• Follow Us on

Home လူ႔အခြင့္အေရးေဖာက္ဖ်က္မႈမ်ားေၾကာင့္ တပ္မေတာ္ပိုင္ဆိပ္ကမ္းမ်ားကို အသံုးျပဳေတာ့မည္မဟုတ္ဟု ကုန္တင္သေဘၤာကုမၸဏီႀကီး Maersk ေျပာ

လူ႔အခြင့္အေရးေဖာက္ဖ်က္မႈမ်ားေၾကာင့္ တပ္မေတာ္ပိုင္ဆိပ္ကမ္းမ်ားကို အသံုးျပဳေတာ့မည္မဟုတ္ဟု ကုန္တင္သေဘၤာကုမၸဏီႀကီး Maersk ေျပာ

Share this post

ဒါကာ၊ ေအာက္တိုဘာ ၉
 
ျမန္မာႏိုင္ငံမွ တပ္မေတာ္ပိုင္ဆိပ္ကမ္းမ်ားကို အသံုးျပဳေတာ့မည္မဟုတ္ဟု ကုန္တင္သေဘၤာကုမၸဏီႀကီး Maersk က ေျပာသည္ဟု ေလာ္ဘီအဖြဲ႔တစ္ဖြဲ႔က ၾကာသပေတးေန႔တြင္ေျပာသည္။
 
ဘာမားကမ္ပိန္းယူေကက ႏိုင္ငံတကာကုမၸဏီႀကီးမ်ားကို တပ္မေတာ္ႏွင့္အဆက္အဆံရပ္ရန္ ေတာင္းဆို ေနသည္။
 
ေအာက္တိုဘာလကုန္မွစၿပီး ျမန္မာႏိုင္ငံမွတပ္မေတာ္ပိုင္ဆိပ္ကမ္းမ်ားကို အသံုးျပဳမႈရပ္ဆိုင္းမည္ဟု ကမာၻ႔အႀကီးဆံုးကုန္တင္သေဘၤာကုမၸဏီ APMoller-Maersk ကေျပာသည္ဟု ဘားမားကမ္ပိန္းယူေကက ၾကာသပေတးေန႔တြင္ေျပာသည္။
 
မူ၀ါဒေျပာင္းလဲမႈႏွင့္ပတ္သက္၍ ကုမၸဏီဘက္က အေၾကာင္းျပခ်က္တိတိက်က်မေပးေခ်။
 
ဂ်ပန္ဘီယာကုမၸဏီႀကီး Kirin ကလည္း ၿပီးခဲ့သည့္လတြင္ ႏိုင္ငံအတြင္းလုပ္ငန္းလည္ပတ္ေနမႈကို ျပန္လည္ သံုးသပ္ေနသည္ဟု ေၾကညာခဲ့သည္။
 
Ref : Maersk to stop using Myanmar military ports over human rights abuses
 
#Peoplemedia
 
(Unicode)
လူ့အခွင့်အရေးဖောက်ဖျက်မှုများကြောင့် တပ်မတော်ပိုင်ဆိပ်ကမ်းများကို အသုံးပြုတော့မည်မဟုတ်ဟု ကုန်တင်သင်္ဘောကုမ္ပဏီကြီး Maersk ပြော
…………………………………………
 
ဒါကာ၊ အောက်တိုဘာ ၉
 
မြန်မာနိုင်ငံမှ တပ်မတော်ပိုင်ဆိပ်ကမ်းများကို အသုံးပြုတော့မည်မဟုတ်ဟု ကုန်တင်သင်္ဘောကုမ္ပဏီကြီး Maersk က ပြောသည်ဟု လော်ဘီအဖွဲ့တစ်ဖွဲ့က ကြာသပတေးနေ့တွင်ပြောသည်။
 
ဘာမားကမ်ပိန်းယူကေက နိုင်ငံတကာကုမ္ပဏီကြီးများကို တပ်မတော်နှင့်အဆက်အဆံရပ်ရန် တောင်းဆို နေသည်။
 
အောက်တိုဘာလကုန်မှစပြီး မြန်မာနိုင်ငံမှတပ်မတော်ပိုင်ဆိပ်ကမ်းများကို အသုံးပြုမှုရပ်ဆိုင်းမည်ဟု ကမ္ဘာ့အကြီးဆုံးကုန်တင်သင်္ဘောကုမ္ပဏီ APMoller-Maersk ကပြောသည်ဟု ဘားမားကမ်ပိန်းယူကေက ကြာသပတေးနေ့တွင်ပြောသည်။
 
မူဝါဒပြောင်းလဲမှုနှင့်ပတ်သက်၍ ကုမ္ပဏီဘက်က အကြောင်းပြချက်တိတိကျကျမပေးချေ။
 
ဂျပန်ဘီယာကုမ္ပဏီကြီး Kirin ကလည်း ပြီးခဲ့သည့်လတွင် နိုင်ငံအတွင်းလုပ်ငန်းလည်ပတ်နေမှုကို ပြန်လည် သုံးသပ်နေသည်ဟု ကြေညာခဲ့သည်။
 
Ref : Maersk to stop using Myanmar military ports over human rights abuses
 
#Peoplemedia

Share this post