• Follow Us on

Home ရန်ကုန်မြို့တော် မိုင် (၃၀) ဝန်းကျင် စိမ်းလန်းစိုပြည်ရေးစီမံကိန်းအတွင်း မိုးစပါးစိုက်ဧက (၁၁) သိန်းကျော် အပါအဝင် နွေ၊ မိုး၊ ဆောင်းသီးနှံစုံစိုက်ဧရိယာစုစုပေါင်း (၁၉၇၂၆၁၉) ဧက ပါဝင်

ရန်ကုန်မြို့တော် မိုင် (၃၀) ဝန်းကျင် စိမ်းလန်းစိုပြည်ရေးစီမံကိန်းအတွင်း မိုးစပါးစိုက်ဧက (၁၁) သိန်းကျော် အပါအဝင် နွေ၊ မိုး၊ ဆောင်းသီးနှံစုံစိုက်ဧရိယာစုစုပေါင်း (၁၉၇၂၆၁၉) ဧက ပါဝင်

Share this post

နေပြည်တော်၊ မတ် ၃

 

ရန်ကုန်မြို့တော် မိုင် ၃၀ ဝန်းကျင် စိမ်းလန်း စိုပြည်ရေးလုပ်ငန်းစီမံကိန်း ဧရိယာအတွင်း မိုးစပါး စိုက်ဧက ၁၁ သိန်းကျော် အပါအဝင် နွေ၊ မိုး၊ ဆောင်း သီးနှံစုံ စိုက်ဧရိယာ စုစုပေါင်း ၁၉၇၂၆၁၉ ဧက ပါဝင်ကြောင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 

ရန်ကုန်မြို့တော် မိုင် ၃၀ ဝန်းကျင် စိမ်းလန်း စိုပြည်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်း က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

 

“ရန်ကုန်မြို့တော် မိုင် ၃၀ ဝန်းကျင်  စိမ်းလန်းစိုပြည်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသရေ မြေနှင့် ကိုက်ညီပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်စေရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ အထူး သဖြင့် ကမ်းရိုးတန်းဒေသများနှင့် အခြေအနေပေးသည့်နေရာများတွင် အုန်းစိုက်ပျိုးရေးလုပ်ငန်းများကို တွန်း အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဟု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောသည်။

 

ဒေသစိမ်းလန်းစိုပြည်ရေးနှင့် လေကာပင်များအဖြစ် သဘာဝဘေးအကာအကွယ်အတွက်သာမက အုန်းနှင့် အုန်းထွက်ပစ္စည်းထုတ်လုပ်ခြင်းများမှ ဝင်ငွေအကျိုးအမြတ် ရရှိနိုင်သဖြင့် ဒေသခံများ စိုက်ပျိုးလုပ်ကိုင်နိုင်ကြ စေရန် အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ သစ်သီးဝလံပန်းမန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေ ချွေတာရေးနည်းလမ်းများနှင့် ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းပညာများ အသုံးပြုနိုင်ရေးအတွက် နည်းပညာပေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြား တစ်ဖက်တွင်လည်း ပြည်သူများအတွက် ဈေးနှုန်းသက်သာပြီး အာဟာရပြည့်ဝသော စားနပ်ရိက္ခာများ တိုးတက် ထုတ်လုပ်နိုင်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍများက စနစ်တကျ စီမံ ဆောင်ရွက်ကြစေလိုကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားခဲ့သည်။

 

ရန်ကုန်မြို့တော် မိုင် ၃၀ ဝန်းကျင် စိမ်းလန်း စိုပြည်ရေးလုပ်ငန်းစီမံကိန်းဧရိယာအတွင်း မိုးစပါး စိုက်ဧက ၁၁ သိန်းကျော် အပါအဝင် နွေ၊ မိုး၊ ဆောင်း သီးနှံစုံ စိုက်ဧရိယာ စုစုပေါင်း ၁၉၇၂၆၁၉ ဧကရှိကြောင်း၊ စီမံကိန်း ဧရိယာအတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ခေတ်မီနည်းပညာများကို ထိရောက်စွာ အသုံးပြုလုပ်ကိုင်နိုင် ကြစေရန်၊ သီးနှံ သားငါးထုတ်လုပ်မှုများ တိုးတက်လာပြီး ဒေသနေ ပြည်သူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်လာ စေရန်တို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 

#PeopleMedia


Share this post