• Follow Us on

Home သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများအား န.စ.ကဥက္ကဋ္ဌမှ နေ့ ဆွမ်းဆက်ကပ်လှူဒါန်း

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများအား န.စ.ကဥက္ကဋ္ဌမှ နေ့ ဆွမ်းဆက်ကပ်လှူဒါန်း

Share this post

နေပြည်တော်၊ မတ် ၁၅

 

၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများအား ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယမန်နေ့တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိ ဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့‌ကြောင်း သိရသည်။

 

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယက ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံ သနှင့် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ကော်ရော်အပူဇော်ခံတော်မူကြမည့် ဆရာတော်၊ သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြ‌‌ကြောင်း သိရသည်။

 

အခမ်းအနား မစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သာသနာ့မဟာ ဗိမာန်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်နှင့် သစ်သီး၊ ပန်းမန်၊ သောက်တော် ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူဇော်သည်။

 

ထို့နောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူ မြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြကြောင်း သိရသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဗန်းမော်ဆရာ တော်ကြီးထံသို့လည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က သန်လျင်မင်းကျောင်း ဆရာတော်ထံသို့လည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် အကြီး အကဲများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများထံသို့ လည်း ကောင်း လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းများကို ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………….

 


 


 

အခမျးအနားသို့ နိုငျငံတောျသံဃမဟာနာယကအဖှဲ့ဥက်ကဋ်ဌ၊ မန်တလေးမွို့ ဗနျးမောျကြောငျးတိုကျ ပဓာနနာယက ဆရာတောျ၊ အဘိဓဇမဟာရဋ်ဌဂုရု၊ အဘိဓဇအဂ်ဂမဟာ သဒ်ဓမ်မ ဇောတိက ဒေါကျတာဘဒ်ဒန်တ ကုမာရာဘိဝံသနှင့ျ နိုငျငံတောျသံဃမဟာနာယကအဖှဲ့ အကြိုးတောျဆောငျ၊ သနျလငြျမွို့ မငျးကြောငျးပထမပွနျ စာသငျတိုကျ ပဓာနနာယက ဆရာတောျ၊ အဂ်ဂမဟာပဏ်ဍိတ၊ အဂ်ဂမဟာသဒ်ဓမ်မ ဇောတိကဓဇ ဒေါကျတာဘဒ်ဒန်တစန်ဒိမာ ဘိဝံ သနှင့ျ ၂၀၂၂ ခုနှဈ၊ သာသနာတောျဆိုငျရာ ဘှဲ့တံဆိပျတောျ ဆကျကပျကောျရောျအပူဇောျခံတောျမူကွမည့ျ ဆရာတောျ၊ သံဃာတောျမြားကွှရောကျခြီးမွှင့ျတောျမူကွ‌‌ကွောငျး သိရသညျ။

 


 


 


 

#PeopleMedia


Share this post