• Follow Us on

Home လှည်းကူးမြို့၌ ဆိုက်ကားနင်း၍ အသက်မွေးဝမ်းကျောင်းပြုသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ

လှည်းကူးမြို့၌ ဆိုက်ကားနင်း၍ အသက်မွေးဝမ်းကျောင်းပြုသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၇ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ မြို့မရပ်ကွက်၊ CB Bank လက်ဖက်ရည်ဆိုင်ရှေ့တွင် ဆိုက်ကားနင်း၍ အသက်မွေးဝမ်းကျောင်းပြုသူ အမျိုးသားတစ်ဦးသည် ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ် ခြင်းခံခဲ့ရသည်။

 

“မနက် ၈ နာရီ ၄၅ မိနစ်အချိန်မှာ CB Bank လက်ဖက်ရည်ဆိုင်ရှေ့မှာဖြစ်သွားတာ၊ ဆိုက်ကားနင်းတဲ့သူ ဦးမြင့်စိုး၊ သူကဆိုက်ကားနင်းတဲ့ဆရာဆိုတော့ ဆိုက်ကားပေါ်မှာ ထိုင်နေတာ။ သေနတ်နဲ့ ၂ ချက်ပစ်သွားတာ။ အဲ့နေရာမှာပဲ ဆုံးသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး၌ အုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော်သတင်းပေးဟု ယူဆသူများ၊ ဆိုင်ကယ်ကယ်ရီမောင်းနှင်းသူများနှင့် ဆိုက်ကားနင်း၍ အသက်မွေးဝမ်းကျောင်းပြုသူများ လုပ်ကြံခြင်း ခံရ လျက်ရှိသည်။

 

#PeopleMedia #လှည်းကူးမြို့နယ်

 

(unicode)


…………………………………………………………

 


 


 


 


 



Share this post