• Follow Us on

Home လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးနှင့် လျှပ်စစ်ဓာတ်အားအသုံးပြု၍ အများပြည်သူ ပို့ဆောင်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေး န-စ-ကဥက္ကဋ္ဌနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းတို့ ဆွေးနွေးခဲ့

လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးနှင့် လျှပ်စစ်ဓာတ်အားအသုံးပြု၍ အများပြည်သူ ပို့ဆောင်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေး န-စ-ကဥက္ကဋ္ဌနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းတို့ ဆွေးနွေးခဲ့

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၈ (People Media)

 

လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးနှင့် လျှပ်စစ်ဓာတ်အားအသုံးပြု၍ အများပြည်သူ ပို့ဆောင်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေးအတွက် အောက်တိုဘာလ ၂၇ ရက်နေ့က န-စ-ကဥက္ကဋ္ဌနှင့် ရုရှား-မြန်မာ ချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းတို့ ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် နေပြည်တော်ရှိ တပ်မတော် ဧည့်ရိပ်သာ၌ လက်ခံတွေ့ ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ယင်းတွေ့ဆုံဆွေးနွေးရာ၌ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်း၌ လောင်စာ ဆီနှင့် သဘာဝဓာတ်ငွေ့များ၊ ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လျှပ်စစ် ဓာတ်အား လုံလောက်စွာရရှိရေးနှင့် လျှပ်စစ်ဓာတ်အားအသုံးပြု၍ အများပြည်သူ ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ နှစ်နိုင်ငံကြားသွားလာမှုအဆင်ပြေစေရန်အတွက် တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရေးအခြေအနေများ၊ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

 

ထို့အပြင် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

 

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာ- ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သော် (အငြိမ်းစား)တို့ တက်ရောက်ကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ Mr. Anatoly Bulochnikov နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia #ရုရှားမြန်မာ #န.စ.က

 

(unicode)


…………………………………………………………………

 


 


 


 


 


 

 


 



Share this post