• Follow Us on

Home လာမယ့်နှစ်နှစ်အတွင်း ရုရှားက နေတိုးအဖွဲ့ဝင်နိုင်ငံကို တိုက်ခိုက်လာနိုင်ကြောင်း ဂျာမန်ထောက်လှမ်းရေးပြော

လာမယ့်နှစ်နှစ်အတွင်း ရုရှားက နေတိုးအဖွဲ့ဝင်နိုင်ငံကို တိုက်ခိုက်လာနိုင်ကြောင်း ဂျာမန်ထောက်လှမ်းရေးပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၉

 

ရုရှားနိုင်ငံဟာ ၂၀၂၆ ခုနှစ် ဝန်းကျင်လောက်မှာ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်လာနိုင်ဖွယ်ရှိ ကြောင်း ဂျာမန်ထောက်လှမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြလိုက်ပါတယ်။

 

ရုရှားအစိုးရအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲအပြင် နောက်ထပ်စစ်ပွဲကြီးတစ်ပွဲ ဆင်နွှဲဖို့ အကြီးစား ပြင်ဆင်မှုတွေ ဆောင်ရွက်နေတာကို တွေ့ရှိရတယ်လို့ အဲဒီအစီရင်ခံစာထဲမှာ ဖော်ပြထားတာကို Business Insider က ဖတ်ရှုခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

 

ရုရှားကြည်းတပ်ကို ပြန်လည်ဖွဲ့စည်းနေခြင်း၊ ရုရှားတပ်ဖွဲ့ဝင်တွေ အဆက်မ ပြတ်လှုပ်ရှားနေခြင်းနဲ့ နိုင်ငံရဲ့ အ နောက်ဘက်အပိုင်းမှာ ဒုံးကျည်တွေ တပ်ဖြန့်ချထားခြင်း စတာတွေကို ဆောင်ရွက်နေတာတွေ့ရကြောင်း အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

လက်ရှိဆောင်ရွက်နေတဲ့ ရုရှားလက်နက်ထုတ်လုပ်မှုတိုးမြှင့်လိုက်တာဟာလည်း လာမယ့်ငါးနှစ်အတွင်း ရုရှား နိုင်ငံရဲ့ စစ်အင်အားကို နှစ်ဆတိုးသွားစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ဥပမာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘော်လတစ်နိုင်ငံတစ်နိုင်ငံကို ဖြစ်စေ ဖင်လန်နိုင်ငံကိုဖြစ်စေ ရုရှားနိုင်ငံ က တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့အချက်ကို ထည့်သွင်းမစဉ်းစားထားတာမျိုး လုပ်လို့မရတော့ပါဘူး။” လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ရုရှားနိုင်ငံက ၎င်းတို့ရဲ့မဟာမိတ် ဘယ်လာရုစ်နိုင်ငံကို နျူကလီးယားလက်နက်တွေ ပေးပို့လိုက်ကြောင်း ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ရုရှားသမ္မတဗလာဒီမာပူတင်က ကြေညာခဲ့တဲ့အတွက် ယူကရိန်းပြင်ပအထိ စစ်ပွဲကျယ်ပြန့် လာမှာကို ပိုမိုစိုးရိမ်လာကြပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ ရုရှားအနိုင်ရသွားခဲ့ရင် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆက်လက်တိုက်ခိုက်လာ နိုင်ဖွယ်ရှိတယ်ဆိုတဲ့ ဂျာမန်စစ်ဘက်ဆိုင်ရာအစီရင်ခံစာတစ်စောင် ပေါက်ကြားခဲ့တဲ့အချိန်မှာ ရုရှားနိုင်ငံက နေ တိုးအဖွဲ့ဝင်နိုင်ငံကိ တိုက်ခိုက်လာမယ့်အရေး ပိုမိုစိုးရိမ်ပူပန်လာပါတယ်။

 

ရုရှားရဲ့ စစ်အင်အား တဖြည်းဖြည်း တိုးပွားလာမှုဟာ စိုးရိမ်စရာကောင်းတာမှန်ပေမဲ့လည်း အနာဂတ်မှာစစ်ပွဲ တစ်ပွဲ ဆင်နွှဲမယ့်အထိ ရောက်ရှိသွားမယ်လို့ ယုံကြည်ရတဲ့အနေအထားမှာမရှိသေးကြောင်း နေတိုးအဖွဲ့က ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲအတွင်း ဆုံးရှုံးခဲ့တာတွေကို ငါးနှစ်ကနေ ရှစ်နှစ်အတွင်း ပြန်လည်အချိန်ယူတည်ဆောက်ရဦးမှာ ဖြစ်တဲ့အတွက် ရုရှားက နေတိုးအဖွဲ့ဝင်နိုင်ငံကို တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစည်းတွေကလည်း ပယ်ချခဲ့ပါတယ်။

 

အဲဒီခန့်မှန်းချက်တွေကို အရေးမကြီးသယောင်ပြောဆိုနေပေမဲ့လည်း နေတိုးအဖွဲ့ဟာ ဒေါ်လာ ၁.၂ ဘီလျံတန် ကြေးရှိ ၁၅၅ မမ အမြောက်ကျည် ၂၀၀,၀၀၀ ကျော် မှာယူခြင်းအပါအဝင် နေတိုးအဖွဲ့ရဲ့ စစ်လက်နက်ပစ္စည်း တွေကို ဆက်လက်ဖြည့်တင်းနေတာတွေ့ရပါတယ်။

 

Ref: Russia May Attack NATO Country in Two Years: German Intel

 

#PeopleMedia


Share this post