• Follow Us on

Home ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ​၏ နာမည္ကို အသုံးခ်၍ ကိုယ္က်ိဳးစီးပြားရွာေနသူမ်ားကို အေရးယူရန္ ၿမိဳ႕ေတာ္အခန္းမ ေရွ႕တြင္ တစ္ကိုယ္ေတာ္ ဆႏၵထုတ္ေဖာ္ခဲ့သူကို ရဲတပ္ဖြဲ႕ ဖမ္းဆီး

ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ​၏ နာမည္ကို အသုံးခ်၍ ကိုယ္က်ိဳးစီးပြားရွာေနသူမ်ားကို အေရးယူရန္ ၿမိဳ႕ေတာ္အခန္းမ ေရွ႕တြင္ တစ္ကိုယ္ေတာ္ ဆႏၵထုတ္ေဖာ္ခဲ့သူကို ရဲတပ္ဖြဲ႕ ဖမ္းဆီး

Share this post

ရန္ကုန္ ၊ ဒီဇင္ဘာ ၇(PeopleMedia)
ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ၏ နာမည္ကို အသုံးခ်၍ လူပုဂၢိဳလ္တခ်ိဳ႕ က KTV ဖြင့္လွစ္ေနမႈႏွင့္ ပတ္သက္၍ NLD ပါတီ အေနျဖင့္ အေရးယူေပးရန္ နိုင္ငံေရး အက်ဥ္းသားတစ္ဦးက ဒီကေန႕ ၿမိဳ႕အခန္းမေရွ႕တြင္ တစ္ကိုယ္ေတာ္ ဆႏၵထုတ္ေဖာ္မႈ ျပဳလုပ္ခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္သည္။
” ဝန္ႀကီးခ်ဳပ္နာမည္ကို အလြဲသုံးစားလုပ္ၿပီးေတာ့ လူပုဂၢိဳလ္ အခ်ိဳ႕က လာဘ္ရွာေနပါတယ္။တခ်ိဳ႕ေတြဆိုရင္ မာဆက္ေတြ KTV ေတြ ေထာင္ထားပါတယ္။ အဲ့ဒါက အာဏာပိုင္ေတြ နဲ႕ ပူးေပါင္းၿပီးေတာ့ လုပ္ေနတာပါ”ဟု တကယ္ေတာ္ ဆႏၵထုတ္ေဖာ္ခဲ့သူ ဦးေအာင္ခ်ိဳဦးက ေျပာသည္။
ရန္ကုန္တိုင္းေဒသႀကီး တိုက္ႀကီးၿမိဳ႕နယ္တြင္ လူပုဂၢိဳလ္တခ်ိဳ႕မွ ခြင့္ျပဳမရွိပဲ ေျမႀကီးမ်ားအား တူးေဖာ္ကာ အုတ္ခဲဖုတ္သည့္ လုပ္ငန္းလုပ္ကိုင္ျခင္း ၊ တရားမဝင္ အႏွိပ္ခန္းမ်ားလုပ္ကိုင္ျခင္း ႏွင့္ KTV မ်ား ေထာင္ထားသည့္ အေပၚ သက္ဆိုင္ရာ က အေရးယူေဆာင္႐ြက္ျခင္းမရွိသည့္အတြက္ တစ္ကိုယ္ေတာ္ ဆႏၵထုတ္ေဖာ္ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
” လာဘ္စားမႈဆိုတာ မရွိသင့္ေတာ့ပါဘူး အခုအခ်ိန္အထိ လာဘ္စားမႈကရွိေနတယ္။ အာဏာပိုင္ေတြ နဲ႕ ပူးေပါင္းထားတဲ့အတြက္ တိုက္ႀကီးစခန္းမွာ အမႈဖြင့္မယ္ဆိုရင္လဲ ဖြင့္လို႔မရပါဘူး” ဟု ဦးေအာင္ခ်ိဳဦးက ေျပာသည္။
ထိုကဲ့သို႔ တရားဝင္ခြင့္ျပဳခ်က္မရွိပဲ တစ္ကိုယ္ေတာ္ ဆႏၵ ထုတ္ေဖာ္ခဲ့ျခင္းေၾကာင့္ ေက်ာက္တံတားၿမိဳ႕နယ္ ရဲစခန္းမွ လာေရာက္ဖမ္းဆီးမႈလဲ ျပဳလုပ္ခဲ့သည္။
photo-credit
#PeopleMedia #တိုက္ႀကီးၿမိဳ႕ #နိုင္က်ဥ္း
[Unicode]
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ​၏ နာမည်ကို အသုံးချ၍ ကိုယ်ကျိုးစီးပွားရှာနေသူများကို အရေးယူရန် မြို့တော်အခန်းမ ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူကို ရဲတပ်ဖွဲ့ ဖမ်းဆီး
ရန်ကုန် ၊ ဒီဇင်ဘာ ၇(PeopleMedia)
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၏ နာမည်ကို အသုံးချ၍ လူပုဂ္ဂိုလ်တချို့ က KTV ဖွင့်လှစ်နေမှုနှင့် ပတ်သက်၍ NLD ပါတီ အနေဖြင့် အရေးယူပေးရန် နိုင်ငံရေး အကျဉ်းသားတစ်ဦးက ဒီကနေ့ မြို့အခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
” ဝန်ကြီးချုပ်နာမည်ကို အလွဲသုံးစားလုပ်ပြီးတော့ လူပုဂ္ဂိုလ် အချို့က လာဘ်ရှာနေပါတယ်။တချို့တွေဆိုရင် မာဆက်တွေ KTV တွေ ထောင်ထားပါတယ်။ အဲ့ဒါက အာဏာပိုင်တွေ နဲ့ ပူးပေါင်းပြီးတော့ လုပ်နေတာပါ”ဟု တကယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ ဦးအောင်ချိုဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် လူပုဂ္ဂိုလ်တချို့မှ ခွင့်ပြုမရှိပဲ မြေကြီးများအား တူးဖော်ကာ အုတ်ခဲဖုတ်သည့် လုပ်ငန်းလုပ်ကိုင်ခြင်း ၊ တရားမဝင် အနှိပ်ခန်းများလုပ်ကိုင်ခြင်း နှင့် KTV များ ထောင်ထားသည့် အပေါ် သက်ဆိုင်ရာ က အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
” လာဘ်စားမှုဆိုတာ မရှိသင့်တော့ပါဘူး အခုအချိန်အထိ လာဘ်စားမှုကရှိနေတယ်။ အာဏာပိုင်တွေ နဲ့ ပူးပေါင်းထားတဲ့အတွက် တိုက်ကြီးစခန်းမှာ အမှုဖွင့်မယ်ဆိုရင်လဲ ဖွင့်လို့မရပါဘူး” ဟု ဦးအောင်ချိုဦးက ပြောသည်။
ထိုကဲ့သို့ တရားဝင်ခွင့်ပြုချက်မရှိပဲ တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းကြောင့် ကျောက်တံတားမြို့နယ် ရဲစခန်းမှ လာရောက်ဖမ်းဆီးမှုလဲ ပြုလုပ်ခဲ့သည်။
photo-credit
#PeopleMedia #တိုက်ကြီးမြို့ #နိုင်ကျဉ်း


Share this post