• Follow Us on

Home လက်ဘက်ရည်သောက်နေသည့် အရပ်သားပြည်သူတစ်ဦး လုပ်ကြံသတ်ဖြတ်ခြင်းခံရ

လက်ဘက်ရည်သောက်နေသည့် အရပ်သားပြည်သူတစ်ဦး လုပ်ကြံသတ်ဖြတ်ခြင်းခံရ

Share this post

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၄ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က လက်ဘက်ရည်သောက်နေသည့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။

 

သေဆုံးသူမှာ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာနေ ကိုထွန်းနိုင်ဆိုသူဖြစ်ပြီး အဆိုပါ ကျေးရွာရှိ လက် ဘက်ရည်ဆိုင်တွင် လက်ဘက်ရည်သောက်နေစဉ်တွင် အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

“ကိုထွန်းနိုင်က USDP ပါတီဝင်လည်းမဟုတ်သလို NLD ပါတီဝင်လည်းမဟုတ်ပါဘူး။ မိသားစုကို ကောင်း ကောင်းမွန်မွန် ရှာကျွေးနေတဲ့ အပြစ်မဲ့ပြည်သူပါ သူက ရွာလက်ဘက်ရည်ဆိုင်မှာ မနက်တိုင်း ထိုင်နေကျ အဲ့ဒီနေ့က ကျွန်တော်ကို လမ်းမှာတွေ့လို့ ခေါ်သေးတယ်။ ကျွန်တော်က အလုပ်ကိစ္စသွားစရာရှိလို့ နေခဲ့ လိုက်တာ ကျွန်တော်အပြင်ပြန်ရောက်တဲ့အခါမှာ လုပ်ကြံခံရတယ်ဆိုတဲ့သတင်းကြားတော့ စိတ်တောင်မ ကောင်းဘူး” ဟု ၎င်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များ၌ နိုင်ငံရေးပါတီဝင်များ၊ နိုင်ငံဝန်ထမ်းများ၊ သံဃာတော်များ၊ ပြည်သူများ လုပ်ကြံခံရမှုများဖြစ်ပေါ်လျက်ရှိပါတယ်။

 

#PeopleMedia #စစ်ကိုင်းမြို့ #လုပ်ကြံသတ်ဖြတ်မှု

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post