• Follow Us on

Home ဟင်းသီးဟင်းရွက်ဆီအသုံးပြုတဲ့ စစ်ရဟတ်ယာဉ်တစ်စင်းကို ပြင်သစ်က စမ်းသပ်မောင်းနှင်

ဟင်းသီးဟင်းရွက်ဆီအသုံးပြုတဲ့ စစ်ရဟတ်ယာဉ်တစ်စင်းကို ပြင်သစ်က စမ်းသပ်မောင်းနှင်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၆

 

ပြင်သစ်လက်နက်တပ်ဆင်ရေးညွှန်ကြားရေးမှူးချုပ်ရုံး DGA က ကာဗွန်ဒိုင်အောက်ဆိုက် ၇၅ ရာခိုင်နှုန်း လျှော့ချပေးထားပြီး ဟင်းရွက်ဆီ ၈၅ ရာခိုင်နှုန်းကိုလောင်စာဆီအဖြစ်အသုံးပြုထားတဲ့ စစ်ရဟတ်ယာဉ် တစ်စင်းကို စမ်းသပ် မောင်းနှင်ခဲ့ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

အခုလို သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့လေယာဉ်ဆီကို စစ်ရဟတ်ယာဉ်အင်ဂျင်နှစ်လုံးအနက် တစ် လုံးထဲမှာထည့်သွင်းသုံးစွဲပြီး စမ်းသပ်ပျံသန်းတာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။

 

အဲဒီလို သဘာဝဟင်းရွက်ဆီ ထည့်သွင်းသုံးစွဲဖို့အတွက် ရဟတ်ယာဉ်အင်ဂျင်ကို ဘာမှပြုပြင်ပြောင်းလဲမှု လုပ်စရာမလိုဘူးလို့ဆိုပါတယ်။

 

ဒီဟင်းရွက်ဆီကို လေယာဉ်ဆီအဖြစ်သုံးစွဲလို့ရအောင် ပြင်သစ်နိုင်ငံက TotalEnergies ကုမ္ပဏီက ပုံစံတူ ဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီလေယာဉ်ဆီထဲဟာ ဟိုက်ဒရိုကာဗွန်အခြေခံလေယာဉ်ဆီတွေနဲ့ နှိုင်းယှဉ်ရင် ကာဗွန်ဒိုင်အောက်ဆိုက် ၇၅ ရာခိုင်နှုန်းလျှော့ချထားတဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုက် လေးပုံတစ်ပုံပဲပါရှိပါတယ်။

 

သဘာဝပတ်ဝန်းကျင်မထိခိုက်စေတဲ့လောင်စာဆီနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂက သတ်မှတ်ထားတဲ့စံနှုန်း တွေထဲကတစ်ခုကတော့ အဲဒီလောင်စာဆီဟာ ဟိုက်ဒရိုကာဗွန်အခြေခံလောင်စာဆီတွေထက် ကာဗွန် ထုတ်လွှတ်မှုနှုန်း ၆၅ ရာခိုင်နှုန်းလျော့ကျရမှာဖြစ်ပါတယ်။

 

ပြင်သစ် စစ်လက်နက်ပစ္စည်းထုတ်လုပ်မှု စမ်းသပ်စစ်ဆေးရေးအဖွဲ့ (Defence Innovation Agency-backed test) က ဆီစားနှုန်း၊ အင်ဂျင်ပါဝါ အစရှိတဲ့ လောင်စာဆီ သွင်ပြင်လက္ခဏာတွေနဲ့ လောင်စာဆီ လည်ပတ်မှု၊ စွမ်းဆာင်ရည်နဲ့ အပူချိန်မြင့်တက်မှု စတဲ့ အင်ဂျင်စွမ်းဆောင် ရည်နောက်ဆက်တွဲအကျိုး ဆက်တွေကို ဆန်းစစ်လေ့လာခဲ့ပါတယ်။

 

ရဟတ်ယာဉ်နဲ့ အင်ဂျင်ခံနိုင်ရည်ရှိမှုနဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်စေတဲ့လောင်စာဆီအချိုးကို ထပ်မံတိုး မြှင့် သုံးစွဲနိုင်ရေး ဇီဝအခြေခံလောင်စာဆီထုတ်လုပ်မှုတို့ကို စစ်ဆေးဖို့အတွက် အနာဂတ်စမ်းသပ်မှုတွေ ထဲမှ ခရီးရှည်စမ်းသပ်ပျံသန်းဖို့လည်းပါဝင်ကြောင်း ပြင်သစ်လက်နက်တပ်ဆင်ရေးညွှန်ကြားရေးမှူးချုပ်ရုံး DGA က ပြောပါတယ်။

 

Ref: France Flight Tests Used Vegetable Oil-Fueled Military Helicopter

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 


 


 


 


 

Ref: France Flight Tests Used Vegetable Oil-Fueled Military Helicopter

 

#PeopleMedia


Share this post