• Follow Us on

Home သူပုန္တိုက္ခိုက္ေရးသမားအမ်ိဳးသမီးတေယာက္အေလာင္းႏွင့္ ဓာတ္ပံုတြဲ႐ိုက္ခဲ့သည့္ဖိလစ္ပိုင္ၾကည္းတပ္ ေ၀ဖန္ခံေနရ

သူပုန္တိုက္ခိုက္ေရးသမားအမ်ိဳးသမီးတေယာက္အေလာင္းႏွင့္ ဓာတ္ပံုတြဲ႐ိုက္ခဲ့သည့္ဖိလစ္ပိုင္ၾကည္းတပ္ ေ၀ဖန္ခံေနရ

Share this post

မနီလာ၊ ဒီဇင္ဘာ ၅ (People Media)

လႊတ္ေတာ္အမတ္တေယာက္၏သမီးလည္းျဖစ္၊ ကြန္ျမဴနစ္ေတာ္လွန္ေရးတိုက္ခိုက္ေရးသမားလည္းျဖစ္သည့္ အမ်ိဳးသမီးတေယာက္၏အေလာင္းႏွင့္ ဓာတ္ပံု႐ိုက္ခဲ့ၿပီးေနာက္ ဖိလစ္ပိုင္ၾကည္းတပ္သည္ စစ္ရာဇ၀တ္မႈမ်ား က်ဴးလြန္ေနေၾကာင္းစြပ္စြဲေျပာဆိုမႈမ်ား႐ွိေနသည္။

အေလာင္းႏွင့္ဓာတ္ပံု႐ိုက္ျခင္းသည္ လူတဦးတေယာက္ခ်င္းစီ၏ဂုဏ္သိကၡာကိုထိပါးျခင္းျဖစ္ၿပီး စစ္ဥပေဒမ်ား အရလည္း တားျမစ္ထားေၾကာင္း လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႔က ၾကာသပေတးေန႔ထုတ္ျပန္ခ်က္တြင္ ေျပာသည္။

ဂ်က္ဗီလင္း ကမ္ပို႔စ္ ကူလာမတ္ သည္ ႏိုင္ငံေတာင္ပိုင္းမင္ဒါနာအိုကၽြန္းေပၚ႐ွိ႐ြာတ႐ြာတြင္ တိုက္ပြဲျဖစ္ပြား ၿပီးေနာက္ ေသဆံုးခဲ့သည္ဟု ဖိလစ္ပိုင္ၾကည္းတပ္ကေျပာသည္။

ကူလာမတ္မိသားစုသည္ မင္ဒါနာအိုတြင္ ေျမယာပိုင္ဆိုင္ခြင့္ရေရးရင္ဆိုင္တိုက္ခိုက္ေနသည့္ မာႏိုဘိုတိုင္းရင္း သားလူနည္းစုအုပ္စုတြင္ပါ၀င္သည္။

ေအာက္လႊတ္ေတာ္အမတ္ ယူဖီမီယာ ကူလာမတ္၏သမီးျဖစ္သူ အသက္ ၂၂ ႏွစ္အ႐ြယ္ ဂ်က္ဗီလင္းသည္ ဖိလစ္ပိုင္သမၼတ ႐ိုဒရီဂို ဒူတာေတးအစိုးရႏွင့္ေဆြးေႏြးပြဲမ်ားပ်က္ၿပီးေနာက္ အၾကမ္းဖက္အုပ္စုအျဖစ္ သတ္မွတ္ခံထားရသည့္ ဖိလစ္ပိုင္ကြန္ျမဴနစ္ပါတီ၏လက္နက္ကိုင္တပ္ဖြဲ႔ ျပည္သူ႔တပ္မေတာ္သစ္(NPA) ၏ တိုက္ခိုက္ေရးသမားျဖစ္ေၾကာင္း ဖိလစ္ပိုင္ၾကည္းတပ္က ေဖာ္ထုတ္သည္။

မိခင္ျဖစ္သူ ယူဖီမီယာကလည္း ဖိလစ္ပိုင္စစ္တပ္ကို ႐ွဳတ္ခ်ထားသည္။

အစိုးရပိုင္ ဖိလစ္ပိုင္သတင္းေအဂ်င္စီက တိုက္ပြဲအၿပီး အထူးတပ္ဖြဲ႔၀င္စစ္သားမ်ားႏွင့္ ဂ်က္ဗီလင္းအေလာင္း တြဲ႐ိုက္ထားသည့္ဓာတ္ပံုကိုေဖာ္ျပခဲ့ၿပီးေနာက္ ဖိလစ္ပိုင္ႏိုင္ငံသားမ်ားေဒါသထြက္ခဲ့သည္။

