• Follow Us on

Home အမေရိကန်ကြည်းတပ်က မျိုးဆက်သစ်မိုင်းရှင်းဝတ်စုံ စမ်းသပ်လျက်ရှိ

အမေရိကန်ကြည်းတပ်က မျိုးဆက်သစ်မိုင်းရှင်းဝတ်စုံ စမ်းသပ်လျက်ရှိ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၂ (People Media)

 

အမေရိကန်ကြည်းတပ်မှ ပေါက်ကွဲစေတတ်သောစစ်လက်နက်ပစ္စည်းများရှင်းလင်းဖယ်ရှားရေး ပညာရှင်များ သည် လက်ရှိရှိနေသောမိုင်းရှင်းဝတ်စုံများထက် အာရုံခံကိရိယာများနှင့် ပြောင်းလွယ်ပြင်လွယ်ရှိမှု ပိုမိုကောင်း မွန်သော မျိုးဆက်သစ်မိုင်းရှင်းဝတ်စုံကို စမ်းသပ်လျက်ရှိသည်။

 

ကင်တပ်ကီပြည်နယ် ဖို့တ်ကမ့်ဘဲလ်တပ်စခန်းတွင်စမ်းသပ်လျက်ရှိသော အဆိုပါမိုင်းရှင်းဝတ်စုံသစ်သည် ပိုမို လှုပ်ရှားရလွယ်ကူခြင်း၊ ပိုမိုပေါ့ပါးခြင်းနှင့် ပိုမိုအာရုံစိုက်နိုင်ခြင်းတို့ဆောင်ရွက်နိုင်သည်။ မိုင်းရှင်းဝတ်စုံတွင်ပါဝင် သည့် ဦးထုပ်မှာလည်း ပိုမိုသက်သောင့်သက်သာရှိကာ လေဝင်လေထွက်နှင့် အလင်းရောက်မြင်ရမှု ပိုမိုအား ကောင်းကြောင်းသိရသည်။

 

“ဒီမျိုးဆက်သစ်ခေတ်မီမိုင်းရှင်းဝတ်စုံက မိုင်းခြိမ်းခြောက်မှုတွေ လျှော့ချနေတဲ့အချိန်မျိုးမှာ မိုင်းရှင်းမယ့်ပုဂ္ဂိုလ် တွေအတွက် ပိုပြီးသက်သောင့်သက်သာရှိပြီးတော့ ပိုပြီးပြောင်းလွယ်ပြင်လွယ်ဖြစ်နိုင်စေဖို့ အထောက်အကူပေး ပါတယ်။” ဟု Staff Sgt ဂရီဂိုရီမက်ကဲလ်က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

 

မိုင်းရှင်းဝတ်စုံတွင် 360-degree ကျည်ကာစနစ်ပါဝင်ပြီး အပူဒဏ်ခံနိုင်သည့်စနစ်လည်း ပါရှိသည်။

 

မိုင်းရှင်းစစ်သည်တစ်ဦးသည် အလွန်ပြင်းထန်သည့်ဖိအားများ၊ မိုင်း/ဗုံးတို့မှ ပေါက်ကွဲလွင့်စင်လာသည့်အပိုင်းအ စများ၊ ပေါက်ကွဲမှုမှထွက်ပေါ်လာသည့် မီးတောက်မီးလျှံများနှင့် ဦးခေါင်းထိခိုက်ပြီး သတိမေ့မျောခြင်းများအပါ အဝင် ခြိမ်းခြောက်မှုများစွာနှင့် ရင်ဆိုင်ရလေ့ရှိကြောင်း Allen Vanguard ကော်ပိုရေးရှင်းမှ ရော့ဘ်ရေးနိုးလ်စ် က ၂၀၁၃ ခုနှစ်က ရှင်းပြခဲ့သည်။

 

ပေါက်ကွဲမှုမျိုးစုံ၏ ခြိမ်းခြောက်မှုများမှ မိုင်းရှင်းစစ်သည်ကို ကာကွယ်နိုင်ရန်အတွက် သုတေသနနှင့် ထုတ်လုပ်မှု မျိုးစုံကို ဆောင်ရွက်ခဲ့ရကြောင်း ၎င်းကပြောသည်။ အမေရိကန်စစ်ဘက်က ပေါက်ကွဲမှုမျိုးစုံ၏ခြိမ်းခြောက်မှုများ မှကာကွယ်နိုင်ရေးအတွက် ယင်းမိုင်းရှင်းဝတ်စုံကိုထုတ်လုပ်ရာတွင် ကောင်းသထက်ပိုကောင်းအောင် အဆင့် မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း ၎င်းကပြောသည်။

 

“ချိန်ဆမှုနဲ့ ကျွမ်းကျင်မှုတွေကို ထိန်းသိမ်းရင်း တင်းကျပ်ပြီးရွှေ့ပြောင်းနိုင်တဲ့နယ်မြေတွေမှာ မိုင်းရှင်းစစ်သည် တွေ ပိုပြီးတော့ သက်သောင့်သက်သာ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် အလေးချိန်နဲ့ အရွယ်အစားလျှော့ချ ထားတဲ့ တကယ့်ကိုခေတ်မီတဲ့မိုင်းရှင်းဝတ်စုံအသစ်ကို ကြည်းတပ်က လိုအပ်နေပါတယ်” ဟု ၂၀၁၇ ခုနှစ်တွင် ရေးသားခဲ့သော ကြိုတင်တောင်းခံမှုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

 

Ref: US Army Tests Next-Generation Bomb Suit

 

#PeopleMedia

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 


 

Ref: US Army Tests Next-Generation Bomb Suit

 

#PeopleMedia


Share this post