• Follow Us on

Home လူတုိင္း အခ်ိန္မေရြးေရာက္ရွိႏုိင္သည့္ အက်ဥ္းေထာင္ ………………………………………. ၿမိဳ႕နယ္တရား႐ုံးမ်ားမွ ျပစ္ဒါဏ္က်မွတ္၍ အက်ဥ္းေထာင္သို႔ေရာက္ရွိလာသူမ်ားကို “အက်ဥ္းသား”ဟုအၿပီးအပိုင္သတ္မွတ္၍မရ ဦးသန္းစုိးသည္ အက်ဥ္းဦးစီးဌာန၌ ညႊန္ၾကားေရးမွဴး(ၿငိမ္း)

လူတုိင္း အခ်ိန္မေရြးေရာက္ရွိႏုိင္သည့္ အက်ဥ္းေထာင္ ………………………………………. ၿမိဳ႕နယ္တရား႐ုံးမ်ားမွ ျပစ္ဒါဏ္က်မွတ္၍ အက်ဥ္းေထာင္သို႔ေရာက္ရွိလာသူမ်ားကို “အက်ဥ္းသား”ဟုအၿပီးအပိုင္သတ္မွတ္၍မရ ဦးသန္းစုိးသည္ အက်ဥ္းဦးစီးဌာန၌ ညႊန္ၾကားေရးမွဴး(ၿငိမ္း)

