• Follow Us on

Home လေယာဉ်ပေါ်တက်ရောက်ခွင့်ငြင်းပယ်ခံရတဲ့ ဘီးတပ်ကုလားထိုင်သုံးမသန်စွမ်းပုဂ္ဂိုလ် အဆိုပါလေကြောင်း လိုင်းကို တရားစွဲရန် စီစဉ်

လေယာဉ်ပေါ်တက်ရောက်ခွင့်ငြင်းပယ်ခံရတဲ့ ဘီးတပ်ကုလားထိုင်သုံးမသန်စွမ်းပုဂ္ဂိုလ် အဆိုပါလေကြောင်း လိုင်းကို တရားစွဲရန် စီစဉ်

Share this post

နိုင်ငံတကာ၊ မတ် ၁၉

 

ချင်းရိုင်မြို့ကို ပျံသန်းမယ့်လေယာဉ်ခရီးစဉ်မှာ ဘီးတပ်ကုလားထိုင်နဲ့လိုက်ပါမယ့် ခရီးသည်ကို လက်မခံခဲ့တဲ့ အ မည်ဖော်ပြမထားတဲ့ လေကြောင်းလိုင်းတစ်ခုကို ဥပဒေအရ တရားစွဲဆိုနိုင်ဖို့ အဆိုပါခရီးသည်က ထိုင်းရှေ့နေ များကောင်စီကို စာရေးတိုင်ကြားထားကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။

 

မသန်စွမ်းပုဂ္ဂိုလ်တွေကိုဖြစ်စေ ခရီးသွားလာဖို့ ခက်ခဲတဲ့ပုဂ္ဂိုလ်ကိုဖြစ်စေ နှိမ်ချခွဲခြားဆက်ဆံမှုကို ကာကွယ်ဖို့အ တွက် လိုအပ်သလိုအဆင့်လိုက်အရေးယူဆောင်ရွက်နိုင်ဖို့ ရှေ့နေများကောင်စီကို “လူ့ယဉ်ကျေးမှုဖောင်ဒေး ရှင်းအဖွ့ဲ” ဥက္ကဋ္ဌ ကရီဆာနာလာလိုင်က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

 

ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ချင်းရိုင်မြို့ကိုထွက်ခွာမယ့် လေကြောင်း လိုင်းခရီးစဉ်တစ်ခုက ၎င်းကို လေယာဉ်ပေါ်တက်ရောက်ခွင့်မပြုခဲ့ကြောင်း မစ္စတာကရီဆာက ပြောပါတယ်။

 

အဲဒီနေ့က ၎င်းအနေနဲ့ ချင်းရိုင်မြို့ကို လေကြောင်းခရီးစဉ်နဲ့သွားရောက်ပြီး အဲဒီကမှတစ်ဆင့် ဖယောင်မြို့ကို ကားနဲ့သွားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ သွားရောက်တွေ့ဆုံမှာဖြစ်ကြောင်း ကရီဆာက ပြောပါတယ်။

 

အခုလို လေယာဉ်ခရီးစဉ်တစ်ခုက ငြင်းပယ်ခံလိုက်ရတာ ဘဝမှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းက ပြော ပါတယ်။

 

“လမ်းမလျှောက်နိုင်တဲ့ ဘီးတပ်ကုလားထိုင်အသုံးပြုသူကို ပြုစုစောင့်ရှောက်ပေးဖို့ သူတို့လေကြောင်းလိုင်းမှာ မူဝါဒ ချမှတ်ထားတာမရှိဘူးလို့ အရာရှိတစ်ဦးက ကျွန်တော့်ကို ပြောပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

လေယာဉ်ပေါ်တက်ရောက်ဖို့အတွက် ၎င်းကို ကူညီဖို့ လုပ်ဖော်ကိုင်ဖက် ငါးဦးပါလာကြောင်း သေသေချာချာ ရှင်းပြတာတောင်မှ အဲဒီလေကြောင်းလိုင်းဝန်ထမ်းတွေက ၎င်းကို လေယာဉ်ပေါ်တက်ခွင့်မပေးခဲ့တာ ဖြစ် တယ်လို့ မစ္စတာ ကရီဆာက ပြောပါတယ်။

