• Follow Us on

Home သင်္ဃန်းကျွန်းမြို့နယ်ကိုယ်စားလှယ်လောင်း ၀င်ပြိုင်မည့် ဦးသိန်းညွန့် ၎င်းပိုင်ဆိုင်မှုများကို မီဒီယာများထံချပြ ရှင်းလင်းမည်ဟုဆို


Share this post

ရန်ကုန်၊ သြဂုတ် ၎


၂၀၂၀ ရွေးကောက်ပွဲဝင်မည့်အကြောင်းအရာနှင့်ပတ်သက်၍ သြဂုတ်လ၄ရက် people media ကဆက်သွယ် မေးမြန်းရာတွင် အမျိုးသားဒီမိုကရေစီပါတီသစ် NNDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်ကပြောကြားသည်။




#PeopleMedia

(Unicode)
သင်္ဃန်းကျွန်းမြို့နယ်ကိုယ်စားလှယ်လောင်း ဝင်ပြိုင်မည့် ဦးသိန်းညွန့် ၎င်းပိုင်ဆိုင်မှုများကို မီဒီယာများထံချပြ ရှင်းလင်းမည်ဟုဆို
……………………………………………………………..

ရန်ကုန်၊ ဩဂုတ် ၄

သင်္ဃန်းကျွန်းမြို့နယ်ကိုယ်စားလှယ်လောင်း ဝင်ပြိုင်မည့် ဦးသိန်းညွန့် ၎င်းပိုင်ဆိုင်မှုများကို မီဒီယာများထံချပြ ရှင်းလင်းမည်ဖြစ်ကြောင်းသိရသည်။

၂၀၂၀ ရွေးကောက်ပွဲဝင်မည့်အကြောင်းအရာနှင့်ပတ်သက်၍ ဩဂုတ်လ၄ရက် people media ကဆက်သွယ် မေးမြန်းရာတွင် အမျိုးသားဒီမိုကရေစီပါတီသစ် NNDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်ကပြောကြားသည်။

“တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဝင်ပြိုင်မယ်။ မင်္ဂလာဒုံမှာလည်းဝင်ပြိုင်မယ်။ သင်္ဃန်းကျွန်းမှာ လည်းဝင်ပြိုင်မယ်။ ပိုင်ဆိုင်မှုချပြမယ်ဆိုတာက ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းသွင်းပြီး အားလုံးပြီး သွားလို့ရှိရင်တော့ မီဒီယာအချို့ကို ဖိတ်မယ်။ အကုန်လုံးတော့မဖိတ်ဘူး။ ကျွန်တော်ပြောတဲ့သတင်းမီဒီယာတချို့တော့ဖိတ်မယ်”ဟု ၎င်းကပြောသည်။

ဦးသိန်းညွန့်သည် ပထမအကြိမ် ပြည်သူ့လွှတ်တော် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ ခြင်းလည်းဖြစ်သည်။

“သင်္ဃန်းကျွန်းမှာ ပြည်သူက ဦးသိန်းညွန့်ပြိုင်မယ်။ တိုင်းဒေသကြီး မဲဆန္ဒနယ် ၁ က ကျွန်တော်ဝင်ပြိုင်မယ်။ မင်္ဂလာဒုံက ဦးဇော်ဦးပြိုင်မယ်။ နိုင်မဲ့နေရာရွေးပြီးပြိုင်တာပေါ့။ပါတီ စီအီးစိကဆုံးဖြတ်ချက်အတိုင်းပေါ့”ဟု ရွေးကောက်ပွဲပြိုင်မည့်အကြောင်းအား ပါတီပြောရေးဆိုခွင့်ရှိသူ နေဝင်းသန်းကပြောသည်။

#PeopleMedia


Share this post