Share this post

“အက်ဥ္းေထာင္တစ္ခု၏ တစ္ေန႔တာလုပ္ငန္းတာ၀န္မ်ား”
– အက်ဥ္းေထာင္တစ္ခု ေန႔စဥ္မပ်က္မကြက္လုပ္ေဆာင္ရသည့္လုပ္ငန္းတာ၀န္မ်ားအေၾကာင္း အရာရွိ၀န္ထမ္း အားလုံးအႏွစ္သာရရွိရွိ ေဆာင္ရြက္ႏိုင္ရန္အထူးလိုအပ္ပါသည္။
– ေန႔တာအတိုအရွည္ေပၚမူတည္ၿပီး အခ်ိန္ကာလအတိုးအေလ်ာ့ရွိပါသည္။ (ေထာင္ဖြင့္ခ်ိန္/ေထာင္ပိတ္ခ်ိန္)
ေထာင္ဖြင့္ျခင္းေထာင္ပိတ္ျခင္းလုပ္ငန္း
– အက်ဥ္းေထာင္တိုင္းတြင္နံနက္ ၅ : ၃၀ နာရီတြင္ ႏႈိးခရာမႈတ္ၿပီး ၅:၄၅ ေရွ႕တန္းစီကြင္းတြင္ တာ၀န္က်အရာ ရွိႏွင့္ အျခားအဆင့္၀န္ထမ္းမ်ားတန္းစီၿပီး ႏိုင္ငံေတာ္အလံအေလးျပဳျခင္း သစၥာဓိဌာန္ဆိုျခင္းမ်ားေဆာင္ရြက္ၿပီး ဂါတ္စာေရးမွ ဌာနစုအလိုက္ ေန႔တာ၀န္က်မ်ား၏ တာ၀န္ခ်ထားမႈမ်ားအားဖတ္ၾကားျခင္း တာ၀န္ခံအရာရွိမိန္႔မွာခ်က္ႏွင့္ ၫႊန္ၾကားခ်က္မ်ားအသိေပးေျပာၾကားျခင္း ဖတ္ၾကားရွင္းလင္းျခင္းမ်ားေဆာင္ရြတ္ၿပီး ယမာန္ေန႔က အျခားအဆင့္၀န္ထမ္းမ်ားအနက္ တာ၀န္ေပါ႔ေလ်ာ့မႈမ်ား ပ်က္ကြက္မ်ားအား ေျပာဆိုဆုံးမျခင္း လုံၿခဳံေရးအေရးပါပုံမ်ား ေနာင္အလားတူေပါ႔ေလ်ာ့မႈမ်ားမျဖစ္ပြားေစရန္သတိေပးမွာၾကားမႈမ်ားျပဳလုပ္ရပါသည္။
– အလွည့္က်တာ၀န္မွဴး တာ၀န္မွဴးႀကီးမ်ားကလည္းမွာၾကားရန္ရွိသည္မ်ားကို တိုက္႐ိုက္မွာၾကားၿပီး လုံၿခဳံေရး အရ အထူးရွာေဖြေရးလုပ္ရန္ရွိပါက ေထာင္ဖြင့္လူဦးေရစာရင္းရယူၿပီး ရွာေဖြေရးျပဳလုပ္မည္။ အေဆာင္ အခန္း ကိုတပါတည္းမွာၾကားကာ တံခါးမႀကီးအတြင္းသို႔ တန္းစီ၀င္ေရာက္ပါသည္။
– တံခါးႀကီးတာ၀န္က်၀န္ထမ္းမွ ၀န္ထမ္းအမည္စာရင္းမ်ားအား လူ၀င္လူထြက္စာရင္း ေထာင္ပုံစံ (၂၀၄) တြင္ အခ်ိန္ႏွင့္တကြ မွတ္တမ္းတင္ျခင္း တစ္ဦးခ်င္းစီ၏ ခႏၲာကိုယ္ႏွင့္ပါလာသည့္ပစၥည္းမ်ားကို စနစ္တက်ရွာေဖြျခင္း မ်ားကိုျပဳလုပ္၍ ဥပေဒႏွင့္ဆန္႔က်င္ေသာ ေထာင္တြင္းမသြင္းရန္ တားျမစ္ထားရွိေသာ ပစၥည္းမ်ားသိမ္းဆည္း ကာ တာ၀န္မွဴးထံ သတင္းပို႔အပ္ႏွံကာ တာ၀န္မွဴး၏အမိန္႔အတိုင္း လိုက္နာေဆာင္ရြက္ရပါသည္။
– ၎ေနာက္ အိပ္ေဆာင္ေသာ့မ်ားအား သက္ဆိုင္ရာတာ၀န္က်ဝန္ထမ္းမ်ားသို႔ စီစစ္ထုတ္ေပးရပါသည္။
– ၎ေနာက္ ဝန္ထမ္းအားလုံး ေထာင္တြင္း မိန္းေဂ်း႐ုံးေရွ႕သို႔ ခ်ီတက္ကာ မိန္းေဂ်းတြင္တန္းျဖဳတ္ၿပီး လူစုခြဲကာ တာ၀န္က် အိပ္ေဆာင္တိုက္ခန္းမ်ားသို႔သြားေရာက္ကာ ညတာ၀န္က်ဝန္ထမ္းမွ တန္းစီေပးထားသည့္ အက်ဥ္း သား အခ်ဳပ္သားမ်ားအား ညကပိတ္ထားသည့္ အေရအတြက္အတိုင္း ေရတြက္စစ္ေဆးျခင္း အခန္းမ်ားႏွင့္ အက်ဥ္းသားမ်ားရွာေဖြေရးျပဳလုပ္ျခင္း အိပ္ေဆာင္ တိုက္ခန္း ပတ္ဝန္က်င္မ်ားသို႔ လုံၿခဳံေရးအရ စစ္ေဆးရွာေဖြ ျခင္းမ်ားျပဳလုပ္ၿပီး အက်ဥ္းသားအေရအတြက္စာရင္းအား ေထာင္ဖြင့္တာ၀န္ခံထံသြားေရာက္သတင္းပို႔က ေထာင္ဖြင့္စာအုပ္တြင္အမည္ႏွင့္တကြ လက္မွတ္ေရးထိုးကာ တာ၀န္က်အိပ္ေဆာင္သို႔သြားေရာက္ကာ ေထာင္ ဖြင့္သံေခ်ာင္းသံၾကားလွ်င္ အိပ္ေဆာင္တံခါးမ်ားဖြင့္ေပးကာ တေန႔တာ တာ၀န္မ်ားကိုေဆာင္ရြက္ပါသည္။
– ေထာင္ဖြင့္သံေခ်ာင္းေခါက္ၿပီးသည့္ အခ်ိန္အထိ ေဆာင္ရြက္ျခင္းကို ေထာင္ဖြင့္ျခင္းဟု အရာရွိ ဝန္ထမ္းအား လုံးကသိရွိထားၿပီး သမ႐ိုးက်ေဆာင္ရြက္ေသာလုပ္ငန္းအျဖစ္သာ မွတ္ယူေဆာင္ရြက္လ်က္ရွိပါသည္။
– ေထာင္ဖြင့္ျခင္းၿပီးလွ်င္ ညတာ၀န္က်ဝန္ထမ္းအားလုံး မိန္းေဂ်းတြင္စု႐ုံးကာတန္းစီၿပီး ေထာင္တံခါးမႀကီးမွ ျပန္ လည္ထြက္ခြာသြားၾကပါသည္။
– ညေနေထာင္ပိတ္ျခင္းလုပ္ငန္းကိုလည္း ညေန ၅ : ၃၀ နာရီတြင္ ေထာင္ေရွ႕တန္းစီကြင္းတြင္ ညတာ၀န္က် ဝန္ထမ္းမ်ားက စု႐ုံးေရာက္ရွိ၍ နံနက္ကေထာင္ဖြင့္လုပ္ငန္းမ်ားေဆာင္ရြက္သကဲ့သို႔ ႏိုင္ငံေတာ္အလံ အေလး ျပဳျခင္း သစၥာဓိဌာန္ဆိုျခင္း ဂါတ္စာေရးႏွင့္ အလွည့္က်တာဝန္မွဴး၏ မွာၾကားခ်က္မ်ားအားနာခံၿပီ တံခါးႀကီးသို႔ တန္းစီဝင္ေရာက္ကာ မိမိတာဝန္က် အိပ္ေဆာင္တိုက္ခန္းမ်ား၏ညေသာ့ခေလာက္မ်ားကို ထုတ္ယူကာ တာဝန္ က်အေဆာင္ တိုက္မ်ားသို႔သြားေရာက္ကာ နံနက္ပိုင္းေထာင္ဖြင့္စဥ္ကကဲ့သို႔ပင္ အက်ဥ္းသား အခ်ဳပ္သားအေရ အတြက္စစ္ေဆးျခင္း ရွာေဖြေရးျပဳလုပ္ျခင္း လူဦးေရစာရင္းအား ေထာင္ပိတ္တာဝန္ခံထံသြားေပးပို႔က အတည္ ျပဳလက္မွတ္ေရးထိုးထားရွိကာ တာဝန္က်အိပ္ေဆာင္သို႔ တာဝန္ထမ္းေဆာင္ရန္ ေနရာယူရပါသည္။
ေထာင္ပိတ္လူေပါင္းကိုက္လွ်င္ ေထာင္ပိတ္သံေခ်ာင္းေခါက္ပါသည္။ေထာင္ပိတ္သံေခ်ာင္းေခါက္ၿပီးလွ်င္ ေန႔ဝန္ ထမ္း နံနက္ေထာင္ဖြင့္ခ်ိန္က ညဝန္ထမ္းမ်ားျပန္လည္ထြက္ခြာသြားသကဲ့သို႔ ထြက္ခြာသြားပါသည္။
– ယခုကဲ့သို႔ နံနက္ေထာင္ဖြင့္ျခင္း ညေနေထာင္ပိတ္ျခင္းလုပ္ငန္းမ်ားကို အရာရွိဝန္ထမ္းမ်ား ေန႔စဥ္ပုံမွန္ ေဆာင္ရြက္သည့္ လုပ္ငန္းအျဖစ္သမ႐ိုးက်လုပ္ကိုင္ေဆာင္ရြက္ေနၾကျခင္းကမ်ားပါသည္။
– ယေန႔တင္ျပေျပာဆိုလို႔သည့္ ေထာင္ဖြင့္ျခင္း ေထာင္ပိတ္ျခင္းလုပ္ငန္းမ်ားသည္ သမ႐ိုးက်လုပ္ငန္းမ်ိဳး မဟုတ္ပါ။ အက်ဥ္းေထာင္တခု၏ လုံၿခဳံေရးအရ အေရးပါၿပီး အႏွစ္သာရအရွိဆုံး လုပ္ငန္းစဥ္တခုျဖစ္ေၾကာင္း အသိေပးလိုပါသည္။
