• Follow Us on

Home လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် မြန်မာနိုင်ငံ၏ အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်နေ ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ ထုတ်ပြန်

လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် မြန်မာနိုင်ငံ၏ အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်နေ ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ ထုတ်ပြန်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၂ (People Media)

 

နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်း၌ မြန်မာနိုင်ငံဆိုင်ရာ UN ရုံးက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ နိုင်ငံဆိုင်ရာ သတင်းထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

 

အဆိုပါ ထုတ်ပြန်ချက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဆက်လက် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများအတွက် များစွာစိုးရိမ်ပူပန်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

 

အကြမ်းဖက်မှုများအား ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားများ၏ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ပေး ရန် တိုက်တွန်းပါသည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဘေးကင်းလုံခြုံစွာဖြင့် အဆီးအတားတစ်စုံတစ်ရာမရှိဘဲ သာတူညီမျှ ထိုးနှံပေးနိုင်ရေးနှင့် ဖြန့်ဝေပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရန်အပါအဝင် မြန်မာနိုင်ငံရှိ ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန် အရေးကြီးကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင်များက အလေးထား ပြောကြားခဲ့ပါသည်။

 

လိုအပ်နေသူများအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား ဘေးကင်းလုံခြုံစွာဖြင့် အဆီးအတားတစ်စုံတစ်ရာမရှိ အပြည့်အဝ ပေးအပ်ခွင့်ပြုရန်နှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်း လုပ်ဆောင်သူများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် အပြည့် အဝကာကွယ်စောင့်ရှောက်မှုပေးရန် တိုက်တွန်းပါသည်။

 

 

ကာကွယ်ဆေးများကို ပြည်သူအားလုံး လက်လှမ်းမီရရှိနိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း အလေးအနက် ပြောကြားထားပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများရရှိနိုင်ရန်နှင့် အမြန်ဆုံးထိုးနှံပေးနိုင်ရန် နိုင်ငံတကာမှ ယခု ထက်ပို၍ ပံ့ပိုးကူညီပေးရန်ကိုလည်း တိုက်တွန်းပါသည်။

 

လုံခြုံရေးကောင်စီအဖွဲ့ဝင်များက မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်း များအတွက် ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးတွင် ပါဝင်ကူညီပေးနိုင်သည့် အာဆီယံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကိုလည်း အပြည့်အဝထောက်ခံအားပေးကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

 

လုံခြုံကောင်စီအဖွဲ့ဝင်များက အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို အမြန်ဆုံးနှင့် အပြည့်အဝ အကောင်အထည်ဖော်ရန် ထပ်မံတိုက်တွန်းပါသည်။ ၎င်းတို့က အာဆီယံအထူးကိုယ်စားလှယ်အား ထောက်ခံ အားပေးကြောင်းနှင့် အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံ၍ အပြန် အလှန်ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်စတင်နိုင်ရေးနှင့် အာဆီယံမှ လူသားချင်းစာနာထောက်ထားမှုအကူအညီ များ ပေးအပ်နိုင်ရေးအတွက် ကြားဝင်စေ့စပ်ဖျန်ဖြေပေးနိုင်ရန် မြန်မာနိုင်ငံသို့ အမြန်ဆုံး သွားရောက်နိုင်လိမ့် မည်ဟု မျှော်လင့်ကြောင်း အလေးအနက် ပြောကြားပါသည်။

 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ်နှင့် အာဆီယံကြား တစ်ဦးကိုတစ်ဦး အပြန်အလှန် အားဖြည့်ကူညီ၍ ကြိုးပမ်းအားထုတ်ကြရန်ကိုလည်း တိုက်တွန်းအားပေးပါသည်။

 

မကြာမီက ဖြစ်ပေါ်ပြောင်းလဲမှုများသည် ရိုဟင်ဂျာဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရ သူများ၏ ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ၎င်းတို့၏ သဘောဆန္ဒအလျှောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအတွက် အထူးကြီးမားသော စိန်ခေါ်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်ကြောင်း ထပ်မံပြောကြားပါသည်။

 

လုံခြုံရေးကောင်စီအဖွဲ့ဝင်များက မြန်မာပြည်သူများနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းမှု၊ မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု၊ နိုင်ငံရေး သီးခြားလွတ်လပ်မှု၊ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် ပေါင်း စည်းညီညွတ်ရေးတို့အတွက် ရပ်တည်ပံ့ပိုးပေးပါမည်ဟူသည့် ခိုင်မာသည့်သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြု ပြောကြားပါသည်။

 

 

လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဖေဖေါ်ဝါရီလ (၄) ရက်နေ့ သတင်းထုတ်ပြန်ချက် အမှတ် SC/14430 နှင့် မတ်လ (၁၀) ရက်နေ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အမှတ် S/PRST/ 2021/5 တို့အား ပြန်လည် ရည်ညွှန်းကာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်ပြောင်း လဲမှုများနှင့်စပ်လျဉ်း၍ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထပ်လောင်းဖော်ပြပြီး စစ်တပ်ကိုလည်း အတတ် နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် ထပ်လောင်းတိုက်တွန်းထားပါသည်။

 

မြန်မာပြည်သူများ၏ဆန္ဒနှင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုနှင့် ပြန်လည်ရင် ကြားစေ့ရေးတို့ကို ဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။

 

လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်နေကြောင်း အလေး အနက်ပြောကြားထားပါသည်ဟူ၍ ထုတ်ပြန်ထားသည်။

 

Photo – UN

 

#PeopleMedia #UN #လုံခြုံရေးကောင်စီအဖွဲ့ဝင်များ

 

(unicode)


…………………………………………………………

 


 


 


 


 


 


 

 


 


 


 


 


 


 

 


 


 


 

Photo – UN

 



Share this post