• Follow Us on

Home ဝန်ကြီးဌာနများ ဘဏ္ဍာငွေ ချွေတာသုံးစွဲရန် န-စ-ကဥက္ကဋ္ဌ ပြောဆို

ဝန်ကြီးဌာနများ ဘဏ္ဍာငွေ ချွေတာသုံးစွဲရန် န-စ-ကဥက္ကဋ္ဌ ပြောဆို

Share this post

ရန်ကုန်၊ သြဂုတ် – ၁၁ (People Media)

 

ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် မဖြစ်မနေ သုံးစွဲရသည့်လုပ်ငန်းကိစ္စရပ်များမှအပ၊ အခြားကိစ္စ ရပ်များတွင် တက်နိုင်သမျှ ဘဏ္ဍာငွေကို ချွေတာသုံးစွဲရန် န-စ-ကဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

 

သြဂုတ်လ ၁၀ ရက်နေ့၌ ကျင်းပသည့် အိမ်စောင့်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ၌ အထက်ပါ အတိုင်း န-စ-ကဥက္ကဋ္ဌက ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

 

န-စ-ကဥက္ကဋ္ဌက ”နိုင်ငံတော်အစိုးရ၏ ဝင်ငွေသည် အခွန်ငွေဖြစ်ပြီး စီးပွားရေးကျဆင်းမှုနှင့် လက်တလော ဖြစ်ပွားနေသည့် ကိုဗစ် ၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများရှိသည့်အတွက် အခွန်ငွေကောက်ခံရရှိမှုများ နည်းပါးလျက်ရှိကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အနေဖြင့် မဖြစ်မနေသုံးစွဲရမည့် လုပ်ငန်းကိစ္စရပ်များမှအပ အခြားကိစ္စရပ်များ၌ တက်နိုင်သမျှ ချွေတာသုံးစွဲရန် လိုအပ်ကြောင်း” ပြောဆိုလိုက်ပါတယ်။

 

#PeopleMedia #နစက #အိမ်စောင့်အစိုးရ

 

(unicode)

ဝနျကွီးဌာနမြား ဘဏ်ဍာငှေ ခြှတောသုံးစှဲရနျ န-စ-ကဥက်ကဋ်ဌ ပွောဆို

…………………………………………………….

 


 


 


 


 



Share this post