– ေထာင္ဖြင့္ျခင္း ေထာင္ပိတ္ျခင္းလုပ္ငန္း တကယ့္ပင္မအႏွစ္သာရမွာ ေထာင္ဖြင့္ျခင္း ညတာဝန္က်ဝန္ထမ္း မ်ား ေန႔တာဝန္က်ဝန္ထမ္းမ်ားသို႔ အလုပ္လႊဲေျပာင္းလက္ခံေဆာင္ရြက္ျခင္းျဖစ္ပါသည္။ အလုပ္လႊဲေအာက္ပါတို႔ကိုအဓိကထားလႊဲေျပာင္းလက္ခံျခင္းျဖစ္ပါသည္။
(က) အက်ဥ္းသား/အခ်ဳပ္သားအေရအတြက္ကိုလႊဲေျပာင္းျခင္း
(ခ) လုံၿခဳံေရးအရ အက်ဥ္းသား/အခ်ဳပ္သားမ်ားထိန္းသိမ္းထားရွိမည့္ အိပ္ေဆာင္တိုက္ခန္းမ်ား အေပါက္အၿပဲ မရွိ ေဖာက္ထြင္းထားျခင္းရွိ/မရွိႏွင့္ ထြက္ေျပးရန္ႏွင့္ အသက္အႏၲရာယ္ျပဳႏိုင္သည့္ပစၥည္းမ်ားရွိ/မရွိ အျပင္ ယခု ဆိုလွ်င္ တားျမစ္ပစၥည္းမ်ားျဖစ္သည့္ မူးယစ္ေဆးဝါးမ်ား တယ္လီဖုန္းမ်ား ဆူးေဆာက္သံ ျဖတ္လႊမ်ားရွိ/မရွိကို ေသခ်ာေအာင္ရွာေဖြေဆာင္ရြက္ျခင္း
(ဂ) လႊဲေျပာင္းမည့္ အက်ဥ္းသား/အခ်ဳပ္သားမ်ား အိပ္ေဆာင္တိုက္ခန္းမ်ားႏွင့္ပတ္သက္ေသာ လုံၿခဳံေရး ထူးျခားသတင္းမ်ားကို အသိေပးလႊဲေျပာင္းျခင္းျဖစ္သည္။
– ၎အဓိကလႊဲေျပာင္းလက္ခံျခင္းမ်ားကို စနစ္တက်ႏွင့္ကိုယ္တာဝန္ယူသည့္ကာလအတြင္း ျပႆနာမျဖစ္ပြား ေစရန္ျဖစ္ပါသည္။ အေရအတြက္တခုတည္းမွန္ကန္႐ုံျဖင့္မၿပီးပါ။ထြက္ေျပးဘို႔ ပူးေပါင္းႀကံစည္ထားသူမ်ား တစ္ ခန္းတည္းအတူေရာက္ရွိေနလွ်င္ လူစားလဲလွယ္ထားျခင္းရွိ/မရွိမွာလည္း အေရးပါပါသည္။ အခန္းလူစာရင္းႏွင့္ ပါ တိုက္ဆိုင္စစ္ေဆးဖုိ႔လိုပါသည္။ အဲဒီလိုအခန္းေျပာင္းၿပီး ေထာင္ေဖာက္ထြက္ေျပးမႈမ်ားအမ်ားအျပားရွိပါ သည္။ အိပ္ေဆာင္အေဆာင္မွဴးအရာရွိမသိရွိဘဲ အခန္းေျပာင္းေရြ႕ျခင္းမျပဳလုပ္ႏိုင္ရန္ စနစ္တခုျဖင့္ ေဆာင္ရြက္ ထားရန္လိုပါသည္။ လုံၿခဳံေရးအရ တာဝန္ခံမွ အိပ္ေဆာင္အခန္းခြဲထားသည္မ်ားကို တာဝန္ခံအရာရွိမသိဘဲ ေရြ႕ေျပာင္းျခင္းမျပဳလုပ္မိရန္ အလြန္အေရးပါပါသည္။မလိုအပ္ပဲ မသိရွိဘဲ အခန္းေျပာင္းျခင္း အေဆာင္ေျပာင္း ျခင္းမ်ားသည္ ထြက္ေျပးမႈသာမက လူသတ္မႈမ်ားႏွင့္ အျခားလူမႈေရးျပႆနာမ်ားလည္း ျဖစ္ပြားႏိုင္ေၾကာင္း သိရွိေစလိုပါသည္။
– လုံၿခဳံေရးအရ အက်ဥ္းသား/အခ်ဳပ္သားတိုင္း၏ခႏၲာကိုယ္ႏွင့္၎တို႔၏အိပ္ယာအသုံးအေဆာင္ပစၥည္းမ်ား အိပ္ ေဆာင္၏နံရံမ်ား သံတိုင္သံတံခါးမ်ား မိလႅာခန္းမ်ား ေသာ့ခေလာက္ လွ်ပ္စစ္မီးမ်ားကို စနစ္တက် လုံၿခဳံေရး အျမင္ျဖင့္ စစ္ေဆးရန္။ ၎ျပင္ အိပ္ေဆာင္ျပင္ပ တိုက္ခန္းျပင္ပပရဂုဏ္ကိုလည္း စနစ္တက်ရွာေဖြျခင္းမ်ား ျပဳလုပ္ဖို႔လို႔ပါသည္။ ထြက္ေျပးရန္အေထာက္အကူျပဳပစၥည္းမ်ားဝွက္ထားႏိုင္ပါသည္။ ဥပမာ – ႀကိဳး၊ ေလွကား ဝါးႏွင့္ သဘၤာပင္မ်ားရွိ/မရွိကိုစစ္ေဆးပါ
– အက်ဥ္းသား/အခ်ဳပ္သား အေရအတြက္မွန္မမွန္ လူမွန္မမွန္ စစ္ေဆးမႈမ်ား အိပ္ေဆာင္တိုက္ခန္းမ်ား အေပါက္အၿပဲရွိမရွိ ပရဂုဏ္မ်ားကိုစနစ္တက်စစ္ေဆးလႊဲေျပာင္းသကဲ့သို႔ အေရးပါလုပ္ငန္းစဥ္တခုမွာ လႊဲ ေျပာင္းသည့္ အက်ဥ္းသားႏွင့္ပတ္သက္သည့္လုံၿခဳံေရးသတင္းမ်ား အိပ္ေဆာင္ တိုက္ခန္းလုံၿခဳံေရးႏွင့္ ပတ္သက္သည့္ လုံၿခဳံေရးသတင္းမ်ားကိုလည္း စနစ္တက်ေမးျမန္း၍ လႊဲေျပာင္းလက္ခံေဆာင္ရြက္ဖုိ႔သည္ လည္းအေရးပါ၏ဒီေည‌ျပးႏိုင္သည့္သတင္းမ်ိဳး မလႊဲေျပာင္းမိဘူးဆိုလွ်င္အႏၲရာယ္မ်ားပါသည္။
– သို႔ျဖစ္ပါ၍ အက်ဉ္းေထာင္တခု၏‌ ေထာင္ဖြင့္ျခင္း ေထာင္ပိတ္ျခင္းလုပ္ငန္းသည္ သမ႐ိုးက်လုပ္ငန္းမဟုတ္ပါ။ ေထာင္ဖြင့္ျခင္းသည္ ေန႔တာဝန္က်ဝန္ထမ္းက ညတာဝန္က်ဝန္ထမ္းထံမွ အလုပ္လႊဲေျပာင္းလက္ခံျခင္းျဖစ္ၿပီး အက်ဥ္းသားအေရအတြက္ ေဆာင္တိုက္ခန္းလုံၿခဳံမႈရွိမရွိႏွင့္ လုံၿခဳံေရးသတင္း(၃)ခုအား စနစ္တက်လႊဲေျပာင္း လက္ခံေဆာင္ရြက္ျခင္းျဖစ္ပါသည္။
– ေထာင္ပိတ္ျခင္းလုပ္ငန္းသည္ ေန႔တာဝန္က်ဝန္ထမ္းထံမွ ညတာဝန္က်ဝန္ထမ္းသည္ အက်ဥ္းသားအေရ အတြက္ အိပ္ေဆာင္တိုက္ခန္းမ်ား၏လုံၿခဳံမႈအဆင့္အတန္းအျပင္ လုံၿခဳံေရးသတင္းမ်ားကိုေသခ်ာစြာ လႊဲေျပာင္း လက္ခံရန္ အထူးတင္ျပလိုပါသည္။
– အက်ဥ္းေထာင္မ်ားတြင္ ေန႔ေသာ့ ညေသာ့မ်ားျဖင့္ အိပ္ေဆာင္တိုက္ခန္းမ်ားတြင္အသုံးျပဳျခင္းျဖစ္ၿပီး ေသာ့တံ အတု အက်ဥ္းသားမ်ားမျပဳလုပ္ႏိုင္ေစရန္ ေသာ့တံမ်ားကို တာဝန္က်ဝန္ထမ္း၏ခႏၲာကိုယ္ႏွင့္အတူ အၿမဲထားရွိဖို႔ အထူးအေရးႀကီးပါသည္။ အက်ဥ္းသားလက္သို႔လုံးဝ (လုံးဝ) ေပးကိုင္ျခင္းမျပဳရန္ အထူးအေရးႀကီးပါသည္။ လုံၿခဳံေရးမီးမ်ားလည္း အလင္းေရာင္လုံေလာက္ရန္လိုအပ္ပါသည္။
– ေထာင္ဖြင့္ျခင္း ေထာင္ပိတ္ျခင္းကိုအတိုၿခဳံး၍ေျပာရလွ်င္ ေန႔/ည၀န္ထမ္းအဖြဲ႕မ်ားတစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ အလုပ္လႊဲ ေျပာင္းျခင္းျဖစ္ပါသည္။
– ဘာေတြကိုစနစ္တက်လႊဲမွာလည္းဆိုသည္မွာ
(၁) လူအေရအတြက္
(၂) ေန႔/ည တခ်ိန္လုံးထိန္းသိမ္းထားရွိမည့္ အိပ္ေဆာင္ တိုက္ခန္းမ်ား၏လုံၿခဳံမႈရွိ/မရွိဆိုသည့္အခ်က္
(၃) ထြက္ေျပးရန္ႏွင့္ခိုက္ရန္ျပဳႏိုင္ဖြယ္ လုံၿခဳံေရးသတင္းမ်ားျဖစ္ပါသည္။
အပိုင္း(၅)

