• Follow Us on
Latest News

Home လာမည့်ရွေးကောက်ပွဲ၌ လွတ်လပ်ပြီး တရားမျှတသည့်၊ ဘက်လိုက်မှုမရှိသည့် သန့်ရှင်းသော ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ပြောကြား

လာမည့်ရွေးကောက်ပွဲ၌ လွတ်လပ်ပြီး တရားမျှတသည့်၊ ဘက်လိုက်မှုမရှိသည့် သန့်ရှင်းသော ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၂ (People Media)

 

လာမည့်ရွေးကောက်ပွဲကိုကျင်းပရာတွင် ကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့်၊ တစ်နည်းအားဖြင့် ဘက်လိုက်မှုမရှိသည့် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အမှုထမ်း(ဒုတိယဦးစီးမှူး)များ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့် သင် တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ၌ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေသကဲ့သို့ ရွေးကောက်ပွဲကျင်းပပေးရေးတာဝန်ကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်ရွေး ကောက်ပွဲကို ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရ (FPTP) စနစ်အစား အချိုးကျ ကိုယ်စားပြုစနစ်(PR)သို့ ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိ ကြောင်း၊ PR စနစ်အတွက် ကိုက်ညီမည့်ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ လက်စွဲများ ပြင် ဆင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လာမည့်ရွေးကောက်ပွဲကိုကျင်းပရာတွင် ကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့်၊ တစ်နည်းအားဖြင့် ဘက်လိုက်မှုမရှိသည့် သန့်ရှင်းသော ရွေးကောက်ပွဲဖြစ် အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘက်လိုက်မှုကင်းရန် ရွေးကောက်ပွဲလုပ်ငန်းစဉ်တိုင်းကို ဥပဒေနှင့် အညီ ဆောင်ရွက်ရန်လိုကြောင်း၊ သို့ဖြစ်၍ ဥပဒေ၊ နည်းဥပဒေများကို မဖြစ်မနေ သိရှိကျွမ်းကျင်နေအောင် လေ့လာထားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

#PeopleMedia #UEC

 

(unicode)


……………………………………………………………..

 


 


 


 


 


 

#PeopleMedia #UEC


Share this post