• Follow Us on

Home ဝူဟန္ၿမိဳ႕တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈစစ္ေဆးျခင္းသည္ အျပစ္႐ွိသည့္ႏိုင္ငံကို႐ွာေဖြရန္မဟုတ္ဟု WHO စစ္ေဆးေရးအဖြဲ႕ေျပာ

ဝူဟန္ၿမိဳ႕တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈစစ္ေဆးျခင္းသည္ အျပစ္႐ွိသည့္ႏိုင္ငံကို႐ွာေဖြရန္မဟုတ္ဟု WHO စစ္ေဆးေရးအဖြဲ႕ေျပာ

Share this post

ဂ်ီနီဗာ၊ ဒီဇင္ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)၏ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကူးစက္မႈသေႏၶတည္ရာကို စစ္ေဆးေဖာ္ထုတ္ရန္ တ႐ုတ္ႏိုင္ငံသို႔ႏိုင္ငံတကာအဖြဲ႔ေစလႊတ္ျခင္းသည္ ေနရာအားလံုးကို႐ွာေဖြရန္ျဖစ္ၿပီး အျပစ္႐ွိသည့္အဖြဲ႕ အစည္းကို႐ွာေဖြရန္မဟုတ္ေၾကာင္း အဖြဲ႕၀င္တေယာက္ကေျပာသည္။

လာမည့္ဇန္နဝါရီတြင္ အဖြဲ႕၏စံုစမ္းေရးအရာ႐ွိမ်ားက တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕သို႔သြားေရာက္မည္ျဖစ္သည္။

“အခုခရီးစဥ္က အျပစ္႐ွိတဲ့ႏိုင္ငံ၊ အျပစ္႐ွိတဲ့အာဏာပိုင္ေတြကို ေဖာ္ထုတ္ဖို႔မဟုတ္ဘူး။ ဘာျဖစ္သြားတာလဲဆို တာနားလည္ၿပီးေတာ့ အနာဂတ္မွာ ေ႐ွာင္ႏိုင္ဖို႔၊ အႏၲရာယ္ေလွ်ာ့ခ်ႏိုင္ဖို႔ပါ” ဟု ဂ်ာမနီႏိုင္ငံ၏ ဗဟိုေရာဂါထိန္း ခ်ဳပ္ေရးအဖြဲ႕ ေရာဘတ္ေကာ့ခ်္အင္စတီက်ဴ႕မွ ဖာဘီယန္ လန္ဒါ့ဇ္ကေျပာသည္။

အသက္ ၄၈ ႏွစ္႐ွိသည့္ လန္ဒါ့ဇ္သည္ မ်ိဳးစိတ္မ်ားေက်ာ္ၿပီးကူးစက္သည့္ကူးစက္ေရာဂါမ်ားဆိုင္ရာကၽြမ္းက်င္သူ ျဖစ္ၿပီး ယခုကူးစက္ေနသည့္ကို႐ိုနာဗိုင္းရပ္စ္၏မူရင္းဇစ္ျမစ္ႏွင့္ တိရစာၦန္မ်ားမွလူသားမ်ားထံ ကူးစက္လာျခင္း အေပၚ စံုစမ္းစစ္ေဆးရန္ဖြဲ႕စည္းထားသည့္ WHO ၏အဖြဲ႕၀င္ ထင္႐ွားေသာသိပၸံပညာ႐ွင္ ၁၀ ေယာက္အနက္ ၁ ေယာက္ျဖစ္သည္။

ဝူဟန္တြင္ဗိုင္းရပ္စ္စေတြ႕ၿပီး တႏွစ္အၾကာတြင္ သူတို႔က တ႐ုတ္ႏိုင္ငံသို႔သြားေရာက္ၿပီး သီတင္းပတ္ ၅ ပတ္မွ ၆ ပတ္အတြင္း တာ၀န္ထမ္းေဆာင္မည္ျဖစ္သည္။

