• Follow Us on

Home ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရဟုဆိုကာ လိမ်လည်၍ သင်တန်းကျောင်းဖွင့်ခဲ့သူကို AA မှ ဖမ်းဆီးစစ် ဆေးနေ

ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရဟုဆိုကာ လိမ်လည်၍ သင်တန်းကျောင်းဖွင့်ခဲ့သူကို AA မှ ဖမ်းဆီးစစ် ဆေးနေ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆ (People Media)

 

ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရဟုဆိုကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ သင်တန်းကျောင်းဖွင့်ထားသည့် ကိုစည်သူအောင်ကို ရက္ခိုင့်လက်နက်ကိုင်အဖွဲ့ AA က ဖမ်းဆီးစစ်ဆေးတယ်လို့  AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။

 

“Dr အတုကိစ္စနဲ့ ပတ်သက်သူကို ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ခေါ်ယူထိန်းသိမ်းပြီး စစ်ဆေးလျက်ရှိတယ်” လို့ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ရေးသားထားပါတယ်။

 

Vertex International Myanmar နဲ့ Rakhine Education Development Program တည်ထောင်သူ ကို စည်သူအောင်မှာ ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိထားတယ်ဆိုတာ လိမ်လည်ထားတာ ဖြစ်တယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံနှံလာပြီးနောက် AA မှ ခေါ်ယူစစ်ဆေးနေခဲ့တာဖြစ်ပါတယ်။

 

အထက်ပါ သင်တန်းကျောင်းတည်ထောင်သူမှာ ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိထားတယ်ဟု ပြောဆို ထားတဲ့အတွက် ရခိုင်လူငယ်များကြားမှာ ရေပန်းစားခဲ့တဲ့ သင်တန်းကျောင်းတစ်ခုလည်းဖြစ်တယ်လို့ ဒေသခံ တွေက ပြောဆိုကြပါတယ်။

 

အဆိုပါ သင်တန်းကျောင်းမှာ ဒီပလိုမာတန်းခွဲတစ်ခုကို ငွေကျပ်သိန်းနဲ့ချီ ပေးဆောင်ရတယ်လို့ သိရပါတယ်။

 

#PeopleMedia #AA #စစ်တွေမြို့ #ညိုထွန်းအောင်

 

(unicode)


………………………………………………………………………….

 


 


 


 


 


 


 



Share this post