• Follow Us on

Home ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံရသူ ၆၀၀၀ နီးပါးနဲ႔ ေသဆံုးသူ ၁၃၂ ေယာက္႐ွိလာ

ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံရသူ ၆၀၀၀ နီးပါးနဲ႔ ေသဆံုးသူ ၁၃၂ ေယာက္႐ွိလာ

Share this post

ေဘက်င္း၊ ဇန္နဝါရီ ၂၉

တ႐ုတ္ႏိုင္ငံမွာ ဝူဟန္ၿမိဳ႕ကစၿပီးျပန္႔ႏွံ႔တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ စုစုေပါင္း ၅၉၇၄ ေယာက္နဲ႔ ေသဆံုး သူ ၁၃၂ ေယာက္႐ွိေနၿပီလို႔ တ႐ုတ္အမ်ိဳးသားက်န္းမာေရးေကာ္မ႐ွင္က ဇန္နဝါရီ ၂၉ ရက္ ဗုဒၶဟူးေန႔မွာေျပာပါ တယ္။

အဂၤါေန႔ညပိုင္းအထိ ေသဆံုးသူ ၂၆ ေယာက္ထပ္တိုးလာၿပီး ထပ္မံကူးစက္ခံရသူ ၁၄၅၉ ေယာက္႐ွိေနတယ္လို႔ အတည္ျပဳခဲ့တာပါ။ ကူးစက္ခံထားရတယ္လို႔ သံသယ႐ွိတဲ့ျဖစ္ရပ္ ၉၀၀၀ ေက်ာ္႐ွိေနတယ္လို႔ ေကာ္မ႐ွင္က ေျပာပါတယ္။ ေရာဂါထိန္းခ်ဳပ္ႏိုင္မယ္လို႔ တ႐ုတ္အစိုးရကေျပာေနခ်ိန္မွာပဲ ကူးစက္ခံရမႈေတြထပ္တိုးလာတာပါ။

ဂ်ပန္ႏိုင္ငံက ဝူဟန္မွာ႐ွိေနတဲ့ ဂ်ပန္ႏိုင္ငံသား ၂၀၀ ေလာက္ကို ေလယာဥ္နဲ႔ျပန္ေခၚခဲ့ၿပီး အေမရိကန္ကလည္း ႏိုင္ငံသား ၂၄၀ ေလာက္ကို ေလယာဥ္နဲ႔ျပန္ေခၚခဲ့ၿပီးပါၿပီ။ ဥေရာပသမဂၢကလည္း အဖြဲ႕၀င္ႏိုင္ငံေတြက ႏိုင္ငံ သားေတြကို ျပန္ေခၚဖို႔ ေလယာဥ္ႏွစ္စင္းအတြက္ ေငြထုတ္ေပးသြားမယ္လို႔ေျပာထားၿပီး ပထမဆံုးေလယာဥ္ ခရီးစဥ္မွာ ျပင္သစ္ႏိုင္ငံသားအေယာက္ ၂၅၀ ပါ၀င္လာမွာပါ။ ဝူဟန္နဲ႔ ပတ္၀န္းက်င္မွာ လူသန္း ၅၀ ေက်ာ္ ပိတ္မိေနပါတယ္။

Source – Agencies Photo- People’s Daily China

#PeopleMedia #WuhanVrirus #CoronaVirus #2019nCoV

(Unicode)
ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၀၀ နီးပါးနဲ့ သေဆုံးသူ ၁၃၂ ယောက်ရှိလာ
…………………………………………………………

ဘေကျင်း၊ ဇန်နဝါရီ ၂၉

တရုတ်နိုင်ငံမှာ ဝူဟန်မြို့ကစပြီးပြန့်နှံ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၅၉၇၄ ယောက်နဲ့ သေဆုံး သူ ၁၃၂ ယောက်ရှိနေပြီလို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာပြောပါ တယ်။

အင်္ဂါနေ့ညပိုင်းအထိ သေဆုံးသူ ၂၆ ယောက်ထပ်တိုးလာပြီး ထပ်မံကူးစက်ခံရသူ ၁၄၅၉ ယောက်ရှိနေတယ်လို့ အတည်ပြုခဲ့တာပါ။ ကူးစက်ခံထားရတယ်လို့ သံသယရှိတဲ့ဖြစ်ရပ် ၉၀၀၀ ကျော်ရှိနေတယ်လို့ ကော်မရှင်က ပြောပါတယ်။ ရောဂါထိန်းချုပ်နိုင်မယ်လို့ တရုတ်အစိုးရကပြောနေချိန်မှာပဲ ကူးစက်ခံရမှုတွေထပ်တိုးလာတာပါ။

ဂျပန်နိုင်ငံက ဝူဟန်မှာရှိနေတဲ့ ဂျပန်နိုင်ငံသား ၂၀၀ လောက်ကို လေယာဉ်နဲ့ပြန်ခေါ်ခဲ့ပြီး အမေရိကန်ကလည်း နိုင်ငံသား ၂၄၀ လောက်ကို လေယာဉ်နဲ့ပြန်ခေါ်ခဲ့ပြီးပါပြီ။ ဥရောပသမဂ္ဂကလည်း အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံ သားတွေကို ပြန်ခေါ်ဖို့ လေယာဉ်နှစ်စင်းအတွက် ငွေထုတ်ပေးသွားမယ်လို့ပြောထားပြီး ပထမဆုံးလေယာဉ် ခရီးစဉ်မှာ ပြင်သစ်နိုင်ငံသားအယောက် ၂၅၀ ပါဝင်လာမှာပါ။ ဝူဟန်နဲ့ ပတ်ဝန်းကျင်မှာ လူသန်း ၅၀ ကျော် ပိတ်မိနေပါတယ်။

Source – Agencies Photo- People’s Daily China

#PeopleMedia #WuhanVrirus #CoronaVirus #2019nCoV


Share this post