• Follow Us on

Home အသက် ၃၅ နှစ်ရှိ လက်ဝဲဝါဒီ ဂါဘရီးရယ်လ်ဘိုးရစ် ချီလီသမ္မတရွေးကောက်ပွဲတွင်အနိုင်ရရှိ

အသက် ၃၅ နှစ်ရှိ လက်ဝဲဝါဒီ ဂါဘရီးရယ်လ်ဘိုးရစ် ချီလီသမ္မတရွေးကောက်ပွဲတွင်အနိုင်ရရှိ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀ (People Media)

 

ဒီဇင်ဘာလ ၁၉ ရက်နေ့က သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် အသက် ၃၅ နှစ်အရွယ် လက်ဝဲဝါဒီ ကျောင်းသားခေါင်းဆောင်ဟောင်း ဂါဘရီးရယ်လ်ဘိုးရစ် (Gabriel Boric) သည် ချီလီနိုင်ငံ၏ အသက်အငယ် ဆုံးသမ္မတဖြစ်လာတော့မည်ဖြစ်သည်။

 

မဲလက်မှတ်များ ၉၉.၉၅% ရေတွက်ပြီးသည့်အချိန်တွင် ဘိုးရစ်၏မဲမှာ ၅၅.၈၇% ရရှိနေပြီဖြစ်ပြီး မဲအရေအ တွက် ၄၄.၁၃% ရရှိထားသည့် ၎င်း၏ပြိုင်ဘက်ဖြစ်သူ အမျိုးသားရေးဝါဒီ ဂျို့စ်အန်တိုနီယိုကက်စ်ကို အနိုင်ရရှိခဲ့ ပြီဖြစ်သည်။ ဘိုးရစ်သည် မတ်လ ၁၁ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမည်ဖြစ်သည်။

 

ဒီဇင်ဘာလ ၁၉ ရက်နေ့ အစောပိုင်းက ကက်စ်က ၎င်းရှုံးနိမ့်ပြီး ဘိုးရစ်အနိုင်ရရှိကြောင်း ဝန်ခံလိုက်ပြီး ၎င်း၏ ပြိုင်ဘက်ဖြစ်သူ ဘိုးရစ်၏ ကြီးမားသောအောင်ပွဲဟုပြောဆိုကာ ဘိုးရစ်၏အောင်ပွဲအတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောဆိုလိုက်သည်။

 

“ဒီကနေ့ကစလို့ သူဟာ ချီလီနိုင်ငံရဲ့ ရွေးကောက်ခံသမ္မတဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့အားလုံးရဲ့ လေး စားမှုနဲ့ ထိုက်တန်တဲ့သူဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာပါ။ ချီလီနိုင်ငံဟာ အမြဲတမ်း ထိပ်ဆုံးကဖြစ်ပါတယ်။” ဟု ကက်စ်၏ တွစ်တာတွင်ရေးသားဖော်ပြထားသည်။

 

သမ္မတရွေးကောက်ပွဲလှုပ်ရှားမှုဌာနချုပ်တွင် ထောက်ခံသူများကို တနင်္ဂနွေနေ့ညပိုင်းက စကားပြောရာ၌ ရွေး ကောက်ခံဘိုးရစ်က ချီလီပြည်သူများကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 

“အလွန်စိတ်လှုပ်ရှားစွာနဲ့ ဒီသမိုင်းဝင်ဖြစ်ရပ်နဲ့အတူ ကျွန်တော် စတင်ချင်ပါတယ်။ ချီလီပြည်သူတွေရဲ့ မျက်လုံး ပေါင်းများစွာ၊ ကမ္ဘာပေါ်က မျက်လုံးပေါင်းများစွာ ဒီရွေးကောက်ပွဲကို စောင့်ကြည့်နေကြပါတယ်။ မဲပေးခဲ့တဲ့ချီလီ ပြည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီမိုကရေစီအတွက် ချီလီပြည်သူတွေရဲ့ ကတိကဝတ်တွေကိုလည်း ဂုဏ်ပြုပါတယ်။” ဟု ဘိုးရစ်ကပြောသည်။

 

“ခင်ဗျားတို့ ကျွန်တော့်ကိုမဲပေးခဲ့တာလား ကျွန်တော့်ပြိုင်ဘက်ကို မဲပေးခဲ့တာလားဆိုတာက ပြဿနာမဟုတ်ပါ ဘူး။ တကယ်အရေးကြီးတဲ့အကြောင်းအရာက ခင်ဗျားမဲပေးခဲ့တာပဲဖြစ်တယ်။ ခင်ဗျား မဲရုံတွေမှာ ရောက်နေခဲ့ပါ တယ်။  ကျွန်တော်တို့ အသီးသီး ပိုင်ဆိုင်ကြတဲ့ ဒီတိုင်းပြည်အတွက် ခင်ဗျားရဲ့ ထက်သန်ပြင်းပြတဲ့ဆန္ဒတွေကို ထုတ်ဖော်ပြသခဲ့တာပဲဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

 

ရာထူးမှစွန့်ခွာသွားသော ချီလီသမ္မတဟောင်းဆီဘက်စ်တီယန်ပီနီရာက ညနေခင်းအစောပိုင်းတွင် “ချီလီပြည် သူတွေက ဒီမိုကရေစီနမူနာတစ်ခုကို ပေးအပ်လိုက်ပါပြီ။ ခင်ဗျားက အဲဒီနမူနာတစ်ခုရဲ့ အစိတ်အပိုင်းပါပဲ။ ချီလီ သမ္မတအဖြစ်ရွေးကောက်ခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။” ဟု ပြောဆိုရင်း ဘိုးရစ်ကို ချီးကျူးဂုဏ်ပြု လိုက်သည်။

 

တနင်္ဂနွေ ညနေပိုင်းတွင် ချီလီနိုင်ငံမြို့တော် စန်တီယာဂို၌ လူထုက စာတမ်းများ၊ အလံများ ကိုင်ဆောင်ဝှေ့ ယမ်းကာ အောင်ပွဲအခမ်းအနားများကျင်းပနေကြသည်ကို CNN သတင်းဌာနက ရုပ်သံလွှင့်တင်ဆက်ခဲ့သည်။

 

Ref: Leftist Gabriel Boric, 35, wins Chile’s presidential election

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Leftist Gabriel Boric, 35, wins Chile’s presidential election

 

#PeopleMedia


Share this post