• Follow Us on

Home သုံးခွမြို့၌ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် အုပ်ချုပ်ရေးမှူးသေဆုံးမှုဖြစ်စဉ်များကိုဆောင်ရွက်ခဲ့ကြောင်း Thongwa Youth Force (TYF) ကြေညာ

သုံးခွမြို့၌ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် အုပ်ချုပ်ရေးမှူးသေဆုံးမှုဖြစ်စဉ်များကိုဆောင်ရွက်ခဲ့ကြောင်း Thongwa Youth Force (TYF) ကြေညာ

Share this post

ရန်ကုန်၊ သြဂုတ် ၁၄ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် အသေးစားဗုံးဖောက်ခွဲမှုများနှင့် အုပ်ချုပ်ရေးမှူးများအား သုတ် သင်ရှင်းနိုင်ခဲ့ကြောင်း Thongwa Youth Force (TYF) ကြေညာလိုက်သည်။

 

သုံးခွမြို့နယ်တွင် အသေးစားဗုံးဖောက်ခွဲမှုများအပါအဝင် ၂၀၂၁ ခုနှစ် မေလ ၃၀ ရက်နေ့တွင် အမှတ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဖောက်ခွဲမှု၊ ဇူလိုင်လ ၄ ရက်နေ့တွင် မြို့နယ်လျှပ်စစ်ရုံးအနီးဖောက်ခွဲမှု၊ ဇူလိုင်လ ၉ ရက်နေ့တွင် ဘုရားကြီးကျေးရွာ စစ်ကောင်စီအုပ်ချုပ်ရေးမှူးအား သုတ်သင်ရှင်းလင်းမှု၊ သြဂုတ်လ ၈ ရက် နေ့တွင် မြို့နယ်စီးပွားရေးဘဏ်ရှေ့ဗုံးဖောက်ခွဲမှု၊ သြဂုတ်လ ၁၂ ရက်နေ့တွင် အမှတ် (၄) ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးဗုံးဖောက်ခွဲမှုဖြစ်စဉ်များအားလုံးကို သုံးခွမြို့နယ် Thongwa Youth Force (TYF)မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာထားသည်။

 

ထို့နောက် ဒလန်များ၊ လောက်ကောင်များ၊ စကစအပေါင်းအပါများအားလုံးသည် TYF ၏ သားကောင်များ ဖြစ်ပြီး၊ ငါတို့ မင်းတို့ဆီ လာခဲ့မယ်၊ အုပ်ကြီးများ၊ ဒလန်များ သတိထားနေကြဟု ရေးသားကြေညာခဲ့သည်။

 

လက်ရှိအချိန်၌ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးအချို့ လုပ်ကြံသတ်ဖြတ်ခြင်းခံထားရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။

 

#PeopleMedia #ခရမ်းမြို့ #သုံးခွမြို့ #PDF

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post