“အက်ဥ္းေထာင္၏ျပစ္မႈမ်ား”
ေအာက္ေဖၚျပပါျပဌာန္းခ်က္မ်ားကို အက်ဥ္းသားမ်ားလိုက္နာရန္ အက်ဉ္းေထာင္ျပစ္မႈမ်ားအျဖစ္ ျပ႒ာန္းထား ရွိသည္။
(၁) မည္သည့္အက်ဥ္းသားမဆို အက်ဉ္းေထာင္အက္ဥပေဒ (၅၉) အရ အက်ဉ္းေထာင္ျပစ္မႈအျဖစ္ ျပ႒ာန္းထား ရွိမႈမ်ားအားသိရွိလ်က္ႏွင့္ လိုက္နာရန္ပ်က္ကြက္ျခင္း ခ်ိဳးေဖာက္ျခင္း
(၂) မည္သည့္အၾကမ္းဖက္မႈႏွင့္ရာဇဝတ္မကင္းေသာအင္အားအသုံးျပဳျခင္း
(၃) ေျခာက္လွန္႔ေျပာဆိုျခင္း
(၄) ဥပေဒႏွင့္ဆန္႔က်င္ၿပီးျပဳမူေနထိုင္ျခင္း
(၅) မိမိအားခ်မွတ္ထားသည့္လုပ္ငန္းတာဝန္မ်ားအား သိလ်က္ ေပါ႔ေလ်ာ့စြာေဆာင္ရြက္ျခင္း
(၆) အၿမဲမျပတ္အလုပ္လုပ္ရန္ျငင္းဆိုျခင္း
(၇) အလုပ္ၾကမ္းႏွင့္ေထာင္ဒါဏ္က်ခံရေသာ မည္သည့္အက်ဉ္းသားမဆို သိလွ်က္ ႏွင့္လုပ္ငန္းမ်ားကိုျငင္းဆိုျခင္း
(၈) ခြင့္ျပဳခ်က္မရွိဘဲ လက္ထိပ္ ေျချခင္းမ်ားအား ျပဳတ္ျခင္း ဖ်က္ျခင္း ျဖက္ေတာက္ျခင္း
(၉) အလုပ္ၾကမ္းျဖင့္ေထာင္ဒါဏ္က်ခံေသာ အက်ဥ္းသားျဖစ္လ်က္ မွားယြင္းစြာ လုပ္ငန္းတာဝန္မ်ား ေဆာင္ ရြက္ျခင္း
(၁၀) အက်ဥ္းေထာင္ပိုင္ပစၥည္းမ်ားအား သိလ်က္ပ်က္စီးေစျခင္း
(၁၁) အက်ဉ္းသား‌ကိုယ္ေရးမွတ္တမ္းမ်ား နံပါတ္ႀကီးမ်ား ပြတ္တိုက္ျခင္း ဖ်က္စီးျခင္း ျပင္ဆင္ျခင္း
(၁၂) တားျမစ္ပစၥည္းမ်ားအားလက္ခံျခင္း လႊဲေျပာင္းျခင္း လက္ဝယ္ထားရွိျခင္း
(၁၃) ဖ်ားနာျခင္ေယာင္ေဆာင္ျခင္း
(၁၄) အက်ဉ္းေထာင္အရာရွိႏွင့္အက်ဉ္းသားမ်ားအား သိလ်က္ သတင္းမွားမ်ားေပးျခင္း စိတ္ထိခိုက္ေစရန္ေျပာဆိုျခင္း
(၁၅) အေရးေပၚမီးေလာင္မႈမ်ား ထြက္ေျပးမႈႏွင့္ေျပးရန္ႀကိဳးစားအားထုတ္မႈမ်ား ရန္ျပဳတိုက္ခိုက္မႈမ်ား တိုက္ခိုက္ရန္ႀကိဳးစားအားထုတ္မႈမ်ားအား သိသိျခင္း သတင္းပို႔ရန္ ပ်က္ကြက္ျခင္း သတင္းပို႔ရန္ ျငင္းဆိုျခင္း
(၁၆) ထြက္ေျပးျခင္း ထြက္ေျပးရန္ပူးေပါင္းပါဝင္ျခင္း အျခားေဖာ္ျပပါျပစ္မႈမ်ားအား သိလ်က္ႏွင့္ထိန္ခ်န္ျခင္း
တာဝန္ခံအရာရွိသည္အထက္ေဖာ္ျပပါျပစ္မႈမ်ားအား က်ဴးလြန္ေဖာက္ဖ်က္သူမ်ားကို ေအာက္ေဖာ္ျပပါ ျပစ္ဒဏ္ မ်ားအား ျပစ္မႈအလိုက္ခ်မွတ္ႏိုင္သည္။ ေထာင္တြင္းျပစ္မႈက်ဴးလြန္သူမ်ားအား တာဝန္ခံအရာရွိမွတပါး လက္ ေအာက္မည္သည့္အရာရွိဝန္ထမ္းမွ အျပစ္ေပး၍မရပါ။ အက်ဉ္းေထာင္လက္စြဲဥပေဒအရ တာဝန္ခံအရာရွိတဦး တည္းအား လုပ္ပိုင္ခြင့္အာဏာအပ္ႏွင္းထားပါသည္။ လုံၿခဳံေရးလိုအပ္ခ်က္အရ အက်ဥ္းသားတဦးအား ေျချခင္း ခတ္ျခင္း တိုက္ပိတ္ျခင္းမ်ားအား တာဝန္ခံအရာရွိထံ ခ်က္ျခင္းတင္ျပ အတည္ျပဳခ်က္ရယူရမည္ျဖစ္ပါသည္။
(က) မွတ္တမ္းတင္သတိေပးျခင္း
မွတ္တမ္းတင္သတိေပးျခင္းမွာ က်ဴးလြန္သူအက်ဥ္းသားအား တာဝန္ခံမွ တိုက္အမိန္႔ခ်မွတ္ျခင္းျဖစ္ၿပီး အက်ဥ္း သားျပစ္ဒါဏ္စာအုပ္ႏွင့္ ၎၏နံပါတ္ႀကီးတြင္ မွတ္တမ္းေရးသြင္းျခင္းျဖစ္သည္။
(ခ) ပိုမိုျပင္းထန္ေသာအလုပ္သို႔ အလုပ္ေျပာင္းေရြ႕ခ်ထားျခင္းအား အခ်ိန္သတ္မွတ္ခ်ထားျခင္း
(ဂ) (၇) ရက္ထက္မပို႔ေသာ အလုပ္ၾကမ္းျပစ္ဒါဏ္ခ်မွတ္ျခင္း
(ဃ) ေလ်ာ့ရက္စနစ္မွရပ္ဆိုင္းျခင္း
(င) (၃) လထက္မပိုေသာ အ၀တ္ၾကမ္း ဝတ္ဆင္ေစသည့္ျပစ္ဒါဏ္ (မရွိေတာ့ပါ)
(စ) လက္ထိပ္ခတ္ျခင္း
(ဆ) အခ်ိန္ကာလသတ္မွတ္၍ ေျချခင္းခတ္ျခင္း
(ဇ) သုံးလထက္မပိုေသာ သီျခားတိုက္ဒဏ္ခ်မွတ္ျခင္း
သီးျခားတိုက္ဒဏ္ခ်မွတ္ထားလွ်င္ နံနက္တစ္နာရီ ညေနတစ္နာရီ ကိုယ္လက္လႈပ္ရွားခြင့္ေပးရန္ႏွင့္ ထမင္းစားခ်ိန္မ်ားတြင္ အျခားအက်ဥ္းသားတစ္ဦး (သို႔) တစ္ဦးထက္ပိုေသာ အက်ဥ္းသားမ်ားျဖင့္အတူ ထမင္း စားခြင့္ျပဳရပါမည္။
(ဈ) ရိကၡာကန္႔သတ္သည့္ျပစ္ဒဏ္ ထမင္းအစား ေကာ္ေကြၽးျခင္း(ယခုအခါမရွိပါ)
ရိကၡာျပစ္ဒဏ္အား အလုပ္မဲ့ျဖင့္လည္းေကာင္း (၉၆) နာရီထက္မပိုေသာကာလ ရိကၡာကန္႔သတ္ျပစ္ဒါဏ္တစ္ခု ႏွင့္ တစ္ခုၾကား တေပါတ္ျခားခ်မွတ္ရန္ တဆက္တည္းခ်မွတ္ျခင္းမျပဳရပါ။
(ည) (၁၄) ရက္ထက္မပိုေသာ တိုက္ပိတ္ျပစ္ဒဏ္
( ဠ) ရိကၡာျပစ္ဒဏ္ႏွင့္ တိုက္ပိတ္ျပစ္ဒါဏ္အား ပူးတြဲခ်မွတ္ႏိုင္သည္။
(႒) ႀကိမ္ဒဏ္အခ်က္ (၃၀) ထက္မပို႔ေသာ ႀကိမ္ဒဏ္။ (ယခုမရွိေတာ့ပါ)
အက်ဥ္းေထာင္အတြင္း ျပစ္မႈက်ဴးလြန္ေသာ အက်ဉ္းသားမ်ားအား ျပစ္ဒဏ္ေပးျခင္းကို တာ၀န္ခံအရာရွိမွတပါး အျခားလက္ေအာက္အရာရွိ၀န္ထမ္းမ်ားေပး၍မရပါ။ဥပေဒအရ တာဝန္ခံအရာရွိကိုသာ အာဏာအပ္ႏွင္းထား ပါသည္။
– အက်ဥ္းသားတဦးအားက်ဴးလြန္ေသာ ျပစ္မႈအတြက္ တိုက္ပိတ္ျခင္း ေျချခင္းခတ္ျခင္း လက္ထိပ္ခတ္ျခင္း ေလ်ာ့ရက္ျဖတ္ျခင္းမ်ားကို ၫႊန္ၾကားေရးမွဴးပင္လွ်င္ ေပး၍မရပါ။ လုပ္ပိုင္ခြင့္အပ္ႏွင္းထားျခင္းမရွိ၍ျဖစ္သည္။
– လုပ္ပိုင္ခြင့္မရွိသူမ်ားမွ အက်ဉ္းသားတစ္ဦးတေယာက္အား ျပစ္ဒဏ္ေပးမႈမ်ားသည္ ျပႆနာျဖစ္ပြားလွ်င္ အေရးယူခံရဖြယ္ရွိပါသည္။သတိထားေဆာင္ရြက္သင့္ပါသည္။
– အခ်ဳပ္သားမ်ားသည္ ျပစ္ဒါဏ္က်အက်ဥ္းသားမ်ားမဟုတ္သျဖင့္ အက်ဥ္းေထာင္ဥပေဒပါ ေလ်ာ့ရက္ေပးျခင္း ျပစ္ဒဏ္ေပးျခင္းမ်ား တရား၀င္ေပး၍မရပါ။ သတိျပဳရန္ျဖစ္ပါသည္။
အပိုင္း(၆)

