• Follow Us on

Home လူအခ်ိဳ႕၏စနစ္တက်စီစဥ္၍ ဆႏၵျပ႐ုံျဖင့္ ေ႐ြး ေကာက္ပြဲရလဒ္မေျပာင္းလဲနိုင္ေၾကာင္း NLD ပါတီ CEC အဖြဲ႕၀င္ေဒါက္တာမ်ိဳးၫြန႔္ေျပာ

လူအခ်ိဳ႕၏စနစ္တက်စီစဥ္၍ ဆႏၵျပ႐ုံျဖင့္ ေ႐ြး ေကာက္ပြဲရလဒ္မေျပာင္းလဲနိုင္ေၾကာင္း NLD ပါတီ CEC အဖြဲ႕၀င္ေဒါက္တာမ်ိဳးၫြန႔္ေျပာ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၇ (PeopleMedia)
၂၀၂၀ ေ႐ြးေကာက္ပြဲသည္ မွ်မွ်တတေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည့္အတြက္ လူအခ်ိဳ႕၏စနစ္တက်စီစဥ္ဆႏၵျပ႐ုံျဖင့္ ေ႐ြး ေကာက္ပြဲရလဒ္မေျပာင္းလဲနိုင္ေၾကာင္း NLD ပါတီ CEC အဖြဲ႕၀င္ေဒါက္တာမ်ိဳးၫြန႔္မွ ေျပာသည္။
ဒီဇင္ဘာ ၆ ရက္ေန႕ နံနက္ပိုင္းအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕ရွိ အေမရိကန္သံ႐ုံး၊ ၿဗိတိသွ်သံ႐ုံး၊ ဂ်ပန္သံ႐ုံး၊ တ႐ုတ္သံ ႐ုံး အစရွိတဲ့ သံ႐ုံး ၄ ေရွ႕မ်ားတြင္ ျပည္သူ႕ဆႏၵ ထုတ္ေဖာ္ျခင္း၊ ‘မဲခိုးမဲတိုးေကာ္မရွင္ အလိုမရွိ၊ ျပည္သူ႕ဆႏၵ အမွန္မဟုတ္သည့္ ေ႐ြးေကာက္ပြဲရလဒ္အလိုမရွိ၊ လြတ္လပ္ေသာ စုံစမ္းေကာ္မရွင္ ဖြဲ႕စည္းေပးေရးတို႔အေရး၊ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္အလိုမရွိ စသည့္ စာသားမ်ားပါရွိသည့္ ဗီနိုင္းမ်ားကိုင္ေဆာင္ကာ ဆႏၵ ထုတ္ေဖာ္ခဲ့သည္။
ယင္းကိစၥႏွင့္ပတ္သက္ၿပီး People Media မွ NLD ပါတီ CEC အဖြဲ႕၀င္ေဒါက္တာမ်ိဳးၫြန႔္အား ဆက္သြယ္ ေမးျမန္းရာ ၎မွအထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ေ႐ြးေကာက္ပြဲက ျပည္သူ ၃၇ သန္းရဲ႕ေရွ႕မွာ ေနာက္ၿပီး နိုင္ငံတကာေလ့လာသုံးသပ္သူမ်ားရဲ႕ေရွ႕မွာ မွ်မွ်တတ ေဆာင္႐ြက္သြားတယ္ဆိုတာ အားလုံးအသိပဲျဖစ္ပါတယ္။ ဒီလိုလူအခ်ိဳ႕ရဲ႕ စနစ္တက်စီစဥ္ၿပီးေတာ့ ဆႏၵျပ႐ုံမွ်နဲ႕ ေတာ့ ေ႐ြးေကာက္ပြဲတစ္ခုရဲ႕ ရလဒ္ကမေျပာင္းလဲနိုင္ပါဘူး။ ပုံရိပ္လည္းမထိခိုက္နိုင္ပါဘူး”ဟု ၎ မွေျပာသည္။
