• Follow Us on

Home သံဃာေတာ္မ်ားကို Facebook ေပၚတြင္ ေဝဖန္သူကို ပုဒ္မ ၂၉၅-က ျဖင့္ တရား႐ုံးဦးတိုက္ေလွ်ာက္မည္

သံဃာေတာ္မ်ားကို Facebook ေပၚတြင္ ေဝဖန္သူကို ပုဒ္မ ၂၉၅-က ျဖင့္ တရား႐ုံးဦးတိုက္ေလွ်ာက္မည္

Share this post

ရန္ကုန္၊ ေမ ၁၉

 

သံဃာေတာ္မ်ားကို လူမႈကြန္ယက္ေပၚ၌ ေဝဖန္ခဲ့သူကို ပုဒ္မ ၂၉၅-က ျဖင့္ ယ‌ေန႔ တရား႐ုံးဦးတိုက္ေလွ်ာက္ ရန္ျပင္ဆင္ေနေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

 

သံဃာေတာ္မ်ားကို လူမႈကြန္ယက္ေပၚ၌ ေဝဖန္ဆဲဆိုခဲ့သူ Kyaw Win Thant အေကာင့္ပိုင္ရွင္အား ဘာသာ ေရးစိတ္ကို နာက်ည္းေစရန္ တမင္မသမာေသာအႀကံျဖင့္ျပဳျခင္း၊ ရာဇသတ္ႀကီးပုဒ္မ ၂၉၅-က ျဖင့္ မိတၳီလာ တရား႐ုံးသို႔ ဦးတိုက္ေလ်ာက္ထားမည္ျဖစ္ေၾကာင္း မိတၳီလာၿမိဳ႕ေန ကိုလတ္ကေျပာသည္။

 

“ခ႐ိုင္သာသနာေရးကေန မိတၳီလာတရား႐ုံးကို ဦးတိုက္ေလ်ာက္ဖို႔ ျပင္ဆင္ေနတယ္ဗ်၊ သက္ေသေလးေယာက္ ထည့္ထားတယ္လို႔သိရတယ္” ဟု ၎ကေျပာသည္။

 

သံဃာေတာ္မ်ားကို လူမႈကြန္ယက္၌ ေဝဖန္ဆဲဆိုခဲ့သူ Kyaw Win Thant အမည္အေကာင့္ပိုင္ရွင္မွာ အသက္ ၃၁ ႏွစ္အရြယ္ဆရာဝန္တစ္ဦးျဖစ္ၿပီး ဗုဒၶဘာသာဝင္တစ္ဦးျဖစ္ေၾကာင္း ကနဦးသိရသည္။

 

Kyaw Win Thant အေကာင့္ပိုင္ရွင္သည္ ၎၏ Facebook စာမ်က္ႏွာမွ မိတၳီလာၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ သံဃာ ေတာ္မ်ားအား ျပန္လည္ေတာင္းပန္စာေရးသားခဲ့ၿပီး ယေန႔၊ နံနက္ မိတၳီလာၿမိဳ႕၊ ေအာင္ေဇယ်ာရပ္ကြက္၊ ကိုး နဝင္းေက်ာင္းတိုက္၌ ေတာင္းပန္ပြဲျပဳလုပ္ရန္ေရာက္ရွိလာစဥ္ ေက်ာင္းတိုက္ဝန္းက်င္တြင္ လူရွစ္ရာခန္႔လူစုလူ ေဝးျဖစ္ပြားခဲ့ေၾကာင္း ကိုလတ္က ဆက္ေျပာသည္။

 

Kyaw Win Thant အေကာင့္ပိုင္ရွင္သည္ အေျခခံဒသမတန္းသင္႐ိုးၫႊန္းတန္းေက်ာင္းစာအုပ္၌ မ်ိဳးဆက္ပြား သင္ခန္းစာထည့္သြင္းမည့္ကိစၥရပ္ႏွင့္ပတ္သတ္ၿပီး ေဝဖန္ေရးသားရာမွ ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီးအပါအဝင္ သံဃာ့အဖြဲ႕အစည္းတရပ္လုံးထိခိုက္ေစသည့္ညစ္ညမ္းေသာအသုံးအႏႈန္းမ်ားျဖင့္ ေရးသားခဲ့ ျခင္းျဖစ္ ေၾကာင္း ၎၏ facebook စာမ်က္ႏွာမွတ္တမ္းမ်ားမွသိရသည္။

 