” အက်ဥ္းေထာင္မ်ားရွိ အက်ဥ္းသားမ်ား၏အခြင့္အေရးမ်ား (ရပိုင္ခြင့္ႏွင့္ရႏိုင္ေသာအခြင့္အလမ္းမ်ား)”
အက်ဥ္းေထာင္တိုင္းတြင္အက်ဥ္းသားမ်ားရပိုင္ခြင့္ႏွင့္ရႏိုင္ေသာအခြင့္အလမ္းမ်ားရွိသည္။ ၎တို႔မွာ
(က) အက်ဥ္းသား၏ ဝတ္စုံ အိပ္ယာ ေစာင္ႏွင့္ ပုဂံခြက္ေရာက္မ်ား တကိုယ္ေရသုံးပစၥည္းမ်ား (ဆပ္ျပာ အုန္းဆီ ေဆးျပင္းလိပ္)
(ခ) က်န္းမာေရးႏွင့္ပတ္သက္ေသာ ေဆးဝါးကုသခြင့္ ေဆး႐ုံတက္ခြင့္ ျပင္ပေဆး႐ုံတက္ေရာက္ခြင့္ အထူးကု ဆရာဝန္မ်ားႏွင့္ ျပသခြင့္မ်ား
(ဂ) စားေရးႏွင့္ပတ္သက္၍ သတ္မွတ္ႏႈန္းထားျဖင့္ ဥပေဒအရခြင့္ျပဳထားေသာ ရိကၡာအမယ္မ်ားႏွင့္ အသားစား ရိကၡာမ်ား ဟင္းသီးဟင္းရြက္မ်ား
(ဃ) ေနထိုင္ေရးအတြက္ အိပ္ေဆာင္ႏွင့္တိုက္ခန္းမ်ားတြင္ ခြင့္ျပဳအက်ယ္အဝန္း (၃၆) စတုရန္းေပ ႏွီးေၾကာဖ်ာ ကြပ္ျပစ္မ်ားျဖင့္ ေနထိုင္ခြင့္
(င) သတ္မွတ္ခ်က္မ်ားႏွင့္အညီ သာမာန္ေလ်ာ့ရက္ အထူးေလ်ာ့ရက္ ႏိုင္ငံေတာ္ေပးအထူးေလ်ာ့ရက္မ်ား အျပင္ လြတ္ၿငိမ္းသက္သာခြင့္ အမိန္႔မ်ား
(စ) စိုက္ပ်ိဳးေရး ေမြးျမဴေရး လက္မႈပညာမ်ား စက္မႈပညာမ်ား အတန္းပညာမ်ား ပညာဆက္လက္သင္ၾကား ခြင့္မ်ား
(ဆ) ဘာသာေရးႏွင့္ပါတ္သက္ေသာ ဘာသာရပ္မ်ား တရားစခန္းဝင္ခြင့္မ်ား ျပင္ပတရားေဟာဆရာမ်ား၏ တရားမ်ားနားၾကားခြင့္
(ဇ) မိသားစုႏွင့္ေထာင္ဝင္စာေတြ႕ခြင့္အမႈႏွင့္ပတ္သက္၍ ေရွ႕ေန႔ေရွ႕ရပ္မ်ားျဖင့္ေတြ႕ဆုံခြင့္ အိမ္ႏွင့္ ဆက္သြယ္ စာေရးသားခြင့္ အက်ဥ္းသားအပ္ေငြမ်ားအပ္ႏွံႏိုင္ခြင့္ မိမိအပ္ေငြျဖင့္ ေဈးဝယ္မွာစားခြင့္မ်ား
– ရိကၡာ ဝတ္စုံ ေဆးကုသခြင့္ ေထာင္ဝင္စာေတြ႕ခြင့္ ေရွ႕ေနေရွ႕ရပ္မ်ားျဖင့္ ေတြ႕ဆုံခြင့္မ်ားသည္ ရပိုင္ခြင့္မ်ား ျဖစ္ပါသည္။
– သာမာန္ေလ်ာ့ရက္ အထူးေလ်ာ့ရက္မ်ားသည္ ရႏိုင္ေသာ အခြင့္အလမ္းျဖစ္ပါသည္ ရပိုင္ခြင့္မဟုတ္ပါ။ အက်ဥ္းေထာင္အတြင္းသတ္မွတ္စည္းကမ္းမ်ား လိုက္နာျခင္း ေပးအပ္ေသာလုပ္ငန္းတာဝန္မ်ား သတ္မွတ္ ခ်က္အတိုင္း လုပ္ကိုင္ေဆာင္ရြက္ျခင္း စည္းကမ္းေဖာက္ဖ်က္မႈမ်ားမရွိျခင္း ေထာင္တြင္းေကာင္းမြန္စြာေနထိုင္ျခင္းတို႔ျဖင့္ ရရွိႏိုင္ေသာ အခြင့္အလမ္းျဖစ္ပါသည္။ ပ်က္ကြက္လွ်င္ မလိုက္နာ လွ်င္ မရရွိႏိုင္ပါဆိုသည့္အခ်က္ကိုသိရန္လိုအပ္ပါသည္။
– ဝန္ထမ္းမ်ား ေရွာင္တခင္ခြင့္ႏွင့္လုပ္သက္ခြင့္မ်ားသည္ တာဝန္ထမ္းေဆာင္မႈျဖင့္ ရရွိႏိုင္ေသာ အခြင့္အလမ္း ျဖစ္ၿပီး ရပိုင္ခြင့္အျဖစ္ ေတာင္ခံ၍မရသကဲ့သို႔ ေလ်ာ့ရက္ကို ရပိုင္ခြင့္အေနျဖင့္ေတာင္းဆို၍မရႏိုင္ပါ။
“အက်ဥ္းသားမ်ား၏ေလ်ာ့ရက္ခံစားခြင့္မ်ား”
– ေလ်ာ့ရက္စနစ္ဆိုသည္မွာ အက်ဉ္းသားမ်ား မူလခ်မွတ္ထားျပစ္ဒဏ္အား ေထာင္တြင္းေနထိုင္စဥ္က်ဴးလြန္ လာေသာျပစ္မႈမ်ား ယိုယြင္းလာေသာစာရိတၱမ်ားကို ျပဳျပင္ေျပာင္းလဲလာေစရန္ ရည္ရြယ္ၿပီး ျပစ္ဒဏ္၏ သုံးပုံ တစ္ပုံအား ေလ်ာ့ေပးျခင္းကို အခြင့္အလမ္း တစ္ရပ္ျဖစ္သိျမင္သတ္မွတ္ထားသည္။ လိုက္နာမႈမ်ား အလုပ္ႀကိဳး စားမႈမ်ား တစ္ႏွစ္လုံးအက်င့္စာရိတၱေကာင္းမြန္မႈ အလုပ္ႀကိဳးစားမႈမ်ားျဖင့္ ရရွိႏိုင္ေသာအခြင့္အလမ္းတခုကို စနစ္တစ္ခုျဖင့္ သတ္မွတ္ျပဌာန္းေဆာင္ရြက္ျခင္းျဖစ္ပါသည္။ ေလ်ာ့ရက္ျဖင့္ အက်ဥ္းသား၏စာရိတၱကို ထိန္း ေက်ာင္းေပးျခင္းျဖစ္ပါသည္။
” ေလွ်ာ့ရက္” အဓိပၸါယ္ဖြင့္ဆိုခ်က္မွာ
ေလ်ာ့ရက္ဆိုသည္မွာ အက်ဉ္းသားမ်ား၏ ျပစ္ဒဏ္ကာလတိုေတာင္းသြားေစရန္အတြက္ ဥပေဒႏွင့္အညီ စည္း ကမ္းသတ္မွတ္၍ ျပစ္ဒါဏ္မွ ႏႈတ္ပယ္ရေသာ ခံစားခြင့္ျပဳသည့္ရက္ကိုဆိုလိုသည္။
” အက်ဥ္းသား”ဆိုသည္မွာ
– ဤဥပေဒအရ ေအးခ်မ္းေကာင္းမြန္စြာေနထိုင္ရန္အာမခံေတာင္းရာ မေပးႏိုင္ပ်က္ကြက္၍ အက်ဥ္းေထာင္သို႔ ပို႔အပ္ျခင္းခံရသူလည္းပါ ဝင္ပါသည္။
– အမ်ိဳးအစား (၁) အက်ဥ္းသားဆိုသည္မွာ လူသက္ဓါးျမအဆိပ္ေကြၽးခတ္၍လုယက္သူ ရာဇဝတ္မႈျဖင့္ အသက္ေမြးဝမ္းေၾကာင္းျပဳသူ မ်ိဳး႐ိုးျဖင့္ရာဇဝတ္မႈက်ဴးလြန္သူ ရာဇဝတ္မႈမ်ားကို အႏၲရာယ္ႀကီးမားစြာ စက္ ဆုတ္ဖြယ္က်ဴးလြန္သူ ေခါင္းျဖတ္လူသတ္သူမ်ားကိုဆိုလိုသည္။
– အမ်ိဳးအစား (၂) အက်ဉ္းသားဆိုသည္မွာ ရာဇဝတ္မႈျဖင့္ အသက္ေမြးဝမ္းေၾကာင္းျပဳသူ မ်ိဳး႐ိုးျဖင့္ ရာဇဝတ္မႈ က်ဴးလြန္သူမ်ား မဟုတ္ေသာ္လည္း အထက္အမ်ိဳးအစား (၁) ပါအတိုင္းျပစ္မႈက်ဴးလြန္းသူမ်ားကိုဆိုလိုသည္။
– အမ်ိဳးအစား (၃) အက်ဥ္းသားဆိုသည္မွာ အမ်ိဳးအစား (၁) အက်ဥ္းသား(သို႔မဟုတ္)အမ်ိဳးအစား (၂) အက်ဥ္းသားမွတပါး အျခားအက်ဥ္းသားကိုဆိုလိုသည္။
– ၿမိဳ႕နယ္တရား႐ုံးမ်ားျပစ္ဒဏ္က်မွတ္၍ အက်ဉ္းေထာင္သို႔ေရာက္ရွိလာသူမ်ားကို ” အက်ဥ္းသား”ဟုအၿပီးအပိုင္သတ္မွတ္၍မရပါ။ အဆင့္ဆင့္ေသာအထက္တရား႐ုံးမ်ား ႏိုင္ငံေတာ္သမၸတအထိ အယူခံတက္ေရာက္ႏိုင္ခြင့္ရွိသလို ျပစ္ဒါဏ္မွလြတ္ေျမာက္သြားရန္ အခြင့္အလမ္းရွိပါသည္။ ျပင္ဆင္မႈတက္ လွ်င္လည္း ျပစ္ဒါဏ္ေျပာင္းလဲသြားႏိုင္ပါသည္။ အျခားအေၾကာင္းမ်ားႏွင့္ ၎အယူခံကာလ ကုန္ဆုံးသြားမွသာ လွ်င္ အတည္ျပဳျပစ္ဒဏ္ကိုသာ ျပစ္ဒါဏ္ဟုသတ္မွတ္ပါသည္။
– အယူခံကာလမကုန္ဆုံးေသးမွ အတည္ျပဳျပစ္ဒါဏ္မျဖစ္ေသးမွီ အက်ဥ္းသားမ်ား မူလရပိုင္ခြင့္မ်ား ရွိေနပါ သည္။ ထိုအခ်ိန္မ်ိဳး ပုံစံေကညႇပ္ျခင္း ရဲဘက္ထုတ္ျခင္း ေထာင္ေျပာင္းျခင္းမ်ားျပဳလုပ္ျခင္းသည္ အက်ဥ္းသား၏ မူလအခြင့္အေရးမ်ားကို မ်က္ကြယ္ျပဳရာက်ပါသည္။ သတိထားေဆာင္ရြက္သင့္ပါသည္။
– ျပစ္ဒဏ္တစ္ခုထက္ပိုေသာျပစ္ဒဏ္စုစုေပါင္းလည္းပါ၀င္ပါသည္။ ခံဝန္ပ်က္ကြက္၍ အက်ဥ္းေထာင္သို႔ ျပစ္ ဒဏ္သတ္မွတ္၍ ပို႔အပ္သူမ်ားလည္းပါဝင္ပါသည္။
– တစ္သက္တစ္ကြၽန္းျပစ္ဒါဏ္ခ်မွတ္ျခင္းခံရသူ၏ ဝါးရမ္းတြင္အက်ဥ္းသားအတန္းအစားကို တရား႐ုံးက သတ္ မွတ္ေပးရမည္ျဖစ္ၿပီး မပါရွိလွ်င္ တရားသူႀကီးထံျပန္လည္ေပးပို႔ၿပီး အတန္းအစားကို သတ္မွတ္ေပးရန္ေတာင္း ဆိုရမည္။ အတန္းအစားသတ္မွတ္ၿပီးမွလက္ခံရမည္။
– တစ္သတ္တစ္ကြၽန္းျပစ္ဒါဏ္က် အက်ဥ္းသားမ်ား ေထာင္ဒဏ္(၁၄) ႏွစ္အထက္ ျပစ္ဒဏ္က်ခံရေသာ အက်ဥ္းသားမ်ားအား ေထာင္ဒဏ္(၁၄) ႏွစ္ထက္ပိုေသာ အက်ဥ္းသားမ်ားသည္ က်ခံၿပီးေသာ ေထာင္ဒဏ္ ကာလျဖင့္ နည္းဥပေဒအရ ခံစားခြင့္ရၿပီးေသာ ေလ်ာ့ရက္မ်ားေပါင္းလွ်င္ စုစုေပါင္း (၁၄) ႏွစ္ရွိက ေလ်ာ့ေပါ့ လြတ္ၿငိမ္းသာခြင့္ျပဳရန္အတြက္ ေထာင္ပုံစံ (၃၂) (က) သို႔မဟုတ္ ေထာင္ပုံစံ ၃၂ (ခ) တို႔ျဖင့္ မိမိ၏ဝန္ႀကီး ဌာနသို႔ တင္ျပရမည္။
– မိမိအက်ဥ္းေထာင္တြင္ (၁၄) ႏွစ္ျပစ္ဒါဏ္က်ခံၿပီးေသာ အက်ဉ္းသားမ်ားရွိမရွိ ျပန္လည္စစ္ေဆးၿပီး ၫႊန္ခ်ဳပ္မွ တဆင့္ ဝန္ႀကီးဌာနသို႔ ေလ်ာ့ေပါ႔လြတ္ၿငိမ္းသာခြင့္ျပဳႏိုင္ရန္ ဥပေဒႏွင့္တင္ျပရန္လိုအပ္ပါသည္။
– အက်ဥ္းသားတစ္ဦးအတြက္ ေထာင္ဒါဏ္ (၁၄) ႏွစ္ကာလသည္ ေနာင္တ တရားရရွိရန္လုံေလာက္ပါသည္။

