• Follow Us on

Home ဝမ်းတွင်းမြို့နယ်၊ သဲတောကျေးရွာရှိ NLD ရုံး ဖျက်ဆီးခံရ

ဝမ်းတွင်းမြို့နယ်၊ သဲတောကျေးရွာရှိ NLD ရုံး ဖျက်ဆီးခံရ

Share this post

မန္တလေး၊ နိုဝင်ဘာ ၁၂ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောကျေးရွာရှိ NLD ပါတီရုံးသည် နိုဝင်ဘာ ၁၁ ရက်နေ့ ညပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။

 

“ညပိုင်းက ဖျက်ဆီးခံလိုက်ရတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ယခုရက်ပိုင်းအတွင်း၌ ဝမ်းတွင်းမြို့နယ်ရှိ မူလတန်းကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ အမျိုးသားဖြစ်သူတို့ သေ နတ်ဖြင့် လုပ်ကြံခံရပြီး ဆရာမကြီးသည် ကွယ်လွန်ခဲ့သလို ၎င်း၏ အမျိုးသားဖြစ်သူသည် ပြင်းထန်ဒဏ်ရာရရှိခဲ့ ပါတယ်။

 

ထို့အတူ ကျောင်းထိုင်းဆရာတော်တစ်ပါးကို တပ်မတော်သတင်းပေးဟု စွပ်စွဲချက်ဖြင့် မနေ့က ဆရာတော်သည် လုပ်ကြံခြင်းခံခဲ့ရပါတယ်။

 

ယနေ့ နံနက်ပိုင်းကလည်း ဉာဏ်ကန်ရှောက်တောဘုရားကြီးဈေး၌ ဈေးရောင်းချနေသည့် ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ NLD ပါတီရုံးများ ဖျက်ဆီးခံရမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

 

Photo – credit

 

#PeopleMedia #ဝမ်းတွင်းမြို့ #NLD

 

(unicode)


 

 

မန်တလေး၊ နိုဝငျဘာ ၁၂ (People Media)

 


 


 


 


 


 


 

Photo – credit

 



Share this post