• Follow Us on

Home လှည်းကူးမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့အနီးတွင် ပေါက်ကွဲမှုဖြစ်ပွား အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

လှည်းကူးမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့အနီးတွင် ပေါက်ကွဲမှုဖြစ်ပွား အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့အနီးတွင် ယနေ့ ၁၁ နာရီ အချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းအချိန်တွင် အဆိုပါအုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းမျက်နှာချင်းဆိုင်တွင် ရပ်ထားသည့် ကားတစ်စီးအောက်သို့ ဆိုင်ကယ်စီးလာသူတစ်ဦးမှ အထုပ်တစ်ထုပ်ပစ်ချခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ယင်းပေါက်ကွဲမှုကြောင့် ကားတာယာများကွဲထွက်ကာ အမျိုးသားတစ်ဦးမှာ ခြေထောက်တွင်ဒဏ်ရာရရှိခဲ့သည် ဟုဆိုသည်။

 

အလားတူ အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ကမ်းနားလမ်းနှင့် နှင်းဆီလမ်းထောင့် ထူးဓာတ်ဆီဆိုင် အနီးတွင် ယနေ့ နံနက် ၅ နာရီအချိန်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရ သည်။

 

#PeopleMedia #လှည်းကူးမြို့

 

(unicode)


…………………………………………………………………………

 


 


 


 


 


 



Share this post