• Follow Us on

Home သထုံမြို့ရှိ ဖုန်းဆိုင်၊ ဘီယာဆိုင်အပါအဝင် ဆိုင် (၅) ဆိုင် ဗုံးခွဲခံရ

သထုံမြို့ရှိ ဖုန်းဆိုင်၊ ဘီယာဆိုင်အပါအဝင် ဆိုင် (၅) ဆိုင် ဗုံးခွဲခံရ

Share this post

သထုံ၊ ဒီဇင်ဘာ ၂၀ (People Media)

 

မွန်ပြည်နယ်၊ သထုံမြို့၌ တပ်ထုတ်ကုန်များ ရောင်းချနေဟုဆိုကာ ဖုန်းဆိုင်၊ ဘီယာဆိုင်အပါအဝင် (၅) ဆိုင်ကို ဒေသခံ PDF အဖွဲ့က ဗုံးခွဲမှု ပြုလုပ်ခဲ့သည်။

 

ယနေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဆိုင်များမှာ သထုံမြို့၊ စိုးမိုးမိုလ်ဘိုင်းဖုန်းဆိုင်၊ ပြည်တော်သာစားသောက်ဆိုင် အနီး၊ သုဝဏ္ဏဘီယာဆိုင်၊ ရန်ကုန်အရက်အမျိုးမျိုးအရောင်းဆိုင် စသည့်တို့ဖြစ်ကြောင်း သိရသည်။

 

ဗုံးပေါက်ကွဲမှုတွေကြောင့် ဆိုင်ခန်းများနှင့် အုတ်တံံတိုင်းများ ထိခိုက်ပျက်စီးခဲ့ပြီး၊ လမ်းသွားလမ်းလာ တစ်ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေါက်ကွဲမှုများ မဖြစ်ပွားမီ မွန်-သထုံ PDF အဖွဲ့ MTHSF က သထုံမြို့တွင်း Myanmar Beer၊ Mytel၊ Red Ruby ရောင်းချသောဆိုင်များအနား ယနေ့မှစ၍ လုံးဝမသွားကြရန် ယင်း PDF အဖွဲ့မှ လူမှုကွန်ယက်စာ မျက်နှာမှ ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်တွင်လည်း သထုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး လဝကရုံးအား ဗုံးဖောက်ခွဲခဲ့သလို ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းကလည်း သထုံမြို့ စည်ပင်ရုံအား ဖောက်ခွဲ မှုများ ပြုလုပ်ခဲ့ကြောင်း မွန်-သထုံ PDF အဖွဲ့ MTHSF က ဗုံးခွဲတိုက်ခိုက်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန် ထားသည်။

 

#PeopleMedia #သထုံမြို့

 

(unicode)


……………………………………………………

 


 


 


 


 


 


 



Share this post