• Follow Us on

Home ရန်ကုန်မြို့ရှိ နိုင်ဂရုအဆောင်အဦးခေါင်မိုး၌ ဗလီဆောက်နေခြင်းမဟုတ်ဘဲ မိုးကြိုးလွှဲကို ပုံဖော်ထားခြင်း ဖြစ် ကြောင်း စစ်ဆေးတွေ့ရှိ၊ ဗလီဆောက်နေကြောင်း လူမှုကွန်ယက်၌ ရေးသားနေမှုသည် သတင်းအမှားသာဖြစ်

ရန်ကုန်မြို့ရှိ နိုင်ဂရုအဆောင်အဦးခေါင်မိုး၌ ဗလီဆောက်နေခြင်းမဟုတ်ဘဲ မိုးကြိုးလွှဲကို ပုံဖော်ထားခြင်း ဖြစ် ကြောင်း စစ်ဆေးတွေ့ရှိ၊ ဗလီဆောက်နေကြောင်း လူမှုကွန်ယက်၌ ရေးသားနေမှုသည် သတင်းအမှားသာဖြစ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆ (People Media)

 

ရန်ကုန်မြို့၊ ပန်းဆိုးတန်းတံတားအဆင်းတွင် ဆောက်လုပ်ထားသည့် Naing Group Construction ပိုင် အဆောက်အဦးခေါင်းမိုးထပ်တွင် Steel Structure ဖြင့် ဆောင်လုပ်ထားသည့် ဗလီအအောက်အအုံပုံစံ ဆောင်လုပ်ထားခြင်း မဟုတ်ဘဲ မိုးကြိုးလွှဲကို ပုံဖော်တည်ဆောက်ထားခြင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားသည်။

 

အဆိုပါကိစ္စနှင့် ပက်သက်ပြီး ဝန်ကြီးချုပ်စာမျက်နှာတွင် ရေးသားသည်မှာ “ထင်ယောင်ထင်မှား ခံစားမနေနဲ့ အမေးရှိရင် အဖြေရှိပါတယ်” လို့ ရှင်းလင်း ပြောကြားထားသည်။

 

ပန်းဆိုးတန်းတံတားအဆင်းတွင် ဆောက်လုပ်ထားသည့် Naing Group Construction ပိုင် အဆောက်အဦး ခေါင်းမိုးထပ်တွင် Steel Structure ဖြင့် ဗလီဆောက်လုပ်ထားကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ယက်၌ ရေးသားခဲ့ကြသည်။ အဆိုပါ ရေးသားနေမှုများသည် သတင်းအမှားသာဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုထားသည်။

 

#PeopleMedia #နိုင်ဂရု

 

(unicode)


…………………………………………………………………………

 


 


 


 


 



Share this post