• Follow Us on

Home ရပ်နားထားသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းကို ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် ပြန်လည် စတင်လည်ပတ်ထုတ်လုပ်နိုင်ရန် န-စ-က စီစဉ်

ရပ်နားထားသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းကို ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် ပြန်လည် စတင်လည်ပတ်ထုတ်လုပ်နိုင်ရန် န-စ-က စီစဉ်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၄ (People Media)

 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသ၊ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းကို ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်စတင် လည်ပတ်မည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌက ပြောဆိုခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းအချိန်တွင် တောင်ကြီးမြို့နယ်ရှိ အဆိုပါစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်အကောင်အထည်ဖော်ခဲ့သည့် သံနှင့် သံမဏိစက်ရုံ စီမံကိန်းကြီးတစ်ခုဖြစ်ပြီး စီမံကိန်းကြီး ပြီးစီးပါက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် သံ၊ သံမဏိထုတ်ကုန် များကို ပြည်ပသွင်းကုန်အဖြစ် တင်သွင်းရန်မလိုဘဲ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ခိုင်မာသည့် ဈေးကွက်ရှိခြင်းတို့ကြောင့် မဖြစ်မနေ အောင် မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

လက်ရှိအချိန်တွင် စီမံကိန်းလုပ်ငန်းများကို ပြန်လည်စတင်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်  လည်ပတ်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ စီမံကိန်းတစ်ခုလုံးပြီးစီးမှု ရာခိုင်နှုန်း ၉၈ ဒသမ ၈၆ ရာခိုင်နှုန်းထိ ပြီးစီးခဲ့ပြီဖြစ်သော်လည်း ၂၀၁၅ ခုနှစ် တွင် တက်လာသည့် NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရှေ့နောက်မဆင်မခြင်ဆုံးဖြတ်မှုများကြောင့် စီမံကိန်း တည်ဆောက်မှုကို ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

 

ထို့အပြင် ယင်းစီမံကိန်းသည် နိုင်ငံတော်အတွက် လက်တွေ့အကျိုးဖြစ်ထွန်းစေနိုင်မည့် စီမံကိန်းတစ်ခုဖြစ်သည့် အတွက် နစကအစိုးရလက်ထက်တွင် စီမံကိန်းတည်ဆောက်မှုများ အမြန်ဆုံးပြန်လည်စတင်နိုင်ရေး စီမံဆောင် ရွက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

အလားတူ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ Tyazhpromexport (TPE) နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့ ပူးပေါင်း ၍ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲ ပြောင်း၍ ဆက်လက် အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းတည်ဆောက်မှုရပ်ဆိုင်းထားသည်မှာ ၄ နှစ်၊ ၆ လခန့်ကြာမြင့်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

 

#PeopleMedia #တောင်ကြီး #ပင်းပက် #သံမဏိစက်ရုံ

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 



Share this post