• Follow Us on

Home လျှပ်စစ်ဓာတ်အားများအား တရားမဝင်နည်းလမ်းများဖြင့် ရယူသုံးစွဲမှုမရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြပ်မတ်ဆောင်ရွက်ရန်နှင့် လျှပ်စစ်ဓာတ်အားများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန် န-စ-ကဥက္ကဋ္ဌ ပြောဆို

လျှပ်စစ်ဓာတ်အားများအား တရားမဝင်နည်းလမ်းများဖြင့် ရယူသုံးစွဲမှုမရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြပ်မတ်ဆောင်ရွက်ရန်နှင့် လျှပ်စစ်ဓာတ်အားများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန် န-စ-ကဥက္ကဋ္ဌ ပြောဆို

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၁ (People Media)

 

လျှပ်စစ်ဓာတ်အားများအား တရားမဝင်နည်းလမ်းများဖြင့် ရယူသုံးစွဲမှုမရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြပ်မတ်ဆောင်ရွက်ရန်နှင့် လျှပ်စစ်ဓာတ်အားများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က မှာကြားခဲ့သည်။

 

ယမန်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ အင်းတကော် စက်မှုဇုန်နယ်မြေ၊ EVER Meter စက်ရုံ သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားခဲ့ခြင်းဖြစ်သည်။

 

ရပ်နားထားရသည့်စက်များပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ရန်၊ စက်ရုံများအလိုက် စက်ပစ္စည်းများအား မလိုလားအပ်ဘဲပျက်ဆီးဆုံးရှုံးမှု မရှိစေရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်၊ မြန်မာ့လျှပ်စစ်လုပ်ငန်းတွင် အသုံးပြုရန် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဝါယာကြိုးများအား ပြည်တွင်း၌ အရည်အသွေးပြည့်မီသည့် ကုန်ကြမ်း များကိုအသုံးပြု၍ စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ထုတ်လုပ်နိုင်ပါက ပြည်ပငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် လုံလောက်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြား ခဲ့သည်။

 

အခြေခံပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲခများ သက်သာမှုရှိစေရေး စွမ်းအင်ချွေတာနိုင်သည့် လျှပ်စစ် ပစ္စည်းများ အသုံးပြုနိုင်ရေး ပညာပေးခြင်းနှင့် တိုက်တွန်းခြင်းများဆောင်ရွက်ပေးရန်၊ အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာရှိ လျှပ်စစ်သုံးစွဲခများနှင့် မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားသုံးစွဲခအား ပြည်သူလူထုသက်သာ မှုရှိစေရေး နှိုင်းယှဉ်သုံးသပ်ဆောင်ရွက်သွားရန်နှင့် ကျေးရွာများတွင် ထင်းသုံးစွဲ၍ ချက်ပြုတ်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ထင်းသုံးစွဲမှုလျှော့ချပေးရန်ုလိုအပ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ထင်းသုံးစွဲမှုများ လျှော့ချနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားကို တိုးမြှင့်ထုတ်လုပ်၍ ဓာတ်အားသုံးစွဲခများ သက်သာစွာရရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တစ်အိမ်ထောင်လျှင်ယူနစ် ၁၀၀ ခန့်သာသုံးစွဲပါက တစ်ယူနစ်လျှင် ခန့်မှန်းဓာတ်အား သုံးစွဲခငွေကျပ် ၆၀၀၀ ဝန်းကျင်ခန့်သာကုန်ကျမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးရွာများတွင် လျှပ်စစ်မီးရရှိစေရေးအတွက် ဆိုလာစနစ်များတပ်ဆင် ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာများဖြင့် အိမ်သုံးလျှပ်စစ်ဓာတ်အားများ ထုတ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ရန်နှင့် လိုအပ်လျက်ရှိသည့် ဆိုလာပြားများအား ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြား သည်။

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရန်ကုန်မြို့အတွင်း AMI စနစ်သုံးမီတာများ ရာနှုန်း ပြည့် ပြောင်းလဲတပ်ဆင်နိုင်ရေးဆောင်ရွက်ရန်နှင့် မန္တလေးမြို့တွင်လည်း AMI စနစ်သုံး လျှပ်စစ်မီတာများ ပြောင်းလဲတပ်ဆင်နိုင်ရေး လျာထားဆောင်ရွက်သွားရန်၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြို့ကြီးများတွင်လည်း တပ်ဆင်နိုင်ရေး အဆင့်လိုက်ဆောင်ရွက်သွားရန်၊ လျှပ်စစ်မီတာများ အရည်အသွေး အဆင့်မြင့်မားမှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုများ လျှော့ချနိုင်ရေးတို့အား ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။

 

#PeopleMedia #နစက #လျှပ်စစ်

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 



Share this post