• Follow Us on

Home လှိုင်သာယာမြို့နယ်တွင် Omni Focus ပိုင် YBS(၂၀) ယာဉ်အား PDF အကြမ်းဖက်သမားများမှ ဖောက်ခွဲမှု ပြုလုပ်

လှိုင်သာယာမြို့နယ်တွင် Omni Focus ပိုင် YBS(၂၀) ယာဉ်အား PDF အကြမ်းဖက်သမားများမှ ဖောက်ခွဲမှု ပြုလုပ်

Share this post

ရန်ကုန်၊ မတ် ၁၂

 

ရန်ကုန်တိုင်ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရဲတပ်ရင်း ၉ အနီးရှိ Omni Focus ကုမ္ပဏီပိုင် YBS-၂၀ ယာဉ်အား PDF အကြမ်းဖက်သမားများမှ ယမန်နေ့ ညနေပိုင်းအချိန်က ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သည်။

 

ထိုသို့ ဗုံးဖောက်ခွဲမှုကြောင့် ခရီးသည်များနှင့် ယာဉ်မောင်းမှာ ထိခိုက်မှုမရှိသော်လည်း ယာဉ်၏ အနောက်ပိုင်း နှင့် ယာဉ်အောက်ပိုင်းများ ပျက်စီးခဲ့သည်။

 

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး၊ ရန်ကုန်-ပုသိမ်လမ်းကို ခေတ္တပိတ်ဆို့ထားခဲ့ ကြောင်း သိရသည်။

 

အထက်ပါ ဗုံးဖောက်ခွဲမှုနှင့်ပတ်သက်ပြီး From Zero To Hero အဖွဲ့မှ ဗုံးဖောက်ခွဲရာတွင် ခရီးသည်များ မရှိတော့သည့်အချိန်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း နောင်တွင်လည်း စစ်ကောင်စီလက်ဝေခံများကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

အများပြည်သူအသုံးပြုသည့် ယာဉ်လိုင်းများ ဖောက်ခွဲမှုများ ပြုလုပ်နေသည့် PDF အဖွဲ့၏ လုပ်ရပ်ကို ခရီးသွားပြည်သူများက ဝေဖန်လျက်ရှိသည်။

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post