• Follow Us on

Home လူၾကားသူၾကားသြားလာပါက ႏွာေခါင္းစည္း၀တ္ဆင္ဖို႔ W.H.O အႀကံေပး

လူၾကားသူၾကားသြားလာပါက ႏွာေခါင္းစည္း၀တ္ဆင္ဖို႔ W.H.O အႀကံေပး

Share this post

ဂ်ီနီဗာ၊ ဇြန္ ၆

ႏွာေခါင္းစည္းေတြအတြက္ အႀကံျပဳခ်က္ကို ကမာၻ႔က်န္းမာေရးအဖြဲ႕ (W.H.O)က ေျပာင္းလဲၿပီး ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈကိုဟန္႔တားႏိုင္ဖို႔ လူၾကားသူၾကားသြားလာရင္ တပ္ဆင္သင့္တယ္လို႔ ေျပာပါတယ္။

ႏွာေခါင္းစည္းေတြဟာ ကူးစက္ႏိုင္ေခ်႐ွိတဲ့အမႈန္အမႊားေတြအတြက္ အတားအဆီးတစ္ခုျဖစ္ႏိုင္တယ္လို႔ သတင္းအခ်က္အလက္သစ္ေတြမွာ ေဖာ္ျပေနတယ္ဆိုၿပီး ေျပာတာပါ။ ကမာၻ႔ႏိုင္ငံကလည္း လူၾကားသူၾကား သြားလာရင္ ႏွာေခါင္းစည္းေတြ၀တ္ဆင္ဖို႔ အႀကံျပဳ ဒါမွမဟုတ္ လုပ္ဖို႔တိုက္တြန္းထားပါတယ္။

က်န္းမာေရးေကာင္းတဲ့လူေတြ ႏွာေခါင္းစည္းတပ္သင့္တယ္ဆိုတဲ့သက္ေသအေထာက္အထား လံုလံုေလာက္ ေလာက္မ႐ွိဘူးလို႔ W.H.O က အေစာပိုင္းမွာေျပာထားပါတယ္။

ကူးစက္မႈအႏၲရာယ္႐ွိႏိုင္တဲ့ေနရာေတြမွာ ေဆးပညာသံုးမဟုတ္တဲ့အ၀တ္ႏွာေခါင္းစည္းေတြတပ္ဖို႔ အႀကံျပဳခ်င္ တာလို႔ W.H.O ရဲ႕ COVID-19 ဆိုင္ရာနည္းပညာပိုင္းေခါင္းေဆာင္ ေဒါက္တာ မာရီယာဗန္ကာခို႔ဗ္က ေျပာပါ တယ္။

ေဆးဘက္ဆိုင္ရာသံုးႏွာေခါင္းစည္းေတြကို ေနမေကာင္းသူေတြနဲ႔ သူတို႔ကိုျပဳစုေနသူေတြတပ္ဆင္သင့္တယ္လို႔ W.H.O က အၿမဲတမ္းအႀကံျပဳထားပါတယ္။ ကမာၻတ၀န္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၆.၇ သန္း႐ွိေနၿပီး ေသဆံုးသူ ၄ သိန္းနီးပါး႐ွိေနၿပီလို႔ ဂၽြန္ေဟာ့ကင္းတကၠသိုလ္ရဲ႕အခ်က္အလက္ေတြအရသိရပါတယ္။

Ref : Coronavirus: WHO advises to wear masks in public areas

#PeopleMedia

(unicode)
လူကြားသူကြားသွားလာပါက နှာခေါင်းစည်းဝတ်ဆင်ဖို့ W.H.O အကြံပေး
……………………………………………………………

ဂျီနီဗာ၊ ဇွန် ၆

နှာခေါင်းစည်းတွေအတွက် အကြံပြုချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O)က ပြောင်းလဲပြီး ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကိုဟန့်တားနိုင်ဖို့ လူကြားသူကြားသွားလာရင် တပ်ဆင်သင့်တယ်လို့ ပြောပါတယ်။

နှာခေါင်းစည်းတွေဟာ ကူးစက်နိုင်ချေရှိတဲ့အမှုန်အမွှားတွေအတွက် အတားအဆီးတစ်ခုဖြစ်နိုင်တယ်လို့ သတင်းအချက်အလက်သစ်တွေမှာ ဖော်ပြနေတယ်ဆိုပြီး ပြောတာပါ။ ကမ္ဘာ့နိုင်ငံကလည်း လူကြားသူကြား သွားလာရင် နှာခေါင်းစည်းတွေဝတ်ဆင်ဖို့ အကြံပြု ဒါမှမဟုတ် လုပ်ဖို့တိုက်တွန်းထားပါတယ်။

ကျန်းမာရေးကောင်းတဲ့လူတွေ နှာခေါင်းစည်းတပ်သင့်တယ်ဆိုတဲ့သက်သေအထောက်အထား လုံလုံလောက် လောက်မရှိဘူးလို့ W.H.O က အစောပိုင်းမှာပြောထားပါတယ်။

ကူးစက်မှုအန္တရာယ်ရှိနိုင်တဲ့နေရာတွေမှာ ဆေးပညာသုံးမဟုတ်တဲ့အဝတ်နှာခေါင်းစည်းတွေတပ်ဖို့ အကြံပြုချင် တာလို့ W.H.O ရဲ့ COVID-19 ဆိုင်ရာနည်းပညာပိုင်းခေါင်းဆောင် ဒေါက်တာ မာရီယာဗန်ကာခို့ဗ်က ပြောပါ တယ်။

ဆေးဘက်ဆိုင်ရာသုံးနှာခေါင်းစည်းတွေကို နေမကောင်းသူတွေနဲ့ သူတို့ကိုပြုစုနေသူတွေတပ်ဆင်သင့်တယ်လို့ W.H.O က အမြဲတမ်းအကြံပြုထားပါတယ်။ ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆.၇ သန်းရှိနေပြီး သေဆုံးသူ ၄ သိန်းနီးပါးရှိနေပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့အချက်အလက်တွေအရသိရပါတယ်။

Ref : Coronavirus: WHO advises to wear masks in public areas

#PeopleMedia


Share this post