေးနေကြောင်းသိရသည်။

Jasmine

#PeopleMedia


Share this post