လက္ရွိတြင္ ၎အား မိတၳီလာခ႐ိုင္ရဲတပ္ဖြဲ႕မွဴးဒုတိယရဲမွဴးႀကီး ဦးသန္းေဌးဦးႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ ဖမ္းဆီး ထိန္းသိမ္းထားၿပီး ပုဒ္မ ၂၉၅-က ျဖင့္ တရားစြဲဆိုပါက အာမခံမရဘဲ ေထာင္ဒဏ္ႏွစ္ႏွစ္အထိျဖစ္ေစ၊၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ က်ခံရႏိုင္ေၾကာင္းသိရသည္။

 

Photo – Credit

 

ေသြးသစ္(ရန္ကုန္)

 

#PeopleMedia

 

(Unicode)

သံဃာတော်များကို Facebook ပေါ်တွင် ဝေဖန်သူကို ပုဒ်မ ၂၉၅-က ဖြင့် တရားရုံးဦးတိုက်လျှောက်မည်
…………………………………………………………………………………………..

ရန်ကုန်၊ မေ ၁၉

သံဃာတော်များကို လူမှုကွန်ယက်ပေါ်၌ ဝေဖန်ခဲ့သူကို ပုဒ်မ ၂၉၅-က ဖြင့် ယ‌နေ့ တရားရုံးဦးတိုက်လျှောက် ရန်ပြင်ဆင်နေကြောင်း ဒေသခံများထံမှသိရသည်။

သံဃာတော်များကို လူမှုကွန်ယက်ပေါ်၌ ဝေဖန်ဆဲဆိုခဲ့သူ Kyaw Win Thant အကောင့်ပိုင်ရှင်အား ဘာသာ ရေးစိတ်ကို နာကျည်းစေရန် တမင်မသမာသောအကြံဖြင့်ပြုခြင်း၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် မိတ္ထီလာ တရားရုံးသို့ ဦးတိုက်လျောက်ထားမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နေ ကိုလတ်ကပြောသည်။

“ခရိုင်သာသနာရေးကနေ မိတ္ထီလာတရားရုံးကို ဦးတိုက်လျောက်ဖို့ ပြင်ဆင်နေတယ်ဗျ၊ သက်သေလေးယောက် ထည့်ထားတယ်လို့သိရတယ်” ဟု ၎င်းကပြောသည်။

သံဃာတော်များကို လူမှုကွန်ယက်၌ ဝေဖန်ဆဲဆိုခဲ့သူ Kyaw Win Thant အမည်အကောင့်ပိုင်ရှင်မှာ အသက် ၃၁ နှစ်အရွယ်ဆရာဝန်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကြောင်း ကနဦးသိရသည်။

Kyaw Win Thant အကောင့်ပိုင်ရှင်သည် ၎င်း၏ Facebook စာမျက်နှာမှ မိတ္ထီလာမြို့မိမြို့ဖများနှင့် သံဃာ တော်များအား ပြန်လည်တောင်းပန်စာရေးသားခဲ့ပြီး ယနေ့၊ နံနက် မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်၊ ကိုး နဝင်းကျောင်းတိုက်၌ တောင်းပန်ပွဲပြုလုပ်ရန်ရောက်ရှိလာစဉ် ကျောင်းတိုက်ဝန်းကျင်တွင် လူရှစ်ရာခန့်လူစုလူ ဝေးဖြစ်ပွားခဲ့ကြောင်း ကိုလတ်က ဆက်ပြောသည်။

Kyaw Win Thant အကောင့်ပိုင်ရှင်သည် အခြေခံဒသမတန်းသင်ရိုးညွှန်းတန်းကျောင်းစာအုပ်၌ မျိုးဆက်ပွား သင်ခန်းစာထည့်သွင်းမည့်ကိစ္စရပ်နှင့်ပတ်သတ်ပြီး ဝေဖန်ရေးသားရာမှ ပါချုပ်ဆရာတော်ဘုရားကြီးအပါအဝင် သံဃာ့အဖွဲ့အစည်းတရပ်လုံးထိခိုက်စေသည့်ညစ်ညမ်းသောအသုံးအနှုန်းများဖြင့် ရေးသားခဲ့ ခြင်းဖြစ် ကြောင်း ၎င်း၏ facebook စာမျက်နှာမှတ်တမ်းများမှသိရသည်။

လက်ရှိတွင် ၎င်းအား မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး ဦးသန်းဌေးဦးနှင့် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီး ထိန်းသိမ်းထားပြီး ပုဒ်မ ၂၉၅-က ဖြင့် တရားစွဲဆိုပါက အာမခံမရဘဲ ထောင်ဒဏ်နှစ်နှစ်အထိဖြစ်စေ၊၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ကြောင်းသိရသည်။

Photo – Credit

သွေးသစ်(ရန်ကုန်)

#PeopleMedia


Share this post