• Follow Us on

Home လုပ္ႀကံခံရသည့္ NLD ကိုယ္စားလွယ္ေနရာကို ကန႔္ကြက္သူမရွိပါက လစ္လပ္ေနရာအျဖစ္ သတ္မွတ္ၿပီး ၾကားျဖတ္ေ႐ြး ေကာက္ပြဲ၌ ထည့္သြင္းမည္

လုပ္ႀကံခံရသည့္ NLD ကိုယ္စားလွယ္ေနရာကို ကန႔္ကြက္သူမရွိပါက လစ္လပ္ေနရာအျဖစ္ သတ္မွတ္ၿပီး ၾကားျဖတ္ေ႐ြး ေကာက္ပြဲ၌ ထည့္သြင္းမည္

Share this post

ရန္ကုန္၊ နိုဝင္ဘာ ၂၃

ရွမ္းျပည္နယ္ေျမာက္ပုိင္း၊ ေက်ာက္မဲၿမိဳ႕နယ္၌ နိုဝင္ဘာလ ၂၁ ရက္ေန႔က ေသနတ္ျဖင့္ လုပ္ႀကံခံရ၍ ေသဆုံးသြားသည့္ NLD ပါတီ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္၏ေနရာကုိ ၄၅ ရက္အတြင္း ကန႔္ကြက္သူမရွိပါ လစ္လပ္ေနရာအျဖစ္ သတ္မွတ္ၿပီး ၾကားျဖတ္ေရြးေကာက္ပြဲ၌ ထည့္သြင္းရန္ စီစဥ္ထားေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္ခြဲအတြင္းေရးမွဴး ဦးႏွစ္ဆန္းဦးက ေျပာသည္။

“ကိုယ္စားလွယ္ေလာင္းေတြ သတ္မွတ္အတည္ျပဳေၾကညာၿပီးတဲ့ရက္ကေနစၿပီး ၄၅ ရက္မွာ ကန႔္ကြက္လႊာတင္တာ မရွိဘူးဆိုရင္ ဒီဟာက အေစာဆုံးက်င္းပမယ့္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ ထည့္သြင္းေဆာင္႐ြက္ရမယ့္ လစ္လပ္မဲ ဆႏၵနယ္တစ္ခုအျဖစ္ သတ္မွတ္ၿပီးသြားၿပီသြားၿပီေပါ့၊ ဒီလိုမဟုတ္ဘဲ ၄၅ ရက္အတြင္းမွာ ကန႔္ကြက္လႊာတင္တဲ့သူရွိရင္ ခုံ႐ုံဖြဲ႕ၿပီးေတာ့မွ စစ္ေဆးမယ္၊ သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္က ေ႐ြးေကာက္ပြဲရလဒ္ကို အေျပာင္းအလဲ ျဖစ္သြားမယ္ဆိုရင္ေတာ့ သူတို႔ဆုံးျဖတ္ခ်က္အတည္ျဖစ္မွာေပါ့” ဟု ၎က ေျပာသည္။

ကိုယ္စားလွယ္ေလာင္းမ်ား သတ္မွတ္အတည္ျပဳေၾကညာၿပီးသည့္ေန႔မွစ၍ ၄၅ ရက္အတြင္း ယင္းမဲဆႏၵနယ္တြင္ ပါ ဝင္ယွဥ္ၿပိဳင္ခဲ့သည့္ အျခားပါတီမွ ကိုယ္စားလွယ္ေလာင္းမ်ားသည္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ ကန႔္ကြက္လႊာတင္သြင္းရမည္ျဖစ္သည္။

ထုိသို႔ေဆာင္ရြက္မႈမရွိခဲ့လ်င္ လာမည့္ၾကားျဖတ္ေ႐ြးေကာက္ပြဲမွသာ အဆိုေနရာကို လွစ္လပ္မဲဆႏၵနယ္ေနရာအျဖစ္ ထည့္သြင္းက်င္းပမည္ျဖစ္ေၾကာင္း ဦးႏွစ္ဆန္းဦးက ဆိုသည္။

အဆုိပါ မဲဆႏၵနယ္၌ ဒုတိယမဲအမ်ားဆုံးရရွိခဲ့သည့္ SNLD ပါတီသည္ ကန္႔ကြက္သြားရန္ အစီစဥ္မရွိေၾကာင္း SNLD ပါတီက ဆုိသည္။

“ဒီ ၄၅ ရက္အတြင္းမွာ ကန႔္ကြက္လႊာတင္ဖို႔ စီစဥ္ထားတာ ဘာမွမရွိပါဘူး” ဟု SNLD ပါတီေျပာေရးဆိုခြင့္ရွိသူ ဦးစိုင္းလိတ္က ေျပာသည္။

