• Follow Us on

Home လမ်းပေါ်နေကလေးများ၏ လိုအပ်ချက်များကို စနစ်တကျဆန်းစစ်လေ့လာပြီး အကောင်အထည်ဖော်ဆောင် ရွက်ရန် လူကယ်ပြန်ဝန်ကြီး ပြောဆို

လမ်းပေါ်နေကလေးများ၏ လိုအပ်ချက်များကို စနစ်တကျဆန်းစစ်လေ့လာပြီး အကောင်အထည်ဖော်ဆောင် ရွက်ရန် လူကယ်ပြန်ဝန်ကြီး ပြောဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၈ (People Media)

 

လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်သည် ဆက်စပ်ဌာနအဖွဲ့ အစည်းများ ပါဝင်၍ လမ်းပေါ်နေကလေးများ၏ လိုအပ်ချက်များကို စနစ်တကျ ဆန်းစစ်လေ့လာပြီး အကောင် အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။

 

ယမန်နေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်နှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးက လမ်းပေါ်နေကလေးများနှင့် စပ်လျဉ်း၍ လက်ရှိ စောင့်ရှောက်ထားရှိသော ကလေး သူငယ်များကို မိသားစုပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများနှင့် လမ်းပေါ်နေကလေးများလျော့နည်းရေး အတွက် စနစ်တကျကူညီ၊ ပံ့ပိုး၊ ချိတ်ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လမ်းပေါ်နေကလေးများ မဖြစ် ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောသည်။

 

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ကနဦး စီမံချက်နယ်မြေများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့ နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မဟာ အောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်။ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် နေပြည်တော် ကောင်စီ ပျဉ်းမနားမြို့နယ်တို့ကို လျာထားပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြော သည်။

 

#PeopleMedia #လူကယ်ပြန် #လမ်းနေကလေးများ

 

(unicode)


…………………………………………………………………………

 


 


 


 


 


 



Share this post