အပိုင္း(၇)

တနလၤာေန႔တုိင္း အပတ္စဥ္ ဆက္လက္ေဖာ္ျပမည္။ ေဆာင္းပါးရွင္ ဦးသန္းစုိးသည္ အက်ဥ္းဦးစီးဌာန၌ ညႊန္ ၾကားေရးမွဴး(ၿငိမ္း)တာဝန္ကုိ ထမ္းေဆာင္ခဲ့သူတစ္ဦး ျဖစ္သည္။

#PeopleMedia #အက်ဥ္းေထာင္

(unicode)
လူတိုင်း အချိန်မရွေးရောက်ရှိနိုင်သည့် အကျဉ်းထောင်
……………………………………….

မြို့နယ်တရားရုံးများမှ ပြစ်ဒါဏ်ကျမှတ်၍ အကျဉ်းထောင်သို့ရောက်ရှိလာသူများကို “အကျဉ်းသား”ဟုအပြီးအပိုင်သတ်မှတ်၍မရ ဦးသန်းစိုးသည် အကျဉ်းဦးစီးဌာန၌ ညွှန်ကြားရေးမှူး(ငြိမ်း)

“အကျဉ်းထောင်တစ်ခု၏ တစ်နေ့တာလုပ်ငန်းတာဝန်များ”
– အကျဉ်းထောင်တစ်ခု နေ့စဉ်မပျက်မကွက်လုပ်ဆောင်ရသည့်လုပ်ငန်းတာဝန်များအကြောင်း အရာရှိဝန်ထမ်း အားလုံးအနှစ်သာရရှိရှိ ဆောင်ရွက်နိုင်ရန်အထူးလိုအပ်ပါသည်။
– နေ့တာအတိုအရှည်ပေါ်မူတည်ပြီး အချိန်ကာလအတိုးအလျော့ရှိပါသည်။ (ထောင်ဖွင့်ချိန်/ထောင်ပိတ်ချိန်)
ထောင်ဖွင့်ခြင်းထောင်ပိတ်ခြင်းလုပ်ငန်း
– အကျဉ်းထောင်တိုင်းတွင်နံနက် ၅ : ၃၀ နာရီတွင် နှိုးခရာမှုတ်ပြီး ၅:၄၅ ရှေ့တန်းစီကွင်းတွင် တာဝန်ကျအရာ ရှိနှင့် အခြားအဆင့်ဝန်ထမ်းများတန်းစီပြီး နိုင်ငံတော်အလံအလေးပြုခြင်း သစ္စာဓိဌာန်ဆိုခြင်းများဆောင်ရွက်ပြီး ဂါတ်စာရေးမှ ဌာနစုအလိုက် နေ့တာဝန်ကျများ၏ တာဝန်ချထားမှုများအားဖတ်ကြားခြင်း တာဝန်ခံအရာရှိမိန့်မှာချက်နှင့် ညွှန်ကြားချက်များအသိပေးပြောကြားခြင်း ဖတ်ကြားရှင်းလင်းခြင်းများဆောင်ရွတ်ပြီး ယမာန်နေ့က အခြားအဆင့်ဝန်ထမ်းများအနက် တာဝန်ပေါ့လျော့မှုများ ပျက်ကွက်များအား ပြောဆိုဆုံးမခြင်း လုံခြုံရေးအရေးပါပုံများ နောင်အလားတူပေါ့လျော့မှုများမဖြစ်ပွားစေရန်သတိပေးမှာကြားမှုများပြုလုပ်ရပါသည်။
– အလှည့်ကျတာဝန်မှူး တာဝန်မှူးကြီးများကလည်းမှာကြားရန်ရှိသည်များကို တိုက်ရိုက်မှာကြားပြီး လုံခြုံရေး အရ အထူးရှာဖွေရေးလုပ်ရန်ရှိပါက ထောင်ဖွင့်လူဦးရေစာရင်းရယူပြီး ရှာဖွေရေးပြုလုပ်မည်။ အဆောင် အခန်း ကိုတပါတည်းမှာကြားကာ တံခါးမကြီးအတွင်းသို့ တန်းစီဝင်ရောက်ပါသည်။
– တံခါးကြီးတာဝန်ကျဝန်ထမ်းမှ ဝန်ထမ်းအမည်စာရင်းများအား လူဝင်လူထွက်စာရင်း ထောင်ပုံစံ (၂၀၄) တွင် အချိန်နှင့်တကွ မှတ်တမ်းတင်ခြင်း တစ်ဦးချင်းစီ၏ ခန္တာကိုယ်နှင့်ပါလာသည့်ပစ္စည်းများကို စနစ်တကျရှာဖွေခြင်း များကိုပြုလုပ်၍ ဥပဒေနှင့်ဆန့်ကျင်သော ထောင်တွင်းမသွင်းရန် တားမြစ်ထားရှိသော ပစ္စည်းများသိမ်းဆည်း ကာ တာဝန်မှူးထံ သတင်းပို့အပ်နှံကာ တာဝန်မှူး၏အမိန့်အတိုင်း လိုက်နာဆောင်ရွက်ရပါသည်။
– ၎င်းနောက် အိပ်ဆောင်သော့များအား သက်ဆိုင်ရာတာဝန်ကျဝန်ထမ်းများသို့ စီစစ်ထုတ်ပေးရပါသည်။
– ၎င်းနောက် ဝန်ထမ်းအားလုံး ထောင်တွင်း မိန်းဂျေးရုံးရှေ့သို့ ချီတက်ကာ မိန်းဂျေးတွင်တန်းဖြုတ်ပြီး လူစုခွဲကာ တာဝန်ကျ အိပ်ဆောင်တိုက်ခန်းများသို့သွားရောက်ကာ ညတာဝန်ကျဝန်ထမ်းမှ တန်းစီပေးထားသည့် အကျဉ်း သား အချုပ်သားများအား ညကပိတ်ထားသည့် အရေအတွက်အတိုင်း ရေတွက်စစ်ဆေးခြင်း အခန်းများနှင့် အကျဉ်းသားများရှာဖွေရေးပြုလုပ်ခြင်း အိပ်ဆောင် တိုက်ခန်း ပတ်ဝန်ကျင်များသို့ လုံခြုံရေးအရ စစ်ဆေးရှာဖွေ ခြင်းများပြုလုပ်ပြီး အကျဉ်းသားအရေအတွက်စာရင်းအား ထောင်ဖွင့်တာဝန်ခံထံသွားရောက်သတင်းပို့က ထောင်ဖွင့်စာအုပ်တွင်အမည်နှင့်တကွ လက်မှတ်ရေးထိုးကာ တာဝန်ကျအိပ်ဆောင်သို့သွားရောက်ကာ ထောင် ဖွင့်သံချောင်းသံကြားလျှင် အိပ်ဆောင်တံခါးများဖွင့်ပေးကာ တနေ့တာ တာဝန်များကိုဆောင်ရွက်ပါသည်။
– ထောင်ဖွင့်သံချောင်းခေါက်ပြီးသည့် အချိန်အထိ ဆောင်ရွက်ခြင်းကို ထောင်ဖွင့်ခြင်းဟု အရာရှိ ဝန်ထမ်းအား လုံးကသိရှိထားပြီး သမရိုးကျဆောင်ရွက်သောလုပ်ငန်းအဖြစ်သာ မှတ်ယူဆောင်ရွက်လျက်ရှိပါသည်။
– ထောင်ဖွင့်ခြင်းပြီးလျှင် ညတာဝန်ကျဝန်ထမ်းအားလုံး မိန်းဂျေးတွင်စုရုံးကာတန်းစီပြီး ထောင်တံခါးမကြီးမှ ပြန် လည်ထွက်ခွာသွားကြပါသည်။
– ညနေထောင်ပိတ်ခြင်းလုပ်ငန်းကိုလည်း ညနေ ၅ : ၃၀ နာရီတွင် ထောင်ရှေ့တန်းစီကွင်းတွင် ညတာဝန်ကျ ဝန်ထမ်းများက စုရုံးရောက်ရှိ၍ နံနက်ကထောင်ဖွင့်လုပ်ငန်းများဆောင်ရွက်သကဲ့သို့ နိုင်ငံတော်အလံ အလေး ပြုခြင်း သစ္စာဓိဌာန်ဆိုခြင်း ဂါတ်စာရေးနှင့် အလှည့်ကျတာဝန်မှူး၏ မှာကြားချက်များအားနာခံပြီ တံခါးကြီးသို့ တန်းစီဝင်ရောက်ကာ မိမိတာဝန်ကျ အိပ်ဆောင်တိုက်ခန်းများ၏ညသော့ခလောက်များကို ထုတ်ယူကာ တာဝန် ကျအဆောင် တိုက်များသို့သွားရောက်ကာ နံနက်ပိုင်းထောင်ဖွင့်စဉ်ကကဲ့သို့ပင် အကျဉ်းသား အချုပ်သားအရေ အတွက်စစ်ဆေးခြင်း ရှာဖွေရေးပြုလုပ်ခြင်း လူဦးရေစာရင်းအား ထောင်ပိတ်တာဝန်ခံထံသွားပေးပို့က အတည် ပြုလက်မှတ်ရေးထိုးထားရှိကာ တာဝန်ကျအိပ်ဆောင်သို့ တာဝန်ထမ်းဆောင်ရန် နေရာယူရပါသည်။
ထောင်ပိတ်လူပေါင်းကိုက်လျှင် ထောင်ပိတ်သံချောင်းခေါက်ပါသည်။ထောင်ပိတ်သံချောင်းခေါက်ပြီးလျှင် နေ့ဝန် ထမ်း နံနက်ထောင်ဖွင့်ချိန်က ညဝန်ထမ်းများပြန်လည်ထွက်ခွာသွားသကဲ့သို့ ထွက်ခွာသွားပါသည်။
– ယခုကဲ့သို့ နံနက်ထောင်ဖွင့်ခြင်း ညနေထောင်ပိတ်ခြင်းလုပ်ငန်းများကို အရာရှိဝန်ထမ်းများ နေ့စဉ်ပုံမှန် ဆောင်ရွက်သည့် လုပ်ငန်းအဖြစ်သမရိုးကျလုပ်ကိုင်ဆောင်ရွက်နေကြခြင်းကများပါသည်။
– ယနေ့တင်ပြပြောဆိုလို့သည့် ထောင်ဖွင့်ခြင်း ထောင်ပိတ်ခြင်းလုပ်ငန်းများသည် သမရိုးကျလုပ်ငန်းမျိုး မဟုတ်ပါ။ အကျဉ်းထောင်တခု၏ လုံခြုံရေးအရ အရေးပါပြီး အနှစ်သာရအရှိဆုံး လုပ်ငန်းစဉ်တခုဖြစ်ကြောင်း အသိပေးလိုပါသည်။
– ထောင်ဖွင့်ခြင်း ထောင်ပိတ်ခြင်းလုပ်ငန်း တကယ့်ပင်မအနှစ်သာရမှာ ထောင်ဖွင့်ခြင်း ညတာဝန်ကျဝန်ထမ်း များ နေ့တာဝန်ကျဝန်ထမ်းများသို့ အလုပ်လွှဲပြောင်းလက်ခံဆောင်ရွက်ခြင်းဖြစ်ပါသည်။ အလုပ်လွှဲအောက်ပါတို့ကိုအဓိကထားလွှဲပြောင်းလက်ခံခြင်းဖြစ်ပါသည်။
(က) အကျဉ်းသား/အချုပ်သားအရေအတွက်ကိုလွှဲပြောင်းခြင်း
(ခ) လုံခြုံရေးအရ အကျဉ်းသား/အချုပ်သားများထိန်းသိမ်းထားရှိမည့် အိပ်ဆောင်တိုက်ခန်းများ အပေါက်အပြဲ မရှိ ဖောက်ထွင်းထားခြင်းရှိ/မရှိနှင့် ထွက်ပြေးရန်နှင့် အသက်အန္တရာယ်ပြုနိုင်သည့်ပစ္စည်းများရှိ/မရှိ အပြင် ယခု ဆိုလျှင် တားမြစ်ပစ္စည်းများဖြစ်သည့် မူးယစ်ဆေးဝါးများ တယ်လီဖုန်းများ ဆူးဆောက်သံ ဖြတ်လွှများရှိ/မရှိကို သေချာအောင်ရှာဖွေဆောင်ရွက်ခြင်း
(ဂ) လွှဲပြောင်းမည့် အကျဉ်းသား/အချုပ်သားများ အိပ်ဆောင်တိုက်ခန်းများနှင့်ပတ်သက်သော လုံခြုံရေး ထူးခြားသတင်းများကို အသိပေးလွှဲပြောင်းခြင်းဖြစ်သည်။
– ၎င်းအဓိကလွှဲပြောင်းလက်ခံခြင်းများကို စနစ်တကျနှင့်ကိုယ်တာဝန်ယူသည့်ကာလအတွင်း ပြဿနာမဖြစ်ပွား စေရန်ဖြစ်ပါသည်။ အရေအတွက်တခုတည်းမှန်ကန်ရုံဖြင့်မပြီးပါ။ထွက်ပြေးဘို့ ပူးပေါင်းကြံစည်ထားသူများ တစ် ခန်းတည်းအတူရောက်ရှိနေလျှင် လူစားလဲလှယ်ထားခြင်းရှိ/မရှိမှာလည်း အရေးပါပါသည်။ အခန်းလူစာရင်းနှင့် ပါ တိုက်ဆိုင်စစ်ဆေးဖို့လိုပါသည်။ အဲဒီလိုအခန်းပြောင်းပြီး ထောင်ဖောက်ထွက်ပြေးမှုများအများအပြားရှိပါ သည်။ အိပ်ဆောင်အဆောင်မှူးအရာရှိမသိရှိဘဲ အခန်းပြောင်းရွေ့ခြင်းမပြုလုပ်နိုင်ရန် စနစ်တခုဖြင့် ဆောင်ရွက် ထားရန်လိုပါသည်။ လုံခြုံရေးအရ တာဝန်ခံမှ အိပ်ဆောင်အခန်းခွဲထားသည်များကို တာဝန်ခံအရာရှိမသိဘဲ ရွေ့ပြောင်းခြင်းမပြုလုပ်မိရန် အလွန်အရေးပါပါသည်။မလိုအပ်ပဲ မသိရှိဘဲ အခန်းပြောင်းခြင်း အဆောင်ပြောင်း ခြင်းများသည် ထွက်ပြေးမှုသာမက လူသတ်မှုများနှင့် အခြားလူမှုရေးပြဿနာများလည်း ဖြစ်ပွားနိုင်ကြောင်း သိရှိစေလိုပါသည်။
– လုံခြုံရေးအရ အကျဉ်းသား/အချုပ်သားတိုင်း၏ခန္တာကိုယ်နှင့်၎င်းတို့၏အိပ်ယာအသုံးအဆောင်ပစ္စည်းများ အိပ် ဆောင်၏နံရံများ သံတိုင်သံတံခါးများ မိလ္လာခန်းများ သော့ခလောက် လျှပ်စစ်မီးများကို စနစ်တကျ လုံခြုံရေး အမြင်ဖြင့် စစ်ဆေးရန်။ ၎င်းပြင် အိပ်ဆောင်ပြင်ပ တိုက်ခန်းပြင်ပပရဂုဏ်ကိုလည်း စနစ်တကျရှာဖွေခြင်းများ ပြုလုပ်ဖို့လို့ပါသည်။ ထွက်ပြေးရန်အထောက်အကူပြုပစ္စည်းများဝှက်ထားနိုင်ပါသည်။ ဥပမာ – ကြိုး၊ လှေကား ဝါးနှင့် သင်္ဘာပင်များရှိ/မရှိကိုစစ်ဆေးပါ
– အကျဉ်းသား/အချုပ်သား အရေအတွက်မှန်မမှန် လူမှန်မမှန် စစ်ဆေးမှုများ အိပ်ဆောင်တိုက်ခန်းများ အပေါက်အပြဲရှိမရှိ ပရဂုဏ်များကိုစနစ်တကျစစ်ဆေးလွှဲပြောင်းသကဲ့သို့ အရေးပါလုပ်ငန်းစဉ်တခုမှာ လွှဲ ပြောင်းသည့် အကျဉ်းသားနှင့်ပတ်သက်သည့်လုံခြုံရေးသတင်းများ အိပ်ဆောင် တိုက်ခန်းလုံခြုံရေးနှင့် ပတ်သက်သည့် လုံခြုံရေးသတင်းများကိုလည်း စနစ်တကျမေးမြန်း၍ လွှဲပြောင်းလက်ခံဆောင်ရွက်ဖို့သည် လည်းအရေးပါ၏ဒီညေ‌ပြးနိုင်သည့်သတင်းမျိုး မလွှဲပြောင်းမိဘူးဆိုလျှင်အန္တရာယ်များပါသည်။
– သို့ဖြစ်ပါ၍ အကျဉ်းထောင်တခု၏‌ ထောင်ဖွင့်ခြင်း ထောင်ပိတ်ခြင်းလုပ်ငန်းသည် သမရိုးကျလုပ်ငန်းမဟုတ်ပါ။ ထောင်ဖွင့်ခြင်းသည် နေ့တာဝန်ကျဝန်ထမ်းက ညတာဝန်ကျဝန်ထမ်းထံမှ အလုပ်လွှဲပြောင်းလက်ခံခြင်းဖြစ်ပြီး အကျဉ်းသားအရေအတွက် ဆောင်တိုက်ခန်းလုံခြုံမှုရှိမရှိနှင့် လုံခြုံရေးသတင်း(၃)ခုအား စနစ်တကျလွှဲပြောင်း လက်ခံဆောင်ရွက်ခြင်းဖြစ်ပါသည်။
– ထောင်ပိတ်ခြင်းလုပ်ငန်းသည် နေ့တာဝန်ကျဝန်ထမ်းထံမှ ညတာဝန်ကျဝန်ထမ်းသည် အကျဉ်းသားအရေ အတွက် အိပ်ဆောင်တိုက်ခန်းများ၏လုံခြုံမှုအဆင့်အတန်းအပြင် လုံခြုံရေးသတင်းများကိုသေချာစွာ လွှဲပြောင်း လက်ခံရန် အထူးတင်ပြလိုပါသည်။
– အကျဉ်းထောင်များတွင် နေ့သော့ ညသော့များဖြင့် အိပ်ဆောင်တိုက်ခန်းများတွင်အသုံးပြုခြင်းဖြစ်ပြီး သော့တံ အတု အကျဉ်းသားများမပြုလုပ်နိုင်စေရန် သော့တံများကို တာဝန်ကျဝန်ထမ်း၏ခန္တာကိုယ်နှင့်အတူ အမြဲထားရှိဖို့ အထူးအရေးကြီးပါသည်။ အကျဉ်းသားလက်သို့လုံးဝ (လုံးဝ) ပေးကိုင်ခြင်းမပြုရန် အထူးအရေးကြီးပါသည်။ လုံခြုံရေးမီးများလည်း အလင်းရောင်လုံလောက်ရန်လိုအပ်ပါသည်။
– ထောင်ဖွင့်ခြင်း ထောင်ပိတ်ခြင်းကိုအတိုခြုံး၍ပြောရလျှင် နေ့/ညဝန်ထမ်းအဖွဲ့များတစ်ဖွဲ့ပြီးတစ်ဖွဲ့ အလုပ်လွှဲ ပြောင်းခြင်းဖြစ်ပါသည်။
– ဘာတွေကိုစနစ်တကျလွှဲမှာလည်းဆိုသည်မှာ
(၁) လူအရေအတွက်
(၂) နေ့/ည တချိန်လုံးထိန်းသိမ်းထားရှိမည့် အိပ်ဆောင် တိုက်ခန်းများ၏လုံခြုံမှုရှိ/မရှိဆိုသည့်အချက်
(၃) ထွက်ပြေးရန်နှင့်ခိုက်ရန်ပြုနိုင်ဖွယ် လုံခြုံရေးသတင်းများဖြစ်ပါသည်။
အပိုင်း(၅)