ဆႏၵျပခဲ့ၾကသည့္သူေတြႏွင့္ပတ္သက္ၿပီး ၎မွ “ဆႏၵျပတဲ့လူေတြကိုေတာ့ ကြၽန္ေတာ္မေျပာခ်င္ဘူးခင္ဗ်။ သူတို႔ကဆႏၵျပပြဲကို စီစဥ္တဲ့လူေတြက ပဲအေရးႀကီး တာပါ။ ဆႏၵျပတဲ့လူေတြကေတာ့ ကိုယ္ကိုင္တဲ့ဆိုင္းဘုတ္ ေတာင္မွ အထက္လားေအာက္လားမသိ လူေတြပါ။ အဲဒီ ေတာ့ ဆႏၵျပပြဲကိုစီစဥ္တဲ့လူေတြကို ကြၽန္ေတာ္ေျပာ ခ်င္ပါတယ္။ ေ႐ြးေကာက္ပြဲေအာင္နိုင္ဖို႔ဟာ ျပည္သူႏွလုံးသားကို ရေအာင္ႀကိဳးစားရတာပါ။ ျပည္သူခ်စ္လာ ေအာင္ ႀကိဳးစားရတာပါ။ အဲဒီေတာ့ ျပည္သူ ေတြေလးစားဖို႔ ျဖစ္လာဖို႔အတြက္ အခုလိုဆႏၵျပပြဲေတြက အက်ိဳး မျပဳ႐ုံတင္မဟုတ္ဘူး ဆန႔္က်င္ဘက္အက်ိဳး သက္ေရာက္ေစပါလိမ့္မယ္လို႔ ေျပာခ်င္ပါတယ္”ဟု ဆိုသည္။
ထို႔အျပင္ ယင္းေ႐ြးေကာက္ပြဲတြင္ NLD ပါတီအဖြဲ႕ခ်ဳပ္အား အစိုးရဖြဲ႕နိုင္သည္အထိ မဲပုံေအာေပးခဲ့ၾကသည့္ ျပည္သူေတြကို ေက်းဇူးတင္ေၾကာင္း အထပ္ထပ္အခါခါေျပာခ်င္ပါသည္ဟု ထပ္ေလာင္းေျပာၾကားခဲ့သည္။
အလားတူ ဒီဇင္ဘာ ၆ ရက္ေန႕ နံနက္ပိုင္းအခ်ိန္တြင္ သံ႐ုံးေလးခုေရွ႕တြင္ ဦးေဆာင္ဆႏၵျပခဲ့သူ ၂၀ ဦးအား ဖမ္းဆီးခဲ့ၿပီး သက္ဆိုင္ရာ ရဲစခန္းအသီးသီးမွ ၿငိမ္စုစီဥပေဒျဖင့္ အမႈဖြင့္ တရားစြဲဆိုခဲ့သည္။
[Unicode]
လူအချို့၏စနစ်တကျစီစဉ်၍ ဆန္ဒပြရုံဖြင့် ရွေး ကောက်ပွဲရလဒ်မပြောင်းလဲနိုင်ကြောင်း NLD ပါတီ CEC အဖွဲ့၀င်ဒေါက်တာမျိုးညွန့်ပြော
…………………………………………………………………………………………………………………
ရန်ကုန်၊ ဒီဇင်ဘာ ၇ (PeopleMedia)
၂၀၂၀ ရွေးကောက်ပွဲသည် မျှမျှတတဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက် လူအချို့၏စနစ်တကျစီစဉ်ဆန္ဒပြရုံဖြင့် ရွေး ကောက်ပွဲရလဒ်မပြောင်းလဲနိုင်ကြောင်း NLD ပါတီ CEC အဖွဲ့၀င်ဒေါက်တာမျိုးညွန့်မှ ပြောသည်။
ဒီဇင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ ဗြိတိသျှသံရုံး၊ ဂျပန်သံရုံး၊ တရုတ်သံ ရုံး အစရှိတဲ့ သံရုံး ၄ ရှေ့များတွင် ပြည်သူ့ဆန္ဒ ထုတ်ဖော်ခြင်း၊ ‘မဲခိုးမဲတိုးကော်မရှင် အလိုမရှိ၊ ပြည်သူ့ဆန္ဒ အမှန်မဟုတ်သည့် ရွေးကောက်ပွဲရလဒ်အလိုမရှိ၊ လွတ်လပ်သော စုံစမ်းကော်မရှင် ဖွဲ့စည်းပေးရေးတို့အရေး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အလိုမရှိ စသည့် စာသားများပါရှိသည့် ဗီနိုင်းများကိုင်ဆောင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး People Media မှ NLD ပါတီ CEC အဖွဲ့၀င်ဒေါက်တာမျိုးညွန့်အား ဆက်သွယ် မေးမြန်းရာ ၎င်းမှအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲက ပြည်သူ ၃၇ သန်းရဲ့ရှေ့မှာ နောက်ပြီး နိုင်ငံတကာလေ့လာသုံးသပ်သူများရဲ့ရှေ့မှာ မျှမျှတတ ဆောင်ရွက်သွားတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီလိုလူအချို့ရဲ့ စနစ်တကျစီစဉ်ပြီးတော့ ဆန္ဒပြရုံမျှနဲ့ တော့ ရွေးကောက်ပွဲတစ်ခုရဲ့ ရလဒ်ကမပြောင်းလဲနိုင်ပါဘူး။ ပုံရိပ်လည်းမထိခိုက်နိုင်ပါဘူး”ဟု ၎င်း မှပြောသည်။
ဆန္ဒပြခဲ့ကြသည့်သူတွေနှင့်ပတ်သက်ပြီး ၎င်းမှ “ဆန္ဒပြတဲ့လူတွေကိုတော့ ကျွန်တော်မပြောချင်ဘူးခင်ဗျ။ သူတို့ကဆန္ဒပြပွဲကို စီစဉ်တဲ့လူတွေက ပဲအရေးကြီး တာပါ။ ဆန္ဒပြတဲ့လူတွေကတော့ ကိုယ်ကိုင်တဲ့ဆိုင်းဘုတ် တောင်မှ အထက်လားအောက်လားမသိ လူတွေပါ။ အဲဒီ တော့ ဆန္ဒပြပွဲကိုစီစဉ်တဲ့လူတွေကို ကျွန်တော်ပြော ချင်ပါတယ်။ ရွေးကောက်ပွဲအောင်နိုင်ဖို့ဟာ ပြည်သူနှလုံးသားကို ရအောင်ကြိုးစားရတာပါ။ ပြည်သူချစ်လာ အောင် ကြိုးစားရတာပါ။ အဲဒီတော့ ပြည်သူ တွေလေးစားဖို့ ဖြစ်လာဖို့အတွက် အခုလိုဆန္ဒပြပွဲတွေက အကျိုး မပြုရုံတင်မဟုတ်ဘူး ဆန့်ကျင်ဘက်အကျိုး သက်ရောက်စေပါလိမ့်မယ်လို့ ပြောချင်ပါတယ်”ဟု ဆိုသည်။
ထို့အပြင် ယင်းရွေးကောက်ပွဲတွင် NLD ပါတီအဖွဲ့ချုပ်အား အစိုးရဖွဲ့နိုင်သည်အထိ မဲပုံအောပေးခဲ့ကြသည့် ပြည်သူတွေကို ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါပြောချင်ပါသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
အလားတူ ဒီဇင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် သံရုံးလေးခုရှေ့တွင် ဦးဆောင်ဆန္ဒပြခဲ့သူ ၂၀ ဦးအား ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှ ငြိမ်စုစီဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

Share this post