• Follow Us on

Home ဝက္အားနည္းေရာဂါေၾကာင့္ေသဆုံး၀က္မ်ားကုိ ေရာင္းခ်ခြင့္မျပဳ၊ေျမျမဳပ္ရန္ ထန္တလန္ျမိဳ႕ အာဏာပုိင္မ်ား အမိန္႔ထုတ္၊ ေသဆုံးဝက္ (၁၃၀၀)ေက်ာ္ထိရွိလာ

ဝက္အားနည္းေရာဂါေၾကာင့္ေသဆုံး၀က္မ်ားကုိ ေရာင္းခ်ခြင့္မျပဳ၊ေျမျမဳပ္ရန္ ထန္တလန္ျမိဳ႕ အာဏာပုိင္မ်ား အမိန္႔ထုတ္၊ ေသဆုံးဝက္ (၁၃၀၀)ေက်ာ္ထိရွိလာ

Share this post

ကေလး၊ ၾသဂုတ္ – ၁၄

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕တြင္ ဝက္အားနည္းေရာဂါေၾကာင့္ေသဆုံးဝတ္မ်ားကုိ ေရာင္းခ်ခြင္မျပဳ႕ဘဲေျမျမဳပ္ရန္ ျမိဳ႕နယ္အာဏာပုိင္မ်ားက အမိန္႔ထုတ္ထားျပီး လက္ရွိအခ်ိန္၌ ေသဆုံးဝတ္ေကာင္ေရ(၁၃၆၀)ေက်ာ္ထိ ရွိလာေၾကာင္း ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ားက ဆုိသည္။

“ဝက္ေသဆုံးရင္ စနစ္တက်ေျမျမႇုပ္ရမယ္။မေရာင္းခ်ရဘူး”ဟု ထန္တလန္ၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန ဦးစီးမႉးဦးလ်န္ေဘြးကေျပာပါတယ္။

အလားတူ ထန္ထလန္ျမိဳ႕မွ ဝက္မ်ားသည္ စစ္ကုိင္းတုိင္းႏွင့္မေကြးတုိင္းအတြင္းသုိ႔ ဝင္ေရာက္မႈမရွိရန္ တုိင္းေဒသၾကီး/ျပည္နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ား ပူးေပါင္းျပီး ေဆာင္ရြက္လ်က္ရွိပါတယ္။

ထန္တလန္ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္းရွိ ဝက္မ်ားသည္ ဧၿပီလမွစတင္၍ ယေန႕အထိေသဆုံးမႈ ဝက္အေကာင္ေရ ၁၃၆၀ ေကာင္ထိ ေသဆုံးခဲ့ျပီးျဖစ္ပါတယ္။

ဝက္ေသဆုံးမႈမ်ားႏွင့္ပတ္သက္၍ ဝက္ကိုေသြးနမူနာယူၿပီး မႏၲေလး တိရိစာၦန္ ေရာဂါရွာေဖြေရး ဓာတ္ခြဲခန္းသို႔ ေပးပို႔ခဲ့ရာ Porcine Circovirus Type-2 (PCV-2) ဝက္အားနည္းေရာဂါေၾကာင့္ ေသဆုံးျခင္းျဖစ္တယ္လုိ႔ အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ားက ဆုိပါတယ္။

အဆိုပါဝက္အားနည္းေရာဂါဆက္လက္ျပန့္ပြားမႈမရွိေအာင္ ထန္တလန္ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနအေနျဖင့္ ဝက္ၿခံမ်ားကို ပိုးသတ္ေဆးဖ်န္းျခင္း၊ေဆးဖ်န္းေပးခဲ့သည့္ဝက္ၿခံပိုင္ရွင္မ်ားကို အသိပညာေပးျခင္း၊ ေမြးျမဴေရးႏွင့္ ကုသေ ရးဦးစီးဌာနမွ ထုတ္ျပန္ထားသည့္ ဝက္အားနည္းေရာဂါဆိုင္ရာ အသိပညာေပးလက္ကမ္းစာေစာင္မ်ားျဖန႔္ေဝျခင္း ႏွင့္ကူးစက္ေရာဂါဆိုင္ရာအသိပညာေပးပိုစတာမ်ားကပ္ျခင္းလုပ္ငန္းမ်ားကိုေဆာင္႐ြက္လ်က္ရွိပါတယ္။

ဓာတ္ပုံ – ထန္တလန္ျပန္ဆက္

သတင္း-သူရိယထက္(MPI)

#PeopleMedia #ထန္ထလန္

(unicode)
ဝက်အားနည်းရောဂါကြောင့်သေဆုံးဝက်များကို ရောင်းချခွင့်မပြု၊မြေမြုပ်ရန် ထန်တလန်မြို့ အာဏာပိုင်များ အမိန့်ထုတ်၊ သေဆုံးဝက် (၁၃၀၀)ကျော်ထိရှိလာ
……………………………………………………

ကလေး၊ ဩဂုတ် – ၁၄

ချင်းပြည်နယ် ထန်တလန်မြို့တွင် ဝက်အားနည်းရောဂါကြောင့်သေဆုံးဝတ်များကို ရောင်းချခွင်မပြု့ဘဲမြေမြုပ်ရန် မြို့နယ်အာဏာပိုင်များက အမိန့်ထုတ်ထားပြီး လက်ရှိအချိန်၌ သေဆုံးဝတ်ကောင်ရေ(၁၃၆၀)ကျော်ထိ ရှိလာကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက ဆိုသည်။

“ဝက်သေဆုံးရင် စနစ်တကျမြေမြှုပ်ရမယ်။မရောင်းချရဘူး”ဟု ထန်တလန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးဦးလျန်ဘွေးကပြောပါတယ်။

အလားတူ ထန်ထလန်မြို့မှ ဝက်များသည် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းအတွင်းသို့ ဝင်ရောက်မှုမရှိရန် တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။

ထန်တလန်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဝက်များသည် ဧပြီလမှစတင်၍ ယနေ့အထိသေဆုံးမှု ဝက်အကောင်ရေ ၁၃၆၀ ကောင်ထိ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

ဝက်သေဆုံးမှုများနှင့်ပတ်သက်၍ ဝက်ကိုသွေးနမူနာယူပြီး မန္တလေး တိရိစာ္ဆန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့ခဲ့ရာ Porcine Circovirus Type-2 (PCV-2) ဝက်အားနည်းရောဂါကြောင့် သေဆုံးခြင်းဖြစ်တယ်လို့ အုပ်ချုပ်ရေးအဖွဲ့များက ဆိုပါတယ်။

အဆိုပါဝက်အားနည်းရောဂါဆက်လက်ပြန့်ပွားမှုမရှိအောင် ထန်တလန် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ဝက်ခြံများကို ပိုးသတ်ဆေးဖျန်းခြင်း၊ဆေးဖျန်းပေးခဲ့သည့်ဝက်ခြံပိုင်ရှင်များကို အသိပညာပေးခြင်း၊ မွေးမြူရေးနှင့် ကုသ ေရးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဝက်အားနည်းရောဂါဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း နှင့်ကူးစက်ရောဂါဆိုင်ရာအသိပညာပေးပိုစတာများကပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါတယ်။

ဓာတ်ပုံ – ထန်တလန်ပြန်ဆက်

သတင်း-သူရိယထက်(MPI)

#PeopleMedia #ထန်ထလန်


Share this post