ရွမ္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္(၁)ေနရာအတြက္ NLD ပါတီမွ ဦးထိုက္ေဇာ္က (၁၀၉၄၉၁)မဲျဖင့္ အနိုင္ရခဲ့ၿပီး၊ သူ႔ေနာက္တြင္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD)ပါတီက ဦးစိုင္းျမထြန္းေဆြက (၁၀၉၄၃၇) မဲရရွိခဲ့ျပီး USDP ပါတီက တတိယရရွိခဲ့သည္။

#PeopleMedia #တုိင္းရင္းသားအေရး #ေက်ာက္မဲၿမိဳ႕

(unicode)
လုပ်ကြံခံရသည့် NLD ကိုယ်စားလှယ်နေရာကို ကန့်ကွက်သူမရှိပါက လစ်လပ်နေရာအဖြစ် သတ်မှတ်ပြီး ကြားဖြတ်ရွေး ကောက်ပွဲ၌ ထည့်သွင်းမည်
………………………………………………………….

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၌ နိုဝင်ဘာလ ၂၁ ရက်နေ့က သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးသွားသည့် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏နေရာကို ၄၅ ရက်အတွင်း ကန့်ကွက်သူမရှိပါ လစ်လပ်နေရာအဖြစ် သတ်မှတ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ၌ ထည့်သွင်းရန် စီစဉ်ထားကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်ခွဲအတွင်းရေးမှူး ဦးနှစ်ဆန်းဦးက ပြောသည်။

“ကိုယ်စားလှယ်လောင်းတွေ သတ်မှတ်အတည်ပြုကြေညာပြီးတဲ့ရက်ကနေစပြီး ၄၅ ရက်မှာ ကန့်ကွက်လွှာတင်တာ မရှိဘူးဆိုရင် ဒီဟာက အစောဆုံးကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ထည့်သွင်းဆောင်ရွက်ရမယ့် လစ်လပ်မဲ ဆန္ဒနယ်တစ်ခုအဖြစ် သတ်မှတ်ပြီးသွားပြီသွားပြီပေါ့၊ ဒီလိုမဟုတ်ဘဲ ၄၅ ရက်အတွင်းမှာ ကန့်ကွက်လွှာတင်တဲ့သူရှိရင် ခုံရုံဖွဲ့ပြီးတော့မှ စစ်ဆေးမယ်၊ သူတို့ရဲ့ ဆုံးဖြတ်ချက်က ရွေးကောက်ပွဲရလဒ်ကို အပြောင်းအလဲ ဖြစ်သွားမယ်ဆိုရင်တော့ သူတို့ဆုံးဖြတ်ချက်အတည်ဖြစ်မှာပေါ့” ဟု ၎င်းက ပြောသည်။

ကိုယ်စားလှယ်လောင်းများ သတ်မှတ်အတည်ပြုကြေညာပြီးသည့်နေ့မှစ၍ ၄၅ ရက်အတွင်း ယင်းမဲဆန္ဒနယ်တွင် ပါ ဝင်ယှဉ်ပြိုင်ခဲ့သည့် အခြားပါတီမှ ကိုယ်စားလှယ်လောင်းများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းရမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်မှုမရှိခဲ့လျင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲမှသာ အဆိုနေရာကို လှစ်လပ်မဲဆန္ဒနယ်နေရာအဖြစ် ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ဦးနှစ်ဆန်းဦးက ဆိုသည်။

အဆိုပါ မဲဆန္ဒနယ်၌ ဒုတိယမဲအများဆုံးရရှိခဲ့သည့် SNLD ပါတီသည် ကန့်ကွက်သွားရန် အစီစဉ်မရှိကြောင်း SNLD ပါတီက ဆိုသည်။

“ဒီ ၄၅ ရက်အတွင်းမှာ ကန့်ကွက်လွှာတင်ဖို့ စီစဉ်ထားတာ ဘာမှမရှိပါဘူး” ဟု SNLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)နေရာအတွက် NLD ပါတီမှ ဦးထိုက်ဇော်က (၁၀၉၄၉၁)မဲဖြင့် အနိုင်ရခဲ့ပြီး၊ သူ့နောက်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက ဦးစိုင်းမြထွန်းဆွေက (၁၀၉၄၃၇) မဲရရှိခဲ့ပြီး USDP ပါတီက တတိယရရှိခဲ့သည်။

#PeopleMedia #တိုင်းရင်းသားအရေး #ကျောက်မဲမြို့


Share this post