“အကျဉ်းထောင်၏ပြစ်မှုများ”
အောက်ဖေါ်ပြပါပြဌာန်းချက်များကို အကျဉ်းသားများလိုက်နာရန် အကျဉ်းထောင်ပြစ်မှုများအဖြစ် ပြဋ္ဌာန်းထား ရှိသည်။
(၁) မည်သည့်အကျဉ်းသားမဆို အကျဉ်းထောင်အက်ဥပဒေ (၅၉) အရ အကျဉ်းထောင်ပြစ်မှုအဖြစ် ပြဋ္ဌာန်းထား ရှိမှုများအားသိရှိလျက်နှင့် လိုက်နာရန်ပျက်ကွက်ခြင်း ချိုးဖောက်ခြင်း
(၂) မည်သည့်အကြမ်းဖက်မှုနှင့်ရာဇဝတ်မကင်းသောအင်အားအသုံးပြုခြင်း
(၃) ခြောက်လှန့်ပြောဆိုခြင်း
(၄) ဥပဒေနှင့်ဆန့်ကျင်ပြီးပြုမူနေထိုင်ခြင်း
(၅) မိမိအားချမှတ်ထားသည့်လုပ်ငန်းတာဝန်များအား သိလျက် ပေါ့လျော့စွာဆောင်ရွက်ခြင်း
(၆) အမြဲမပြတ်အလုပ်လုပ်ရန်ငြင်းဆိုခြင်း
(ရ) အလုပ်ကြမ်းနှင့်ထောင်ဒါဏ်ကျခံရသော မည်သည့်အကျဉ်းသားမဆို သိလျှက် နှင့်လုပ်ငန်းများကိုငြင်းဆိုခြင်း
(၈) ခွင့်ပြုချက်မရှိဘဲ လက်ထိပ် ခြေခြင်းများအား ပြုတ်ခြင်း ဖျက်ခြင်း ဖြက်တောက်ခြင်း
(၉) အလုပ်ကြမ်းဖြင့်ထောင်ဒါဏ်ကျခံသော အကျဉ်းသားဖြစ်လျက် မှားယွင်းစွာ လုပ်ငန်းတာဝန်များ ဆောင် ရွက်ခြင်း
(၁၀) အကျဉ်းထောင်ပိုင်ပစ္စည်းများအား သိလျက်ပျက်စီးစေခြင်း
(၁၁) အကျဉ်းသား‌ကိုယ်ရေးမှတ်တမ်းများ နံပါတ်ကြီးများ ပွတ်တိုက်ခြင်း ဖျက်စီးခြင်း ပြင်ဆင်ခြင်း
(၁၂) တားမြစ်ပစ္စည်းများအားလက်ခံခြင်း လွှဲပြောင်းခြင်း လက်ဝယ်ထားရှိခြင်း
(၁၃) ဖျားနာခြင်ယောင်ဆောင်ခြင်း
(၁၄) အကျဉ်းထောင်အရာရှိနှင့်အကျဉ်းသားများအား သိလျက် သတင်းမှားများပေးခြင်း စိတ်ထိခိုက်စေရန်ပြောဆိုခြင်း
(၁၅) အရေးပေါ်မီးလောင်မှုများ ထွက်ပြေးမှုနှင့်ပြေးရန်ကြိုးစားအားထုတ်မှုများ ရန်ပြုတိုက်ခိုက်မှုများ တိုက်ခိုက်ရန်ကြိုးစားအားထုတ်မှုများအား သိသိခြင်း သတင်းပို့ရန် ပျက်ကွက်ခြင်း သတင်းပို့ရန် ငြင်းဆိုခြင်း
(၁၆) ထွက်ပြေးခြင်း ထွက်ပြေးရန်ပူးပေါင်းပါဝင်ခြင်း အခြားဖော်ပြပါပြစ်မှုများအား သိလျက်နှင့်ထိန်ချန်ခြင်း
တာဝန်ခံအရာရှိသည်အထက်ဖော်ပြပါပြစ်မှုများအား ကျူးလွန်ဖောက်ဖျက်သူများကို အောက်ဖော်ပြပါ ပြစ်ဒဏ် များအား ပြစ်မှုအလိုက်ချမှတ်နိုင်သည်။ ထောင်တွင်းပြစ်မှုကျူးလွန်သူများအား တာဝန်ခံအရာရှိမှတပါး လက် အောက်မည်သည့်အရာရှိဝန်ထမ်းမှ အပြစ်ပေး၍မရပါ။ အကျဉ်းထောင်လက်စွဲဥပဒေအရ တာဝန်ခံအရာရှိတဦး တည်းအား လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားပါသည်။ လုံခြုံရေးလိုအပ်ချက်အရ အကျဉ်းသားတဦးအား ခြေခြင်း ခတ်ခြင်း တိုက်ပိတ်ခြင်းများအား တာဝန်ခံအရာရှိထံ ချက်ခြင်းတင်ပြ အတည်ပြုချက်ရယူရမည်ဖြစ်ပါသည်။
(က) မှတ်တမ်းတင်သတိပေးခြင်း
မှတ်တမ်းတင်သတိပေးခြင်းမှာ ကျူးလွန်သူအကျဉ်းသားအား တာဝန်ခံမှ တိုက်အမိန့်ချမှတ်ခြင်းဖြစ်ပြီး အကျဉ်း သားပြစ်ဒါဏ်စာအုပ်နှင့် ၎င်း၏နံပါတ်ကြီးတွင် မှတ်တမ်းရေးသွင်းခြင်းဖြစ်သည်။
(ခ) ပိုမိုပြင်းထန်သောအလုပ်သို့ အလုပ်ပြောင်းရွေ့ချထားခြင်းအား အချိန်သတ်မှတ်ချထားခြင်း
(ဂ) (ရ) ရက်ထက်မပို့သော အလုပ်ကြမ်းပြစ်ဒါဏ်ချမှတ်ခြင်း
(ဃ) လျော့ရက်စနစ်မှရပ်ဆိုင်းခြင်း
(င) (၃) လထက်မပိုသော အဝတ်ကြမ်း ဝတ်ဆင်စေသည့်ပြစ်ဒါဏ် (မရှိတော့ပါ)
(စ) လက်ထိပ်ခတ်ခြင်း
(ဆ) အချိန်ကာလသတ်မှတ်၍ ခြေခြင်းခတ်ခြင်း
(ဇ) သုံးလထက်မပိုသော သီခြားတိုက်ဒဏ်ချမှတ်ခြင်း
သီးခြားတိုက်ဒဏ်ချမှတ်ထားလျှင် နံနက်တစ်နာရီ ညနေတစ်နာရီ ကိုယ်လက်လှုပ်ရှားခွင့်ပေးရန်နှင့် ထမင်းစားချိန်များတွင် အခြားအကျဉ်းသားတစ်ဦး (သို့) တစ်ဦးထက်ပိုသော အကျဉ်းသားများဖြင့်အတူ ထမင်း စားခွင့်ပြုရပါမည်။
(ဈ) ရိက္ခာကန့်သတ်သည့်ပြစ်ဒဏ် ထမင်းအစား ကော်ကျွေးခြင်း(ယခုအခါမရှိပါ)
ရိက္ခာပြစ်ဒဏ်အား အလုပ်မဲ့ဖြင့်လည်းကောင်း (၉၆) နာရီထက်မပိုသောကာလ ရိက္ခာကန့်သတ်ပြစ်ဒါဏ်တစ်ခု နှင့် တစ်ခုကြား တပေါတ်ခြားချမှတ်ရန် တဆက်တည်းချမှတ်ခြင်းမပြုရပါ။
(ည) (၁၄) ရက်ထက်မပိုသော တိုက်ပိတ်ပြစ်ဒဏ်
( ဠ) ရိက္ခာပြစ်ဒဏ်နှင့် တိုက်ပိတ်ပြစ်ဒါဏ်အား ပူးတွဲချမှတ်နိုင်သည်။
(ဋ္ဌ) ကြိမ်ဒဏ်အချက် (၃၀) ထက်မပို့သော ကြိမ်ဒဏ်။ (ယခုမရှိတော့ပါ)
အကျဉ်းထောင်အတွင်း ပြစ်မှုကျူးလွန်သော အကျဉ်းသားများအား ပြစ်ဒဏ်ပေးခြင်းကို တာဝန်ခံအရာရှိမှတပါး အခြားလက်အောက်အရာရှိဝန်ထမ်းများပေး၍မရပါ။ဥပဒေအရ တာဝန်ခံအရာရှိကိုသာ အာဏာအပ်နှင်းထား ပါသည်။
– အကျဉ်းသားတဦးအားကျူးလွန်သော ပြစ်မှုအတွက် တိုက်ပိတ်ခြင်း ခြေခြင်းခတ်ခြင်း လက်ထိပ်ခတ်ခြင်း လျော့ရက်ဖြတ်ခြင်းများကို ညွှန်ကြားရေးမှူးပင်လျှင် ပေး၍မရပါ။ လုပ်ပိုင်ခွင့်အပ်နှင်းထားခြင်းမရှိ၍ဖြစ်သည်။
– လုပ်ပိုင်ခွင့်မရှိသူများမှ အကျဉ်းသားတစ်ဦးတယောက်အား ပြစ်ဒဏ်ပေးမှုများသည် ပြဿနာဖြစ်ပွားလျှင် အရေးယူခံရဖွယ်ရှိပါသည်။သတိထားဆောင်ရွက်သင့်ပါသည်။
– အချုပ်သားများသည် ပြစ်ဒါဏ်ကျအကျဉ်းသားများမဟုတ်သဖြင့် အကျဉ်းထောင်ဥပဒေပါ လျော့ရက်ပေးခြင်း ပြစ်ဒဏ်ပေးခြင်းများ တရားဝင်ပေး၍မရပါ။ သတိပြုရန်ဖြစ်ပါသည်။
အပိုင်း(၆)

