• Follow Us on
Latest News

Home သမိုင္းတြင္ ပူးတြဲတရားခံမျဖစ္ခ်င္၍ ေရြးေကာက္ပြဲအျငင္းပြားမႈကို ရွင္းလင္းတင္ျပေနျခင္းျဖစ္ဟု ေဒါက္တာ နႏၵာလွျမင့္ေျပာ

သမိုင္းတြင္ ပူးတြဲတရားခံမျဖစ္ခ်င္၍ ေရြးေကာက္ပြဲအျငင္းပြားမႈကို ရွင္းလင္းတင္ျပေနျခင္းျဖစ္ဟု ေဒါက္တာ နႏၵာလွျမင့္ေျပာ

Share this post

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၁
 
ျမန္မာသမိုင္းမွာ ပူးတြဲတရားခံ မျဖစ္ခ်င္ျခင္းေၾကာင့္ ေရြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈေတြကို အခ်က္အ လက္ႏွင့္ ရွင္းလင္းတင္ျပေနျခင္းျဖစ္ေၾကာင္း ျပည္ေထာင္ႀကံခိုင္ေရးႏွင့္ ဖြံၿဖိဳးတိုးတက္ေရးပါတီ၏ ေျပာေရး ဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က ေျပာသည္။
 
ယေန႔ ေန႔လည္ပိုင္းက ေနျပည္ေတာ္ရွိ ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ ဖြံၿဖိဳးတိုးတက္ေရးပါတီဌာနခ်ဳပ္တြင္ က်င္းပသည့္ ေရြးေကာက္ပြဲဆိုင္ရာ သတင္းစာရွင္းလင္းပြဲတြင္ ေဒါက္တာနႏၵာလွျမင့္က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
 
“ကၽြန္ေတာ္တို႔က နိုင္ငံေရးပါတီေတြရဲ႕ အနိုင္အ႐ူံးဆိုတာ သက္တမ္းတစ္ခုဘဲ၊ အၿမဲတမ္းမ႐ူံးသလို အၿမဲတမ္း လည္း မနိုင္နိုင္ဘူးဆိုတဲ့ ယဥ္ေက်းမႈကို ျပည္ခိုင္ၿဖိဳးပါတီကိုယ္တိုင္ စတင္တည္ေဆာက္ေပးခဲ့တာ၊ အခုကၽြန္ ေတာ္တို႔ ေျပာတာလည္း နိုင္ငံရဲ႕ဂုဏ္သိကၡာ နိုင္ငံသားေတြရဲ႕ဂုဏ္သိကၡာ ကမၻာသမိုင္း ျမန္မာ သမိုင္းမွာ ေရြးေကာက္ပြဲ မရိုးမသားလုပ္တဲ့ကိစၥႀကီးဟာ သိသာေပၚလြင္ပါလ်က္နဲ႔ ကၽြန္ေတာ္တို႔ နိုင္ငံေရး ပါတီေတြက ဘာမွမေျပာဘဲ ၿငိမ္ေနရမယ္ဆိုရင္ သမိုင္းမွာ ကၽြန္ေတာ္တို႔ပါ တရားခံျဖစ္မယ္” ဟု ေဒါက္တာနႏၵာလွျမင့္က ေျပာသည္။
 
မိမိတို႔ ေျပာဆိုေနျခင္းမွာလည္း တရားမၽွတမႈမရွိျခင္း၊ ပြင့္လင္းျမင္သာမႈမရွိျခင္း ဘက္လိုက္ေဆာင္ရြက္ထား ျခင္းမ်ားကို မိမိတို႔ ပါဝင္ခဲ့သည့္ ေရြးေကာက္ပြဲသမိုင္းတြင္ အမည္းစက္ျဖစ္မည္စိုးသည့္အတြက္ ျပည္သူလူထုကို မွန္မွန္ကန္ကန္ အသိေပးရျခင္းမွာ မိမိတို႔၏တာဝန္ျဖစ္ေၾကာင္း ေဒါက္တာနႏၵာလွျမင့္က ေျပာသည္။
 
#PeopleMedia
 
(unicode)
သမိုင်းတွင် ပူးတွဲတရားခံမဖြစ်ချင်၍ ရွေးကောက်ပွဲအငြင်းပွားမှုကို ရှင်းလင်းတင်ပြနေခြင်းဖြစ်ဟု ဒေါက်တာ နန္ဒာလှမြင့်ပြော
…………………………………………………..
 
နေပြည်တော်၊ ဒီဇင်ဘာ ၁၁
 
မြန်မာသမိုင်းမှာ ပူးတွဲတရားခံ မဖြစ်ချင်ခြင်းကြောင့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို အချက်အ လက်နှင့် ရှင်းလင်းတင်ပြနေခြင်းဖြစ်ကြောင်း ပြည်ထောင်ကြံခိုင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
 
ယနေ့ နေ့လည်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးပါတီဌာနချုပ်တွင် ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
“ကျွန်တော်တို့က နိုင်ငံရေးပါတီတွေရဲ့ အနိုင်အရူံးဆိုတာ သက်တမ်းတစ်ခုဘဲ၊ အမြဲတမ်းမရူံးသလို အမြဲတမ်း လည်း မနိုင်နိုင်ဘူးဆိုတဲ့ ယဉ်ကျေးမှုကို ပြည်ခိုင်ဖြိုးပါတီကိုယ်တိုင် စတင်တည်ဆောက်ပေးခဲ့တာ၊ အခုကျွန် တော်တို့ ပြောတာလည်း နိုင်ငံရဲ့ဂုဏ်သိက္ခာ နိုင်ငံသားတွေရဲ့ဂုဏ်သိက္ခာ ကမ္ဘာသမိုင်း မြန်မာ သမိုင်းမှာ ရွေးကောက်ပွဲ မရိုးမသားလုပ်တဲ့ကိစ္စကြီးဟာ သိသာပေါ်လွင်ပါလျက်နဲ့ ကျွန်တော်တို့ နိုင်ငံရေး ပါတီတွေက ဘာမှမပြောဘဲ ငြိမ်နေရမယ်ဆိုရင် သမိုင်းမှာ ကျွန်တော်တို့ပါ တရားခံဖြစ်မယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
 
မိမိတို့ ပြောဆိုနေခြင်းမှာလည်း တရားမျှတမှုမရှိခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း ဘက်လိုက်ဆောင်ရွက်ထား ခြင်းများကို မိမိတို့ ပါဝင်ခဲ့သည့် ရွေးကောက်ပွဲသမိုင်းတွင် အမည်းစက်ဖြစ်မည်စိုးသည့်အတွက် ပြည်သူလူထုကို မှန်မှန်ကန်ကန် အသိပေးရခြင်းမှာ မိမိတို့၏တာဝန်ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
 
#PeopleMedia

Share this post