ေနာက္ပိုင္းတြင္ ထိုဓာတ္ပံုကိုဖ်က္ခဲ့ေသာ္လည္း မီဒီယာမ်ားက ထိုပံုကိုကူးယူထားၿပီး စခရင္ေ႐ွာ့မ်ားလည္း ျပန္လည္ေဖာ္ျပခဲ့သည္။

တပ္သားမ်ား၏လုပ္ရပ္မွားယြင္းေၾကာင္း ဖိလစ္ပိုင္ကာကြယ္ေရး၀န္ႀကီးဌာနအတြင္း၀န္ ဒယ္ဖင္း လိုရန္ဇာနာက ဗုဒၶဟူးေန႔တြင္ေျပာသည္။

Ref: Philippine army under fire over alleged war crime after killing

#PeopleMedia

(unicode)
သူပုန်တိုက်ခိုက်ရေးသမားအမျိုးသမီးတယောက်အလောင်းနှင့် ဓာတ်ပုံတွဲရိုက်ခဲ့သည့်ဖိလစ်ပိုင်ကြည်းတပ် ဝေဖန်ခံနေရ
……………………………………………………..

မနီလာ၊ ဒီဇင်ဘာ ၅ (People Media)

လွှတ်တော်အမတ်တယောက်၏သမီးလည်းဖြစ်၊ ကွန်မြူနစ်တော်လှန်ရေးတိုက်ခိုက်ရေးသမားလည်းဖြစ်သည့် အမျိုးသမီးတယောက်၏အလောင်းနှင့် ဓာတ်ပုံရိုက်ခဲ့ပြီးနောက် ဖိလစ်ပိုင်ကြည်းတပ်သည် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်းစွပ်စွဲပြောဆိုမှုများရှိနေသည်။

အလောင်းနှင့်ဓာတ်ပုံရိုက်ခြင်းသည် လူတဦးတယောက်ချင်းစီ၏ဂုဏ်သိက္ခာကိုထိပါးခြင်းဖြစ်ပြီး စစ်ဥပဒေများ အရလည်း တားမြစ်ထားကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ကြာသပတေးနေ့ထုတ်ပြန်ချက်တွင် ပြောသည်။

ဂျက်ဗီလင်း ကမ်ပို့စ် ကူလာမတ် သည် နိုင်ငံတောင်ပိုင်းမင်ဒါနာအိုကျွန်းပေါ်ရှိရွာတရွာတွင် တိုက်ပွဲဖြစ်ပွား ပြီးနောက် သေဆုံးခဲ့သည်ဟု ဖိလစ်ပိုင်ကြည်းတပ်ကပြောသည်။

ကူလာမတ်မိသားစုသည် မင်ဒါနာအိုတွင် မြေယာပိုင်ဆိုင်ခွင့်ရရေးရင်ဆိုင်တိုက်ခိုက်နေသည့် မာနိုဘိုတိုင်းရင်း သားလူနည်းစုအုပ်စုတွင်ပါဝင်သည်။

အောက်လွှတ်တော်အမတ် ယူဖီမီယာ ကူလာမတ်၏သမီးဖြစ်သူ အသက် ၂၂ နှစ်အရွယ် ဂျက်ဗီလင်းသည် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးအစိုးရနှင့်ဆွေးနွေးပွဲများပျက်ပြီးနောက် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ခံထားရသည့် ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ၏လက်နက်ကိုင်တပ်ဖွဲ့ ပြည်သူ့တပ်မတော်သစ်(NPA) ၏ တိုက်ခိုက်ရေးသမားဖြစ်ကြောင်း ဖိလစ်ပိုင်ကြည်းတပ်က ဖော်ထုတ်သည်။

မိခင်ဖြစ်သူ ယူဖီမီယာကလည်း ဖိလစ်ပိုင်စစ်တပ်ကို ရှုတ်ချထားသည်။

အစိုးရပိုင် ဖိလစ်ပိုင်သတင်းအေဂျင်စီက တိုက်ပွဲအပြီး အထူးတပ်ဖွဲ့ဝင်စစ်သားများနှင့် ဂျက်ဗီလင်းအလောင်း တွဲရိုက်ထားသည့်ဓာတ်ပုံကိုဖော်ပြခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံသားများဒေါသထွက်ခဲ့သည်။

နောက်ပိုင်းတွင် ထိုဓာတ်ပုံကိုဖျက်ခဲ့သော်လည်း မီဒီယာများက ထိုပုံကိုကူးယူထားပြီး စခရင်ရှော့များလည်း ပြန်လည်ဖော်ပြခဲ့သည်။

တပ်သားများ၏လုပ်ရပ်မှားယွင်းကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဒယ်ဖင်း လိုရန်ဇာနာက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

Ref: Philippine army under fire over alleged war crime after killing

#PeopleMedia


Share this post