• Follow Us on

Home သမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် ချောက်တွန်းနေ

သမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် ချောက်တွန်းနေ

Share this post

Open photo

နိုင်ငံတကာ၊ မတ် ၄

 

သူ့ကို (ရုရှားသမ္မတဗလာဒီမာပူတင်ကိုဆိုလိုပါတယ်။) လုပ်ကြံသတ်ဖြတ်ခြင်းမပြုသမျှကာလပတ်လုံး ရုရှား ပြည်သူတွေအနေနဲ့ သူတို့ ဘဝတစ်လျှောက်လုံး အထီးကျန်ဆန်တဲ့ အမှောင်ထဲမှာ နေထိုင်သွားရမှာဖြစ်တယ် လို့ ထိပ်တန်း ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်တစ်ဦးက ပြောကြားလိုက်ပါတယ်။

 

ရုရှားတပ်ဖွဲ့တွေဆီက အမြောက်တွေပစ်ခတ်မှုကြောင့် ဥရောပဒေသရဲ့ အကြီးမားဆုံးနျူကလီးယားစက်ရုံကြီး မီးလောင်နေတဲ့သတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာ အခုလို အထက်လွှတ်တော်အမတ် လန်းဆေးဂရေဟမ် ရဲ့ ပြောကြားချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

“ရုရှားမှာ ဘရုပ်တပ်စ်ရှိသလား။ ရုရှားတပ်မတော်မှာ ပိုပြီးအောင်မြင်ကျော်ကြားတဲ့ ဗိုလ်မှူးကြီးစတော့က်ဖန်း ဘာ့ဂျ် ရှိသလား။” လို့ ဂရေဟမ်က ကြာသာပတေးနေ့ညက တွစ်တာမှာရေးသားဖော်ပြခဲ့ပါတယ်။ “ခင်ဗျားတို့ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးကို အမှောင်ထဲမှာမနေချင်ဘူးဆိုရင် မျှော်လင့်ချက်မဲ့နေတဲ့ဆင်းရဲ တွင်းထဲကနေ၊ အမှောင်ထဲကနေ သီးခြားခွဲထွက်ပြီး အခြေအနေကို အခွင့်ကောင်းယူအသုံးချလိုက်စမ်းပါ။” လို့ ဂရေဟမ်က ပြောပါတယ်။

 

ဂရေဟမ်က သမ္မတပူတင်ရဲ့နာမည်ကို တိုက်ရိုက်နာမည်တပ်ပြောဆိုခြင်းမရှိပေမဲ့လည်း ရုရှားပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ပြောနေတယ်ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းမှန်း အားလုံးသိပြီးသားဖြစ်ပါတယ်။

 

မာဆက်ဂျန်နီးယပ်ဘရုစ်တပ်စ်ဆိုတာ ဂျူးလီးယက်ဆီဇာကို သစ္စာဖောက်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ရောမ ခေတ် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ဗိုလ်မှူးကြီးစတော့က်ဖန်းဘာ့ဂျ်ကတော့ နာဇီအာဏာရှင်အဒေါ့ဟစ်တလာ ကိုလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းရာမှာ မအောင်မြင်ခဲ့တဲ့ ဂျာမန်တပ်မတော်က ဗိုလ်မှှူးကြီးတစ်ဦးဖြစ်ပါတယ်။

 

ကြာသာပတေးညက Zaporozhskaya နျူကလီးယားစက်ရုံမှာရှိတဲ့ နျူကလီးယားဓာတ်ပေါင်းဖို ခြောက်ခုနားက အဆာက်အဦတစ်ခုမီးလောင်ကျွမ်းခဲ့ပြီး အဲဒီလို မီးလောင်ကျွမ်းတာဟာ ရုရှားတပ်ဖွဲ့တွေက အမြောက်တွေနဲ့ပစ် လို့ လောင်ကျွမ်းခဲ့တာလို့ ယူကရိန်းအာဏာပိုင်တွေကပြောပါတယ်။

 

ရုရှားတပ်ဖွဲ့ဝင်တွေက အဲဒီနျူကလီးယားစက်ရုံရှိရာ နယ်မြေကို ထိန်းချုပ်ထားပြီး လုပ်ငန်းတွေလည်း ပုံမှန်လည် ပတ်နေကြောင်း အင်္ဂါနေ့က နိုင်ငံတကာနျူကလီးယားအဖွဲ့တွေဆီကို ရုရှားအစိုးရက သတင်းပို့ထားပါတယ်။

 

နောက်ဆုံး စွပ်စွဲချက်နဲ့ပတ်သက်ပြီး ရုရှားဘက်က ဘာမှတုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။

 

Ref: US senator calls for assassination of Putin

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: US senator calls for assassination of Putin

 

#PeopleMedia


Share this post