• Follow Us on

Home ပေါင်းတည်မြို့နှင့် ရွှေဘိုမြို့ကျေးရွာများအတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင်၏ နေအိမ်များအား ဗုံးဖြင့် ပစ်ခတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံး

ပေါင်းတည်မြို့နှင့် ရွှေဘိုမြို့ကျေးရွာများအတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင်၏ နေအိမ်များအား ဗုံးဖြင့် ပစ်ခတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈ (People Media)

 

ပေါင်းတည်မြို့နှင့် ရွှေဘိုမြို့ ကျေးရွာများအတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင် နေအိမ်များသည် ဗုံးဖြင့် ပစ်ခတ်ခြင်း သေနတ်ဖြင့် ပစ်ခတ်ခြင်းများကြောင့် နေအိမ်ရှိ မိသားစုတစ်ချို့ သေဆုံးသွားကြောင်း ယင်းကျေးရွာတွင် နေထိုင်သူများထံမှ သိရသည်။

 

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ကန်ငယ်ရွာတွင် ယမန်နေ့ ညဦးပိုင်းက ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံး ရေးမှူးတစ်ဦး၏ နေအိမ်၌ မိသားစုနှင့် ရှိနေစဉ် အမည်မသိ လူတစ်စုမှ အိမ်ပြတင်းပေါက်အပြင်ဘက်က အိမ်ထဲသို့ လက်ပစ်ဗုံးနှင့် ပစ်သွင်းဖောက်ခွဲခဲ့ကြောင်း မိသားစုဝင်တစ်ချို့ သေဆုံးခဲ့ပြီး၊ မိသားစုဝင်တစ်ချို့ သေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ပြည်ခိုင်ဖြိုး ပါတီဝင် နေအိမ်များကို အမည်မသိ လူတစ်စုမှ သေနတ်နှင့် ပစ်ခတ်ခဲ့သည့်အတွက် ယင်းနေအိမ်များရှိ မိသားစုဝင်တစ်ချို့ သေဆုံးခဲ့သလို မိသားစုတစ်ချို့မှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၇ လအတွင်း အကြောင်းမဲ့သတ်ဖြတ်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များ မိသားစုများ၊ ပါတီအားပေးထောက်ခံသူများ စုစုပေါင်း (၂၅၃) သေဆုံးခဲ့ကြောင်း ယင်းပါတီမှ စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

#PeopleMedia #USDP #PDF

 

(unicode)


……………………………………………………………………

 


 


 


 


 


 

#PeopleMedia #USDP #PDF


Share this post