• Follow Us on

Home သီရိလင်္ကာ ကာချုပ်ဟောင်း သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်း ရုံး

သီရိလင်္ကာ ကာချုပ်ဟောင်း သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်း ရုံး

Share this post

သီရိလင်္ကာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဂိုတာဘိုင်ယာရာဂျစ်ပက်စ ကာဟာ အောက်တိုဘာ ၉ ရက်နေ့မှာ သမ္မတရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ဖို့ ပုံမှန်မဲဆွယ်စည်းရုံးမှုကို ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲမှာ အနိုင်ရ ရင် အမျိုးသားလုံခြုံရေးကို အားကောင်းအောင်ဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ရာဂျစ်ပက်စကာဟာ ညီအကိုတော်စပ်သူ မဟင်ဒါရာဂျစ်ပက်စကာ အစိုး ရလက်ထက်မှာ တမီးလ်ကျားသူပုန်တွေကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ တဲ့အတွက် ထောက်ခံသူတွေရဲ့ အားပေးမှုကို ရရှိလျက်ရှိနေပါတယ်။

၎င်းနဲ့ညီအကိုတော်စပ်သူ မဟင်ဒါရာဂျစ်ပက်စကာဟာ ပြီးခဲ့တဲ့နှစ်မှာ ၀န်ကြီးချုပ်အဖြစ် အာဏာပြန်လည်ရရှိဖို့ ကြိုးစားခဲ့ပေမယ့် တရားရုံး တစ်ရုံးရဲ့ တားမြစ်ခြင်းခံခဲ့ရပါတယ်။ ရာဂျစ်ပက်စကာတို့ မိသားစုကို မထောက်ခံတဲ့သူတွေကတော့ ၄င်းတို့ရဲ့လက်ထက်မှာ သီရိလင်္ကာနိုင်ငံ ရဲ့ နိုင်ငံရေးယိမ်းယိုင်မှု၊ မဟင်ဒါ ရာဂျစ်ပက်စကာလက်ထက်မှာ တရုတ်နဲ့ အလွန်အမင်းနီးစပ်ခဲ့ပြီး ကြွေးနွံနစ်မှုတွေကို ဝေဖန်ကဲ့ရဲ့ လျက်ရှိနေပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဂိုတာဘိုင်ယာ ရာဂျစ်ပက်စကာ ကိုလည်း ပြည်တွင်းစစ်ပွဲကာလအတွင်း လူအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့စွပ်စွဲကြပါတယ်။ ဂိုတာကတော့ စွပ်စွဲချက်တွေကို ငြင်း ဆိုထားပါတယ်။

Ref; Bangkok Post


Share this post