” အကျဉ်းထောင်များရှိ အကျဉ်းသားများ၏အခွင့်အရေးများ (ရပိုင်ခွင့်နှင့်ရနိုင်သောအခွင့်အလမ်းများ)”
အကျဉ်းထောင်တိုင်းတွင်အကျဉ်းသားများရပိုင်ခွင့်နှင့်ရနိုင်သောအခွင့်အလမ်းများရှိသည်။ ၎င်းတို့မှာ
(က) အကျဉ်းသား၏ ဝတ်စုံ အိပ်ယာ စောင်နှင့် ပုဂံခွက်ရောက်များ တကိုယ်ရေသုံးပစ္စည်းများ (ဆပ်ပြာ အုန်းဆီ ဆေးပြင်းလိပ်)
(ခ) ကျန်းမာရေးနှင့်ပတ်သက်သော ဆေးဝါးကုသခွင့် ဆေးရုံတက်ခွင့် ပြင်ပဆေးရုံတက်ရောက်ခွင့် အထူးကု ဆရာဝန်များနှင့် ပြသခွင့်များ
(ဂ) စားရေးနှင့်ပတ်သက်၍ သတ်မှတ်နှုန်းထားဖြင့် ဥပဒေအရခွင့်ပြုထားသော ရိက္ခာအမယ်များနှင့် အသားစား ရိက္ခာများ ဟင်းသီးဟင်းရွက်များ
(ဃ) နေထိုင်ရေးအတွက် အိပ်ဆောင်နှင့်တိုက်ခန်းများတွင် ခွင့်ပြုအကျယ်အဝန်း (၃၆) စတုရန်းပေ နှီးကြောဖျာ ကွပ်ပြစ်များဖြင့် နေထိုင်ခွင့်
(င) သတ်မှတ်ချက်များနှင့်အညီ သာမာန်လျော့ရက် အထူးလျော့ရက် နိုင်ငံတော်ပေးအထူးလျော့ရက်များ အပြင် လွတ်ငြိမ်းသက်သာခွင့် အမိန့်များ
(စ) စိုက်ပျိုးရေး မွေးမြူရေး လက်မှုပညာများ စက်မှုပညာများ အတန်းပညာများ ပညာဆက်လက်သင်ကြား ခွင့်များ
(ဆ) ဘာသာရေးနှင့်ပါတ်သက်သော ဘာသာရပ်များ တရားစခန်းဝင်ခွင့်များ ပြင်ပတရားဟောဆရာများ၏ တရားများနားကြားခွင့်
(ဇ) မိသားစုနှင့်ထောင်ဝင်စာတွေ့ခွင့်အမှုနှင့်ပတ်သက်၍ ရှေ့နေ့ရှေ့ရပ်များဖြင့်တွေ့ဆုံခွင့် အိမ်နှင့် ဆက်သွယ် စာရေးသားခွင့် အကျဉ်းသားအပ်ငွေများအပ်နှံနိုင်ခွင့် မိမိအပ်ငွေဖြင့် ဈေးဝယ်မှာစားခွင့်များ
– ရိက္ခာ ဝတ်စုံ ဆေးကုသခွင့် ထောင်ဝင်စာတွေ့ခွင့် ရှေ့နေရှေ့ရပ်များဖြင့် တွေ့ဆုံခွင့်များသည် ရပိုင်ခွင့်များ ဖြစ်ပါသည်။
– သာမာန်လျော့ရက် အထူးလျော့ရက်များသည် ရနိုင်သော အခွင့်အလမ်းဖြစ်ပါသည် ရပိုင်ခွင့်မဟုတ်ပါ။ အကျဉ်းထောင်အတွင်းသတ်မှတ်စည်းကမ်းများ လိုက်နာခြင်း ပေးအပ်သောလုပ်ငန်းတာဝန်များ သတ်မှတ် ချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်း စည်းကမ်းဖောက်ဖျက်မှုများမရှိခြင်း ထောင်တွင်းကောင်းမွန်စွာနေထိုင်ခြင်းတို့ဖြင့် ရရှိနိုင်သော အခွင့်အလမ်းဖြစ်ပါသည်။ ပျက်ကွက်လျှင် မလိုက်နာ လျှင် မရရှိနိုင်ပါဆိုသည့်အချက်ကိုသိရန်လိုအပ်ပါသည်။
– ဝန်ထမ်းများ ရှောင်တခင်ခွင့်နှင့်လုပ်သက်ခွင့်များသည် တာဝန်ထမ်းဆောင်မှုဖြင့် ရရှိနိုင်သော အခွင့်အလမ်း ဖြစ်ပြီး ရပိုင်ခွင့်အဖြစ် တောင်ခံ၍မရသကဲ့သို့ လျော့ရက်ကို ရပိုင်ခွင့်အနေဖြင့်တောင်းဆို၍မရနိုင်ပါ။
“အကျဉ်းသားများ၏လျော့ရက်ခံစားခွင့်များ”
– လျော့ရက်စနစ်ဆိုသည်မှာ အကျဉ်းသားများ မူလချမှတ်ထားပြစ်ဒဏ်အား ထောင်တွင်းနေထိုင်စဉ်ကျူးလွန် လာသောပြစ်မှုများ ယိုယွင်းလာသောစာရိတ္တများကို ပြုပြင်ပြောင်းလဲလာစေရန် ရည်ရွယ်ပြီး ပြစ်ဒဏ်၏ သုံးပုံ တစ်ပုံအား လျော့ပေးခြင်းကို အခွင့်အလမ်း တစ်ရပ်ဖြစ်သိမြင်သတ်မှတ်ထားသည်။ လိုက်နာမှုများ အလုပ်ကြိုး စားမှုများ တစ်နှစ်လုံးအကျင့်စာရိတ္တကောင်းမွန်မှု အလုပ်ကြိုးစားမှုများဖြင့် ရရှိနိုင်သောအခွင့်အလမ်းတခုကို စနစ်တစ်ခုဖြင့် သတ်မှတ်ပြဌာန်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ လျော့ရက်ဖြင့် အကျဉ်းသား၏စာရိတ္တကို ထိန်း ကျောင်းပေးခြင်းဖြစ်ပါသည်။
” လျှော့ရက်” အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ
လျော့ရက်ဆိုသည်မှာ အကျဉ်းသားများ၏ ပြစ်ဒဏ်ကာလတိုတောင်းသွားစေရန်အတွက် ဥပဒေနှင့်အညီ စည်း ကမ်းသတ်မှတ်၍ ပြစ်ဒါဏ်မှ နှုတ်ပယ်ရသော ခံစားခွင့်ပြုသည့်ရက်ကိုဆိုလိုသည်။
” အကျဉ်းသား”ဆိုသည်မှာ
– ဤဥပဒေအရ အေးချမ်းကောင်းမွန်စွာနေထိုင်ရန်အာမခံတောင်းရာ မပေးနိုင်ပျက်ကွက်၍ အကျဉ်းထောင်သို့ ပို့အပ်ခြင်းခံရသူလည်းပါ ဝင်ပါသည်။
– အမျိုးအစား (၁) အကျဉ်းသားဆိုသည်မှာ လူသက်ဓါးမြအဆိပ်ကျွေးခတ်၍လုယက်သူ ရာဇဝတ်မှုဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ မျိုးရိုးဖြင့်ရာဇဝတ်မှုကျူးလွန်သူ ရာဇဝတ်မှုများကို အန္တရာယ်ကြီးမားစွာ စက် ဆုတ်ဖွယ်ကျူးလွန်သူ ခေါင်းဖြတ်လူသတ်သူများကိုဆိုလိုသည်။
– အမျိုးအစား (၂) အကျဉ်းသားဆိုသည်မှာ ရာဇဝတ်မှုဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ မျိုးရိုးဖြင့် ရာဇဝတ်မှု ကျူးလွန်သူများ မဟုတ်သော်လည်း အထက်အမျိုးအစား (၁) ပါအတိုင်းပြစ်မှုကျူးလွန်းသူများကိုဆိုလိုသည်။
– အမျိုးအစား (၃) အကျဉ်းသားဆိုသည်မှာ အမျိုးအစား (၁) အကျဉ်းသား(သို့မဟုတ်)အမျိုးအစား (၂) အကျဉ်းသားမှတပါး အခြားအကျဉ်းသားကိုဆိုလိုသည်။
– မြို့နယ်တရားရုံးများပြစ်ဒဏ်ကျမှတ်၍ အကျဉ်းထောင်သို့ရောက်ရှိလာသူများကို ” အကျဉ်းသား”ဟုအပြီးအပိုင်သတ်မှတ်၍မရပါ။ အဆင့်ဆင့်သောအထက်တရားရုံးများ နိုင်ငံတော်သမ္ပတအထိ အယူခံတက်ရောက်နိုင်ခွင့်ရှိသလို ပြစ်ဒါဏ်မှလွတ်မြောက်သွားရန် အခွင့်အလမ်းရှိပါသည်။ ပြင်ဆင်မှုတက် လျှင်လည်း ပြစ်ဒါဏ်ပြောင်းလဲသွားနိုင်ပါသည်။ အခြားအကြောင်းများနှင့် ၎င်းအယူခံကာလ ကုန်ဆုံးသွားမှသာ လျှင် အတည်ပြုပြစ်ဒဏ်ကိုသာ ပြစ်ဒါဏ်ဟုသတ်မှတ်ပါသည်။
– အယူခံကာလမကုန်ဆုံးသေးမှ အတည်ပြုပြစ်ဒါဏ်မဖြစ်သေးမှီ အကျဉ်းသားများ မူလရပိုင်ခွင့်များ ရှိနေပါ သည်။ ထိုအချိန်မျိုး ပုံစံကေညှပ်ခြင်း ရဲဘက်ထုတ်ခြင်း ထောင်ပြောင်းခြင်းများပြုလုပ်ခြင်းသည် အကျဉ်းသား၏ မူလအခွင့်အရေးများကို မျက်ကွယ်ပြုရာကျပါသည်။ သတိထားဆောင်ရွက်သင့်ပါသည်။
– ပြစ်ဒဏ်တစ်ခုထက်ပိုသောပြစ်ဒဏ်စုစုပေါင်းလည်းပါဝင်ပါသည်။ ခံဝန်ပျက်ကွက်၍ အကျဉ်းထောင်သို့ ပြစ် ဒဏ်သတ်မှတ်၍ ပို့အပ်သူများလည်းပါဝင်ပါသည်။
– တစ်သက်တစ်ကျွန်းပြစ်ဒါဏ်ချမှတ်ခြင်းခံရသူ၏ ဝါးရမ်းတွင်အကျဉ်းသားအတန်းအစားကို တရားရုံးက သတ် မှတ်ပေးရမည်ဖြစ်ပြီး မပါရှိလျှင် တရားသူကြီးထံပြန်လည်ပေးပို့ပြီး အတန်းအစားကို သတ်မှတ်ပေးရန်တောင်း ဆိုရမည်။ အတန်းအစားသတ်မှတ်ပြီးမှလက်ခံရမည်။
– တစ်သတ်တစ်ကျွန်းပြစ်ဒါဏ်ကျ အကျဉ်းသားများ ထောင်ဒဏ်(၁၄) နှစ်အထက် ပြစ်ဒဏ်ကျခံရသော အကျဉ်းသားများအား ထောင်ဒဏ်(၁၄) နှစ်ထက်ပိုသော အကျဉ်းသားများသည် ကျခံပြီးသော ထောင်ဒဏ် ကာလဖြင့် နည်းဥပဒေအရ ခံစားခွင့်ရပြီးသော လျော့ရက်များပေါင်းလျှင် စုစုပေါင်း (၁၄) နှစ်ရှိက လျော့ပေါ့ လွတ်ငြိမ်းသာခွင့်ပြုရန်အတွက် ထောင်ပုံစံ (၃၂) (က) သို့မဟုတ် ထောင်ပုံစံ ၃၂ (ခ) တို့ဖြင့် မိမိ၏ဝန်ကြီး ဌာနသို့ တင်ပြရမည်။
– မိမိအကျဉ်းထောင်တွင် (၁၄) နှစ်ပြစ်ဒါဏ်ကျခံပြီးသော အကျဉ်းသားများရှိမရှိ ပြန်လည်စစ်ဆေးပြီး ညွှန်ချုပ်မှ တဆင့် ဝန်ကြီးဌာနသို့ လျော့ပေါ့လွတ်ငြိမ်းသာခွင့်ပြုနိုင်ရန် ဥပဒေနှင့်တင်ပြရန်လိုအပ်ပါသည်။
– အကျဉ်းသားတစ်ဦးအတွက် ထောင်ဒါဏ် (၁၄) နှစ်ကာလသည် နောင်တ တရားရရှိရန်လုံလောက်ပါသည်။

အပိုင်း(ရ)

တနင်္လာနေ့တိုင်း အပတ်စဉ် ဆက်လက်ဖော်ပြမည်။ ဆောင်းပါးရှင် ဦးသန်းစိုးသည် အကျဉ်းဦးစီးဌာန၌ ညွှန် ကြားရေးမှူး(ငြိမ်း)တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။

#PeopleMedia #အကျဉ်းထောင်


Share this post