ကၽြမ္းက်င္သူ ၁၀ ေယာက္ႏွင့္အတူ WHO ၏ အစားအစာေဘးကင္းလံုၿခံဳေရးႏွင့္ မ်ိဳးစိတ္မ်ားေက်ာ္ၿပီး ကူး စက္သည့္ကူးစက္ေရာဂါမ်ားဆိုင္ရာကၽြမ္းက်င္သူျဖစ္သည့္ ပီတာ ဘန္ အမ္ဘာရက္လည္းပါ၀င္သည္။
Ref : WHO probe into Wuhan COVID-19 outbreak ‘not about finding a guilty country’

#PeopleMedia

(unicode)
ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုစစ်ဆေးခြင်းသည် အပြစ်ရှိသည့်နိုင်ငံကိုရှာဖွေရန်မဟုတ်ဟု WHO စစ်ဆေးရေးအဖွဲ့ပြော
……………………………………………………..

ဂျီနီဗာ၊ ဒီဇင်ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုသန္ဓေတည်ရာကို စစ်ဆေးဖော်ထုတ်ရန် တရုတ်နိုင်ငံသို့နိုင်ငံတကာအဖွဲ့စေလွှတ်ခြင်းသည် နေရာအားလုံးကိုရှာဖွေရန်ဖြစ်ပြီး အပြစ်ရှိသည့်အဖွဲ့ အစည်းကိုရှာဖွေရန်မဟုတ်ကြောင်း အဖွဲ့ဝင်တယောက်ကပြောသည်။

လာမည့်ဇန်နဝါရီတွင် အဖွဲ့၏စုံစမ်းရေးအရာရှိများက တရုတ်နိုင်ငံ၊ ဝူဟန်မြို့သို့သွားရောက်မည်ဖြစ်သည်။

“အခုခရီးစဉ်က အပြစ်ရှိတဲ့နိုင်ငံ၊ အပြစ်ရှိတဲ့အာဏာပိုင်တွေကို ဖော်ထုတ်ဖို့မဟုတ်ဘူး။ ဘာဖြစ်သွားတာလဲဆို တာနားလည်ပြီးတော့ အနာဂတ်မှာ ရှောင်နိုင်ဖို့၊ အန္တရာယ်လျှော့ချနိုင်ဖို့ပါ” ဟု ဂျာမနီနိုင်ငံ၏ ဗဟိုရောဂါထိန်း ချုပ်ရေးအဖွဲ့ ရောဘတ်ကော့ချ်အင်စတီကျူ့မှ ဖာဘီယန် လန်ဒါ့ဇ်ကပြောသည်။

အသက် ၄၈ နှစ်ရှိသည့် လန်ဒါ့ဇ်သည် မျိုးစိတ်များကျော်ပြီးကူးစက်သည့်ကူးစက်ရောဂါများဆိုင်ရာကျွမ်းကျင်သူ ဖြစ်ပြီး ယခုကူးစက်နေသည့်ကိုရိုနာဗိုင်းရပ်စ်၏မူရင်းဇစ်မြစ်နှင့် တိရစ္ဆာန်များမှလူသားများထံ ကူးစက်လာခြင်း အပေါ် စုံစမ်းစစ်ဆေးရန်ဖွဲ့စည်းထားသည့် WHO ၏အဖွဲ့ဝင် ထင်ရှားသောသိပ္ပံပညာရှင် ၁၀ ယောက်အနက် ၁ ယောက်ဖြစ်သည်။

ဝူဟန်တွင်ဗိုင်းရပ်စ်စတွေ့ပြီး တနှစ်အကြာတွင် သူတို့က တရုတ်နိုင်ငံသို့သွားရောက်ပြီး သီတင်းပတ် ၅ ပတ်မှ ၆ ပတ်အတွင်း တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

ကျွမ်းကျင်သူ ၁၀ ယောက်နှင့်အတူ WHO ၏ အစားအစာဘေးကင်းလုံခြုံရေးနှင့် မျိုးစိတ်များကျော်ပြီး ကူး စက်သည့်ကူးစက်ရောဂါများဆိုင်ရာကျွမ်းကျင်သူဖြစ်သည့် ပီတာ ဘန် အမ်ဘာရက်လည်းပါဝင်သည်။
Ref : WHO probe into Wuhan COVID-19 outbreak ‘not about finding a guilty country’

#PeopleMedia


Share this post