• Follow Us on

Home ကျောင်းများနှင့် ဆေးရုံများသည် ပစ်မှတ်မဟုတ်ကြောင်း ICRC ထုတ်ပြန်

ကျောင်းများနှင့် ဆေးရုံများသည် ပစ်မှတ်မဟုတ်ကြောင်း ICRC ထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၀ (People Media)

 

ကလေးများသည် လက်နက်ကိုင်ပဋိပက္ခများအကြားတွင်ပင် ဘေးကင်းလုံခြုံသော သင်ကြားရေးပတ်ဝန်းကျင် ရရှိနိုင်ရမည်ဖြစ်ပြီး ကျောင်းများနှင့် ဆေးရုံများသည် ပစ်မှတ်မဟုတ်ကြောင်း ICRC က ဒီဇင်ဘာ ၂၀ ရက်နေ့၌ ထုတ်ပြန်လိုက်သည်။

 

လက်ရှိအချိန်၌ အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းကြောင့် စာသင်ကျောင်းများ ဗုံးခွဲခံရခြင်း၊ မီးရှို့ဖျက် ဆီးခံရခြင်းများ ဖြစ်ပေါ်နေသလို နိုင်ငံရေးအင်အားစုအချို့သည် ကျောင်းမတက်ရေးလှုပ်ရှားမှုများ ဆောင် ရွက်လျက်ရှိသည်။

 

အလားတူ ပညာရေးဝန်ထမ်းများကိုလည်း လက်နက်ကိုင်အဖွဲ့အစည်းများက ပစ်မှတ်ထားလုပ်ကြံနေကြသလို ပညာရေးဝန်ထမ်းများ CDM ဆောင်ရွက်ရန် အကြမ်းဖက်ဖိအားပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းက ကွတ်ခိုင်မြို့နယ် ဆေးရုံအုပ်ကြီးသည် COVID-19 ကာကွယ်ဆေးထိုးပြီးအပြန် ဆရာမကြီးသည် သောင်းကျန်းသူများ၏ လက်ချက်ဖြင့် သေဆုံးခဲ့သလို ကျန်းမာရေးဝန်ထမ်းအချို့လည်း လုပ် ကြံသတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

Photo – ICRC

 

#PeopleMedia #ICRC #ပညာရေးကျန်းမာရေး #COVID19

 

(unicode)


……………………………………………………………

 


 


 


 


 


 

Photo – ICRC

 



Share this post