 

အခုလို ဆက်ဆံခံရတဲ့အတွက် အတော့်ကို ထိတ်လန့်တုန်လှုပ်မိကြောင်း၊ မသန်စွမ်းပုဂ္ဂိုလ်တွေကို အခုလို ခွဲ ခြားဆက်ဆံတာမျိုး ထိုင်းနိုင်ငံမှာ မရှိသင့်ကြောင်း ၎င်းက ပြောပါတယ်။

 

အခုအဖြစ်အပျက်ဟာ နိုင်ငံခြားသားတွေအလယ်မှာ တိုင်းပြည်ရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်သလို ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဗဟိုချက်မဖြစ်လာအောင် မြှင့်တင်ဆောင် ရွက်ဖို့ ချမှတ်ထားတဲ့ ဝန်ကြီးချုပ်ဆ ရက်ထာထာဗီဆင်ရဲ့ မူဝါဒကို ထိခိုက်စေနိုင်ကြောင်းလည်း ၎င်းက ထောက်ပြပါတယ်။

 

“အခုလို လူ့အခွင့်အရေးချိုးဖောက်မှုကို ကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ အလားတူအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွား ရေးကာကွယ်ဖို့အတွက် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီထံက အကူအညီရဖို့ ကျွန်တော်ကြိုးပမ်းဆောင်ရွက်နေ တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

မသန်စွမ်းပုဂ္ဂိုလ်များအခွင့်အရေးဆိုင်ရာသဘောတူညီချက်အရ မသန်စွမ်းပုဂ္ဂိုလ်တိုင်းဟာ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေအတွက် တူညီတဲ့ကာကွယ်မှုကို ရရှိခံစားရမှာဖြစ်ကြောင်း ရှေ့နေများကောင်စီဥက္ကဋ္ဌ ဝီချီယန် ချတ်ထိုင်းဆောင်က ပြောပါတယ်။

 

မစ္စတာကရီဆာအမှုကို ဥပဒေအရ ဆက်လက်ကူညီဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းအဖွဲ့တစ်ဖွဲ့တည်ထောင် သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“မသန်စွမ်းပုဂ္ဂိုလ်တွေကို ဝန်ဆောင်မှုပေးဖို့ ဘယ်လေကြောင်းလိုင်းမှ ငြင်းပယ်ခွင့်မရှိပါဘူး။ အခုကိစ္စမှာပါဝင် ပတ်သက်ခဲ့တဲ့လေကြောင်းလိုင်းအနေနဲ့ လူတစ်ယောက်အခွင့်အရေးကို ချိုးဖောက်ခဲ့တဲ့အတွက် ဥပေဒကြောင်း အရ ရင်ဆိုင်ဖြေရှင်းသွားရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ရုပ်ပိုင်းဆိုင်ရာချွတ်ယွင်းချက်ကြောင့် ခွဲခြားဆက်ဆံခံရတယ်လို့ ခံစားရတဲ့ မည်သည့်ပုဂ္ဂိုလ်မဆို ကော်မတီကို အမှုဖွင့်တိုင်ကြားနိုင်ကြောင်း မသန်စွမ်းပုဂ္ဂိုလ်များအခွင့်အရေးဆိုင်ရာကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဆွန်သီ ပေါင်မောင်ကိုလ်ဆဝတ်က ပြောပါတယ်။

 

လေကြောင်းလိုင်းအက်ဥပဒေပြဋ္ဌာန်းချက်အရ “မသန်စွမ်းပုဂ္ဂိုလ်တွေကို ဝန်ဆောင်မှုပေးဖို့ ငြင်းပယ်တဲ့ မည် သည့်လေကြောင်းလိုင်းမဆို ဒဏ်ငွေ ဘတ် ၅၀,၀၀၀ ကနေ ဘတ် ၅၀၀,၀၀၀ အထိ ချမှတ်ခံရနိုင်ကြောင်း” ၎င်း က ပြောပါတယ်။

 

Ref: Call for legal action as airline refuses to let wheelchair user board flight

 

#PeopleMedia


Share this post