• Follow Us on

Home သတင်းများကို နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက်ဦးတည်ရေးသားကြရန် သတင်းမီဒီ ယာကောင်စီက တိုက်တွန်း

သတင်းများကို နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက်ဦးတည်ရေးသားကြရန် သတင်းမီဒီ ယာကောင်စီက တိုက်တွန်း

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၇ (People Media)

 

ကျင့်ဝတ်နှင့်ညီသော သတင်းအမှန်များကို ပြည်သူလူထုသိရှိနိုင်စေရေးနှင့် နိုင်ငံတော်၏ ရေရှည်အကျိုး စီးပွားဖြစ်ထွန်းစေရေးတို့အတွက် ဦးတည်ရေးသားကြရန် သတင်းဌာနများအား မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက တိုက်တွန်းကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည်။

 

ယခုအချိန်ကာလသည် နိုင်ငံငြိမ်းချမ်းရေး၊ နိုင်ငံတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လျှောက်လှမ်းနေသော ဒီမိုကရေစီလမ်းကြောင်း တည့်မတ်ခိုင်မာစေရေးတို့အတွက်၊ မဏ္ဍိုင်ကြီး ၄ ရပ်လုံးမှအလေးအနက်ထားကာ ဦးတည်ဆောင်ရွက်နေသောကာလဖြစ်၍ သတင်းတု၊ သတင်းမှားများသည် ပြည်သူလူထုကို အဆိပ်သင့်စေနိုင် ကြောင်း အထူးဂရုပြုရမည့်ကာလဖြစ်ကြောင်း ကောင်စီက ဆိုသည်။

 

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေ၍ ပြည်သူလူထုကိုအဆိပ်သင့်စေသော သတင်းတု သတင်းမှားများ ရေးသားထုတ်လွှင့်ခြင်း၊ ထိုသတင်းမှားများအပေါ် အခြေခံကာ မြန်မာနိုင်ငံ၏ မျက်မှောက်အခြေအနေကို ထင်ဟပ်စေခြင်းမရှိသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းများကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက လက်ခံနိုင်ခြင်းမရှိကြောင်း ကောင်စီက ပြောဆိုထားသည်။

 

သို့ဖြစ်ပါ၍ ကျင့်ဝတ်နှင့်ညီသော သတင်းအမှန်များကို ပြည်သူလူထုသိရှိနိုင်စေရေး၊ နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေရေးတို့အတွက် ဦးတည်ရေးသားကြရန် သတင်းဌာနများအား မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီက တိုက်တွန်းနှိုးဆော်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

 

လက်ရှိကောင်စီအဖွဲ့ဝင်များသည် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ယာယီထမ်းဆောင်ပြီးနောက် အသစ်ထပ်မံ ခန့်အပ်ခဲ့သည့် ကောင်စီအဖွဲ့ဝင်များဖြစ်သည်။

 

#PeopleMedia #မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ #ပြန်ကြားရေး

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 



Share this post